Sunday, June 16, 2013

ဇွန် ၂၇ ရက်ကို ဂီတနေ့အဖြစ် သတ်မှတ်သွားမည်

ဂီတနှင့် ပတ်သက်၍ ဂီတ အစည်း အရုံးမှ တာဝန်ရှိသူများ အစည်းအဝေး ပြုလုပ်ပြီး ဇွန် ၂၇ ရက်ကို ဂီတနေ့
အဖြစ် တရားဝင် သတ်မှတ်နိုင်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း  မြန်မာနိုင်ငံ ဂီတ အစည်း အရုံး(ဗဟို)မှ သိရသည်။
''ဂီတနေ့ တစ်နေ့အဖြစ် သတ်မှတ် ဖို့ကို အရင်တည်းက အစီအစဉ် ရှိခဲ့တာပါ။ ဥပမာ ရုပ်ရှင်နေ့၊ ချစ်သူများနေ့၊ အမေများနေ့ ဆိုတာတွေ ရှိတယ်။ ဂီတနေ့ ဆိုတာ မရှိဘူး။ အဲဒါကြောင့် မြန်မာ ပြက္ခဒိန်မှာ ဂီတနေ့ တစ်ခုဖြစ်အောင် ဆိုပြီး စီစဉ်တာပါ''ဟု ဂီတနေ့ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ဂီတ အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးလွင်မြင့်က ပြောကြားခဲ့ သည်။
နိုင်ငံတော် သီချင်းကို အခြေခံ၍ ဇွန် ၂၇ ရက်ကို ဂီတနေ့အဖြစ် သတ်မှတ်ရန် အမျိုးသား ဂီတစာဆို ဦးမောင်မောင်လေးက အကြံဉာဏ် ပေးခဲ့ကြောင်း သိရသည်။

From...မြ၀တီ

No comments:

Post a Comment