Saturday, June 8, 2013

ကဏ္ဍစုံဝန်ဆောင်မှုများနှင့် မြန်မာ့မြေပေါ်က ကမ္ဘာ့စီးပွားရေးဖိုရမ်

ဇွန် ၅ ရက်မှ ၇ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သော (၂၂)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တက်ရောက်လာကြသည့် ကမ္ဘာအရပ်ရပ်မှ ဧည့်သည်များအတွက် ဆက်သွယ်ရေးကဏ္ဍ မိုဘိုင်းဖုန်း ဝန်ဆောင်မှုများနှင့် ငွေကြေးလဲလှယ်မှုဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရန် Money Exchange ဝန်ဆောင်မှုများကို ပုဂ္ဂလိကကုမ္ပဏီများက တာဝန်ယူ ကူညီပေးခဲ့သည်။ 

 မိုဘိုင်းဖုန်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးသည့် ကုမ္ပဏီဖြစ်သည့် Elite Tech မှ တစ်လအတွင်း အသုံးပြုနိုင်သော MPT-GSM FEC ဆင်းကတ်များ၊ တစ်ခါသုံး ဆင်းကတ်များ၊ ပြည်တွင်းဧည့်သည်များ အဆင်ပြေနိုင်ရန် စီဒီအမ်အေ ဆင်းကတ်များ၊ ငွေဖြည့်ကတ်များနှင့် ဖုန်းဟန်းဆက်များကိုပါ တစ်နေရာတည်း စုံလင်စွာရရှိနိုင်ရန် ဝန်ဆောင်မှု ပေးခဲ့သည်ကို တွေ့ရသည်။ 

 ငွေကြေးလဲလှယ်မှုဆိုင်ရာ ဝန်ဆောင်မှုများအတွက် နေပြည်တော်ရှိ ကမ္ဘောဇဘဏ် ဘဏ်ခွဲ(၁)မှ တာဝန်ယူကာ ဖိုရမ်ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ပရဝဏ်အတွင်း စင်တာခွဲ၍ ချက်ချင်းငွေသား လဲလှယ်ခြင်းဆိုင်ရာ ဝန်ဆာင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ “ဖိုရမ်ကို တက်ရောက်လာတဲ့ ဧည့်သည်တွေအနေနဲ့ မြန်မာကျပ်ငွေ လဲလှယ်ချင်တဲ့သူတွေကို ATM Machine နဲ့ Master Card၊ Visa Card တွေသုံးပြီး ငွေထုတ်ယူနိုင်အောင်အပြင် နိုင်ငံခြားငွေကို နောက်ဆုံးပေါက်ဈေးနဲ့ တွက်ချက်ပြီး မြန်မာကျပ်ငွေ လဲလှယ်ပေးပါတယ်။ 

တစ်နေ့ကို နိုင်ငံခြားသား Customer တစ်ရာနီးပါး ဒီငွေလဲလှယ်ရေး ကောင်တာကို လာရောက်အသုံးပြုပါတယ်။ ဒီဖိုရမ်ကို လာတက်ရောက်ရင်း ငွေကြေး လဲလှယ်လိုသူတွေ အဆင်ပြေအောင်လို့ သီးသန့်ဝန်ဆောင်မှုတွေ ပေးဖို့ လာရောက်ဖွင့်လှစ်ထားခြင်း ဖြစ်ပါ တယ်။ လာမယ့် ကျောက်မျက်ပွဲတွေနဲ့ တခြား အခမ်းအနားကြီးတွေမှာလည်း အလားတူ ဝန်ဆောင် မှုတွေ ပေးနိုင်ဖို့ ကျွန်တော် တို့ စီစဉ်ထားပါတယ်” ဟု Marketing & Customer Service Promotion Department မှ ကိုဟိန်းထက်မြက်က ပြောပြသည်။ ထို့ပြင် “ဒီလို အေးချမ်းပြီး စည်းကမ်းတကျဖြစ်တဲ့ အစီအစဉ်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အတွက် အသိအမှတ်ပြုပါတယ်။ လုံခြုံရေး၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး၊ ငွေကြေးကဏ္ဍတွေမှာပါ မကျန် ရှုထောင့်စုံကနေ ဧည့်ဝတ်ကျေပွန်အောင် ဆောင်ရွက်နိုင်တာဟာ တော်တော်အားရ ကျေနပ်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့အတူ ကောင်းမွန်တဲ့ ဝန်ဆောင်မှုစနစ်တွေ ရှိနေတယ်ဆိုတာ ဒီဖိုရမ်ကျင်းပနိုင်တာနဲ့ တိုက်ရိုက်ပတ်သက်မှု ရှိနေပါတယ်” ဟု ဖိုရမ်သို့ တက်ရောက် ဆွေးနွေးခဲ့သော အမေရိကန်နိုင်ငံမှ Ms.Julia Nesheiwat ကလည်း ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။  
Khit Lu Nge

No comments:

Post a Comment