Sunday, June 16, 2013

American Idol သီချင်းဆို ပြိုင်ပွဲက နာမည် အကြီးဆုံး ဒိုင်မာရီယမ် ကာရေး

American Idol သီချင်းဆို ပြိုင်ပွဲက နာမည် အကြီးဆုံး ဒိုင်မာရီယမ် ကာရေး

၁၉၆ဝ  ပြည့်နှစ် ဝန်းကျင်က နာမည်ကြီးခဲ့တဲ့ "Paint Your Wagon" ရုပ်ရှင် ဇာတ်ကားထဲက  အောင်မြင်တဲ့ ဇာတ်ဝင်သီချင်း "They call the wind Marian" ဆိုတဲ့သီချင်းထဲက မီဂါစတား မာရီယမ် ကာရေး ထွက်ပေါ် လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့ပါ့မလဲ။

ဂရမ်မီ ငါးဆုရှင် မာရီယမ်ကာရေး ရဲ့ မာရီယမ်ဆိုတဲ့ နာမည်လေးက They call the wind Marian သီချင်း ထဲက ယူခဲ့တာပါ။ အဲဒီ သီချင်းပါဝင်တဲ့ Paint Your Wagon ဇာတ်ကားမှာ မင်းသားကြီး ကလင့်အိစ်ဝုဒ် ပါဝင်ပြီး ၁၉၆ဝ ပြည့်နှစ် ဝန်းကျင်ရဲ့ တကယ့် Popular အမေ ဇာတ်ကားပါ။ အဲဒီဇာတ်ကား ပါသီချင်း မာရီယမ်ကို ကြိုက်လွန်းလို့ အမေဖြစ်သူက သမီး မွေးဖွား ပြီးပြီးချင်း မာရီယမ်လို့ အမည်ပေးခဲ့ ပါတော့တယ်။

၁၉၇ဝ ပြည့်နှစ် မတ် ၂၇ ရက်မှာ မွေးဖွားတဲ့ မာရီယမ်ဟာ အော်ပရာ အဆိုတော် မိခင်က မွေးဖွားခဲ့တဲ့ အနုပညာ ''ဇ'' ရှိသူတစ်ဦးပါ။ အဆိုတော် လည်းဖြစ်၊ အဆို သင်တန်း ဆရာမလည်း လုပ်တဲ့   မိခင် ဖြစ်သူကြောင့် မာရီယမ် ဟာ ဂီတလောကမှာ ပိုမို သမ္ဘာရင့်ခဲ့ တယ်လို့ ဆိုရင်လည်း ရပါတယ်။ ၁၉၉ဝ ပြည့်နှစ် ဇွန်လမှာ  ''မာရီယမ်ကာရေး'' နာမည်နဲ့ ပွဲဦးထွက် အယ်လ်ဘမ်ကို ထုတ်ခဲ့ရာကနေ လူသစ်တန်း ဇယားရဲ့ ထိပ်ဆုံးကို ရောက်ရှိပြီး Beetles တို့ Elvis Presley တို့နည်းတူ ထိပ်တန်း ပေါက် အယ်လ်ဘမ် စာရင်း များစွာကို  ပိုင်ဆိုင် လာခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်က ထွက်ရှိတဲ့  "We belong together" သီချင်းနဲ့ နံပါတ်တစ် နေရာကို ရောက်ရှိ ခဲ့ပြီး  ဂီတဆုပေါင်း မြောက်မြားစွာကို  ဆွတ်ခူး နိုင်ခဲ့ပါတယ်။  ထူးခြားတဲ့အသံ ပိုင်ရှင် မာရီယမ်ဟာ သီချင်းကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုတဲ့ ရှားပါး အနုပညာရှင် တစ်ဦးဖြစ်ပြီး ဂီတ ပါရမီ ရင့်သန်တဲ့ သမ္ဘာရင့် ဝါရင့် အဆိုကျော် တစ်ဦးပါ။

၁၉၉၃ ခုနှစ် ဇွန် ၅ ရက်မှာ တော်မီနဲ့ လက်ထပ်ခဲ့ပြီး ၁၉၉၈ ခုနှစ် မတ် ၅ ရက်မှာ ကွာရှင်း ပြတ်စဲခဲ့ပါတယ်။

 Camp Marian ကို ထူထောင်ခဲ့ပြီး လူငယ်တွေ  အနုပညာ မြတ်နိုးဖို့နဲ့ ဘဝလမ်းကြောင်း ရှာဖွေတတ်ဖို့ ရည် ရွယ် ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့်လည်း ကွန်ဂရက်ရှင်နယ် ဖောင်ဒေးရှင်းရဲ့ Horizon ဆုကိုပါ ရရှိခဲ့ပါတယ်။

Billboard ရဲ့ဆယ်စုနှစ် အကောင်းဆုံး အဆိုတော် ဆုကို ပိုင်ဆိုင်ထားသူ မာရီယမ်ဟာ ယနေ့ အချိန်အထိ ကမ္ဘာ့ အအောင်မြင်ဆုံး အမျိုးသမီး အဆိုတော်၊ တေးရေးသူ တစ်ဦးပါ။ Against All Odds (တစ်ချက်လေး စောင်းငဲ့ကြည့်ဦး) စုံတွဲသီချင်းနဲ့ ဆုပေါင်းများစွာ ချိတ်ခဲ့တဲ့ မာရီယမ်ရဲ့ အအောင်မြင်ဆုံး အချက်က တော့ ရခဲလှတဲ့ ဂရမ်မီဆုကို ငါးကြိမ်  တိုင်တိုင် ဆွတ်ခူး ရရှိထားခြင်းပါ။

မာရီယမ်ဟာ  အိပ်မက် ဆုံရာလို Season အလိုက် သီချင်းဆို ပြိုင်ရတဲ့ American Idol သီချင်းဆို ပြိုင်ပွဲကြီးရဲ့ နာမည်ကြီး ဒိုင်တစ်ဦးပါ။ ဒါပေမဲ့ မေ ၃၁ ရက်မှာတော့  အဆိုပါ ပြိုင်ပွဲမှ ဒိုင်အဖြစ် ရပ်နားခဲ့ပါတယ်။
မြ၀တီ

No comments:

Post a Comment