Tuesday, June 4, 2013

စစ်တွေဒုက္ခသည်စခန်းများမှ ဒုက္ခသည်အချို့ နေရာပြောင်းရန် ငြင်းဆန်

Photo: စစ်တွေဒုက္ခသည်စခန်းများမှ ဒုက္ခသည်အချို့ နေရာပြောင်းရန် ငြင်းဆန်
Tuesday, June 4, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများရှိ အခြားမြို့နယ် များမှ ပြောင်းရွှေ့ခိုလှုံနေသည့် ဒုက္ခသည်များ နေရာပြောင်းရန် ငြင်းဆန် မှုများ ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

စစ်တွေမြို့ ဘင်္ဂါလီ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေ သည့် ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်တို့မှ ဒုက္ခသည်များ သည် နေရာပြောင်းရန် ငြင်းဆိုနေကြပြီး ယင်းဒုက္ခသည်များ အတွက် ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်တို့တွင် ဆောက်လုပ်ထားသည့် နေအိမ်များကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိုးမကျမီ ဒုက္ခသည်များ အမိုးအကာအောက် ရောက်ရေး အတွက် ပြည်ထောင်စုအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်နေ သည့် နေအိမ်များမှာ ဇွန်လလယ်တွင် ပြီးစီးမည်ဖြစ်ပြီး ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဆောက်လုပ်နေသည့် နေအိမ်များမှာ ဇွန်လ အကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ဒုက္ခသည်များကို ဇွန်လကုန်တွင် အမိုးအကာအောက် ရောက်အောင် ပို့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီး ဦးလှဟန်က ပြောကြားသည်။

ဒုက္ခသည်များအတွက် ဆောက်လုပ်ထားသည့် နေအိမ်များသည် စစ်တွေမြို့နှင့်အလှမ်းဝေးသဖြင့် ဒုက္ခသည်အများစု နေရာ မပြောင်းရွှေ့လို ကြကြောင်း သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးမောင်မောင်က ဆိုသည်။

“လုံးဝ နေစရာမရှိတဲ့သူတွေလောက်ပဲ နေရာ ပြောင်းတာရှိတယ်။အများစုက မပြောင်းလိုကြဘူး” ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

ဒုက္ခသည်များ ပြောင်းရွှေ့မည့် နေရာတွင် ယာယီဈေးများပါ ပါရှိမည် ဖြစ်ပြီး လူစည်ကားလာမည့် နေရာ ဖြစ်၍ ဒုက္ခသည်များအတွက် အဆင်ပြေနိုင်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးလှဟန်က ပြောကြား သည်။

အလျား ၄၅ပေ၊ အနံ ၃၀ပေ၊ အမြင့် ၉ပေရှိကာ မိသားစု ရှစ်စု နေထိုင်နိုင် သည့် အိမ်ရှည် (Long House) များကို စစ်တွေမြို့တွင် ဘင်္ဂါလီ ဒုက္ခသည် များအတွက် ၁၃၀၀ လုံးကျော် ဆောက်လုပ်နေပြီး ရခိုင် ဒုက္ခသည်များ အတွက် ၆၆၉ လုံးကို ဆောက်လုပ်ပြီးဖြစ်ကြောင်း၊ မြေပုံနှင့် ပေါက်တော မြို့နယ်တို့ တွင် ၅၆၀လုံးနှင့် အခြားမြို့နယ် ခြောက်ခုတွင် ၃၆၂ လုံးကို ဆောက်လုပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ွှThe Voice Weekly
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများရှိ အခြားမြို့နယ် များမှ ပြောင်းရွှေ့ခိုလှုံနေသည့် ဒုက္ခသည်များနေရာပြောင်းရန် ငြင်းဆန်မှုများရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

စစ်တွေမြို့ ဘင်္ဂါလီ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေ သည့် ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်တို့မှ ဒုက္ခသည်များသည် နေရာပြောင်းရန်ငြင်းဆိုနေကြပြီး ယင်းဒုက္ခသည်များ အတွက် ကျောက်ဖြူနှင့် ပေါက်တော မြို့နယ်တို့တွင် ဆောက် လုပ်ထားသည့် နေအိမ်များ ကို ပို့ဆောင်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိုးမကျမီ ဒုက္ခသည်များ အမိုးအကာအောက် ရောက်ရေး အတွက် ပြည်ထောင်စုအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်နေ သည့် နေအိမ်များမှာ ဇွန်လလယ်တွင် ပြီးစီးမည်ဖြစ်ပြီး ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဆောက်လုပ်နေသည့် နေအိမ်များမှာ ဇွန်လ အကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း၊ ဒုက္ခသည် များကို ဇွန်လကုန်တွင် အမိုးအကာအောက် ရောက်အောင် ပို့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီး ဦးလှဟန်က ပြောကြားသည်။

ဒုက္ခသည်များအတွက် ဆောက်လုပ်ထားသည့် နေအိမ်များသည် စစ်တွေမြို့နှင့်အလှမ်းဝေးသဖြင့် ဒုက္ခသည်အများစု နေရာ မပြောင်းရွှေ့လို ကြကြောင်း သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးမောင်မောင်က ဆိုသည်။

“လုံးဝ နေစရာမရှိတဲ့သူတွေလောက်ပဲ နေရာ ပြောင်းတာရှိတယ်။အများစုက မပြောင်းလိုကြဘူး” ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

ဒုက္ခသည်များ ပြောင်းရွှေ့မည့် နေရာတွင် ယာယီဈေးများပါ ပါရှိမည် ဖြစ်ပြီး လူစည်ကားလာမည့် နေ ရာ ဖြစ်၍ ဒုက္ခသည်များအတွက် အဆင်ပြေနိုင်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးလှဟန်က ပြောကြား သည်။

အလျား ၄၅ပေ၊ အနံ ၃၀ပေ၊ အမြင့် ၉ပေရှိကာ မိသားစု ရှစ်စု နေထိုင်နိုင် သည့် အိမ်ရှည် (Long House) များကို စစ်တွေမြို့တွင် ဘင်္ဂါလီ ဒုက္ခသည် များအတွက် ၁၃၀၀ လုံးကျော် ဆောက်လုပ်နေပြီး ရခိုင် ဒုက္ခသည်များ အတွက် ၆၆၉ လုံးကို ဆောက်လုပ်ပြီးဖြစ်ကြောင်း၊ မြေပုံနှင့် ပေါက်တော မြို့နယ်တို့ တွင် ၅၆၀လုံးနှင့် အခြားမြို့နယ် ခြောက်ခုတွင် ၃၆၂ လုံးကို ဆောက်လုပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment