Tuesday, June 4, 2013

ခွင့်ပြုချက်မရဘဲ ပြုလုပ်သည့် ဆွေးနွေးပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားစွဲ

Photo: ခွင့်ပြုချက်မရဘဲ ပြုလုပ်သည့် ဆွေးနွေးပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားစွဲ
Tuesday, June 04, 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သင်တောကျေးရွာနေသူ ဦးဘိုလေးအား နေအိမ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲပြုလုပ်သဖြင့် ရပ်ကွက်(သို့) ကျေးရွာဥပဒေပုဒ်မ (၂၆)အရ အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း မောင်မှ ယမန်နေ့က တရားဆွဲဆို လိုက်ကြောင်း သိရသည်။

“မြို့နယ်ကဆွဲခိုင်းလို့ ဆွဲတာ။ ကျွန်တော်က ဘယ်ဆွဲချင်ပါ့မလဲ။ ကျွန်တော်တို့ကတော့ ရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူးဥပဒေမှာပါတဲ့အတိုင်း တာဝန်အရ ဆောင်ရွက်ရတာပါ”ဟု ဦးဇော်ထွန်းမောင်က ပြောကြားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေအပိုဒ်(၂၁)အရ အခမ်းအနား၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများအား သက်ဆိုင်ရာ တာဝန် ရှိသူများထံ ခွင့်ပြုချက်တောင်းခံ၍ စည်းမျည်းစည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ရကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“အစစအရာရာ ရွာမိရွာဖတွေနဲ့ တိုင်ပင်ပြီး လုပ်တယ်။ ဧည့်စာရင်းလည်း တိုင်ထားတယ်။ မေလ၂၀ရက်နေ့ အစည်းအဝေးလုပ်နေတုန်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အဖွဲ့က ၀င်ဖမ်းတယ်။ ကြက်ဝိုင်း၊ ဖဲဝိုင်း ဖမ်းသလို အရပ်ဝတ်တွေနဲ့ ၀င်လာတယ်။ အဲနေ့တုန်းကတော့ ဖမ်းမသွားဘဲ ဒီနေ့မှ တရားထဆွဲတာပါ။”ဟု တရားဆွဲဆိုခံရသူ ဦးဘိုလေးက ပြောကြားသည်။

ပြီးခဲ့သည့် မေလ၁၉ရက် နှင့်၂၀ရက်နေ့တို့တွင်သဲကုန်းမြို့နယ်ရှိ ကျေးရွာလေးခုမှ ခလရ(၈၀)နှင့် လယ်ယာလက်ကား သမ၀ါယမအသင်း အမှတ်(၃)လီမိတက်တို့မှ သိမ်းဆည်း လယ်ယာမြေ တစ်ထောင်ကျော်ပြန်လည်ရရှိရေးအတွက် ရန်ကုန်မှ လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်နော်အုန်းလှအဖွဲ့နှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ခေတ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သင်တောကျေးရွာနေသူ ဦးဘိုလေးအား နေအိမ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲပြုလုပ်သဖြင့် ရပ်ကွက်(သို့) ကျေးရွာဥပဒေပုဒ်မ (၂၆)အရ အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း မောင်မှ ယမန်နေ့က တရားဆွဲဆို လိုက်ကြောင်း သိရသည်။ “မြို့နယ်ကဆွဲခိုင်းလို့ ဆွဲတာ။ ကျွန်တော်က ဘယ်ဆွဲချင်ပါ့မလဲ။ ကျွန်တော်တို့ကတော့ ရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူးဥပဒေမှာပါတဲ့အတိုင်း တာဝန်အရ ဆောင်ရွက်ရတာပါ”ဟု ဦးဇော်ထွန်းမောင်က ပြောကြား သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေအပိုဒ်(၂၁)အရ အခမ်းအနား၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများအား သက်ဆိုင်ရာ တာဝန် ရှိသူများထံ ခွင့်ပြုချက်တောင်းခံ၍ စည်းမျည်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက် ရကြောင်း ၎င်း ကဆက်လက် ရှင်းပြသည်။

“အစစအရာရာ ရွာမိရွာဖတွေနဲ့ တိုင်ပင်ပြီး လုပ်တယ်။ ဧည့်စာရင်းလည်း တိုင်ထားတယ်။ မေလ၂၀ရက်နေ့ အစည်းအဝေးလုပ်နေတုန်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အဖွဲ့က ၀င်ဖမ်းတယ်။ ကြက်ဝိုင်း၊ ဖဲဝိုင်း ဖမ်းသလို အရပ်ဝတ်တွေနဲ့ ၀င်လာတယ်။ အဲနေ့တုန်းကတော့ ဖမ်းမသွားဘဲ ဒီနေ့မှ တရားထဆွဲတာပါ။”ဟု တရားဆွဲဆိုခံရသူ ဦးဘိုလေးက ပြောကြားသည်။

ပြီးခဲ့သည့် မေလ၁၉ရက် နှင့် ၂၀ရက်နေ့တို့တွင်သဲကုန်းမြို့နယ်ရှိ ကျေးရွာလေးခုမှ ခလရ(၈၀)နှင့် လယ်ယာလက်ကား သမ၀ါယမအသင်း အမှတ်(၃)လီမိတက်တို့မှ သိမ်းဆည်း လယ်ယာမြေ တစ်ထောင်ကျော်ပြန်လည်ရရှိရေးအတွက် ရန်ကုန်မှ လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်နော်အုန်းလှ အဖွဲ့နှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment