Tuesday, June 25, 2013

ဈေးကျနေသော်လည်း ထပ်မံထိုးကျမည်စိုး၍ ရွှေကစားသူများ ပြန်လည်ရောင်းချမှုများပြား

6.24.10
နိုင်ငံတကာရွှေဈေးမှာ အကျကြမ်းနေသည့် အတွက် ပြည်တွင်းရွှေဈေးမှာလည်း ယခုထက်ပို၍ ထပ်မံ
ထိုးဆင်းမည် စိုးသည့်အတွက် ရွှေဈေးကွက်အတွင်း ကစားနေသူများမှာ လက်ရှိအကျ ဈေးဖြင့် ပင် ပြန်လည် ရောင်းချမှုများ ရှိနေသည်ဟု သတင်းရရှိသည်။
ယခင်က ပြည်တွင်းရွှေဈေး ကျဆင်းသည် ဆိုပါက ရွှေဝယ်စုသူများ အနေဖြင့် အကျဈေးဖြင့် ၀ယ်ယူ ထားလေ့ ရှိသော်လည်း ယခုအခါတွင်မူ ဈေးကျနေသည့်တိုင် ကျသည့် ဈေးဖြင့်ပင် ပြန် လည်ရောင်း ချ နေခြင်းဖြစ်သည်။ နိုင်ငံတကာ ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၀၀ အောက် ရောက်သည်အထိ စံချိန်တင် ထိုးဆင်းလျက်ရှိပြီး ပြည်တွင်းရွှေဈေးမှာလည်း တစ်ကျပ်သားလျှင် ကျပ် ၁၀၀၀၀ ကျော် အထိ ကျဆင်းလာခဲ့သည်။
သို့သော် ရွှေဝယ်စုထားသူ၊ ဈေးကွက်အတွင်း ရွှေကစားသူများမှာ နိုင်ငံတကာ ရွှေဈေးအကျ ကြမ်းနေသည့် အတွက် ပြည်တွင်းရွှေဈေးမှာလည်း ယခုထက်ပို၍ ထိုးဆင်းနိုင်သည့် အနေအထားများ ရှိနေရာ ရွှေများကို အကျဈေးဖြင့် ပြန်လည်ထုတ်ရောင်း နေခြင်းဖြစ်သည်။
လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၆၉၄၅၀၀ ၀န်းကျင် ပေါက်ဈေးရှိနေပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက တစ်ကျပ်သား ကျပ် ၇၆၂၀၀၀ ဈေးနှုန်းမှ ပြုတ်ကျလာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ ရွှေဈေးမှာလည်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၅၆ ဒသမ ၄၇ ပေါက်ဈေးရှိရာမှ ယခု ဇွန် ၂၄ ရက်တွင် တစ်အောင်စ လျှင် ဒေါ်လာ ၁၂၈၆ ဒသမ ၀၃ အထိ ထိုးဆင်းလာခဲ့ခြင်း ဖြစ်သည်။
''နိုင်ငံတကာဈေးက အကျကြမ်းနေတော့ ပြည်တွင်းဈေးကလည်း အခုထက် ပိုပြီး ထပ်ဆင်းနိုင်တဲ့ အတွက် ရွှေစုထားတဲ့ သူတွေ ပြန်ရောင်းတာ များလာတယ်။ အကျဈေးနဲ့ပဲ ပြန်ရောင်း ကြတာ။ နိုင်ငံ တကာ ရွှေဈေးပြုတ်ကျတဲ့ နှုန်းကလည်း တော်တော်ဆိုးတယ်လေ'' ဟု ရန်ကုန် တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

From...EMG

No comments:

Post a Comment