Tuesday, June 25, 2013

စာရွက်စာတမ်း အတုများဖြင့် ပွဲစားများမှတစ်ဆင့် လျှောက်ထားခြင်းကို စစ်ဆေးတွေ့ရှိပါက ဗီဇာကို ရာသက်ပန် ပိတ်ပင်သွားမည်ဟု ထိုင်းသံရုံးမှ သတိပေးချက်ထုတ်ပြန်

6.24.11
ထိုင်းသံရုံးတွင် ဗီဇာရရှိရန် စောင့်ဆိုင်းနေကြသူများအား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
ထိုင်းဗီဇာ လျှောက်ထားခြင်းကို ကိုယ်တိုင်လာရောက် လျှောက်ထားရန်နှင့် စာရွက်စာတမ်း အတုများဖြင့်
ဗီဇာပွဲစားများမှတစ်ဆင့် လျှောက်ထားခြင်းကို စစ်ဆေးတွေ့ရှိရပါက ထိုင်းနိုင်ငံသို့ ၀င်ရောက်ခြင်းကို ရာသက်ပန် ပိတ်ပင်သွားမည်ဟု ထိုင်းသံရုံးမှ ကြေညာချက် ထုတ်ပြန်ထားသည်။
ယင်းသို့ ကြေညာချက် ထုတ်ပြန်ထား ရခြင်းမှာ ထိုင်းဗီဇာ လျှောက်ထားမှု များပြားနေချိန်၌ ထိုင်းဗီဇာ ပြု လုပ်ပေးနေသော ပွဲစားအချို့ ရှိနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်ရန်မှာ ငွေကြေးများစွာ မကုန်ကျတော့ခြင်းကြောင့် အချို့ပြည် တွင်း ခရီးစဉ်များပင် မသွားတော့ဘဲ ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်ခြင်းကို ပိုမိုစိတ်ဝင် စားလာကြခြင်း ဖြစ်သည်ဟု သိရသည်။
ထိုင်းသံရုံးမှ ဗီဇာအား ပွဲစားများဖြင့် လျှောက်ထားခြင်း မပြုရန် ထုတ်ပြန်သည့် ကြေညာချက်တွင် ဗီဇာအား ကိုယ်တိုင်ဝင်ရောက် လျှောက်ထားနိုင်ကြောင်း၊ ဗီဇာအား လွယ်ကူစွာ ရရှိပါမည်ဟု ပြော၍ အပိုကြေး ယူဆောင်ပြုလုပ် ပေးနေသော ဗီဇာပွဲစားများအား အသိပြု ရှောင်ရှားကြရန်နှင့် ဗီဇာပွဲစား များမှတစ်ဆင့် လျှောက်ထားခြင်းသည် အလွန်အန္တရာယ် များပြားကြောင်း အသိပေး ထားသည်။ စာရွက် စာတမ်း အတုများဖြင့် ဗီဇာပွဲစားများမှ တစ်ဆင့် လျောက်ထားခြင်းကို စစ်ဆေးတွေ့ရှိရပါက ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရောက်ခြင်းကို ရာသက်ပန် ပိတ်ပင်တားမြစ် ခံရမည်ဖြစ်ကြောင်း၊ ပွဲစားများသည်လည်း တည်ဆဲဥပဒေအရ ထိရောက်ကြီးလေးသော ပြစ်ဒဏ် ကျခံရနိုင်ကြောင်းလည်း ထိုင်းသံရုံးက သတိပေး ချက် ထုတ်ပြန်ထားသည်။
ထို့ပြင် ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍ ပွဲစားများမှသော်လည်းကောင်း၊ သံရုံး ၀န်ထမ်း များမှ သော်လည်းကောင်း မလျော်ကန်သော အကြောင်းအရာများကို သိရှိရပါက အီးမေးလ်လိပ်စာ thaiembassyygn@gmail.com သို့ ပေးပို့အကြောင်းကြားစေ လိုကြောင်း ထိုင်းသံရုံးက အသိပေး ကြေ ညာထားသည်။
ယခုအချိန်တွင် တစ်နေ့လျှင် ထိုင်းဗီဇာအား ဦးရေ ၃၀၀ မှ ၄၀၀ ကြားအထိ ထုတ်ပေးနေကြောင်းလည်း ထိုင်းသံရုံးမှ သိရသည်။

From..EMG

No comments:

Post a Comment