Thursday, June 6, 2013

ဒုတိယအကြိမ်မြောက်ဟိုချီမင်း စီးတီးExpo ပြပွဲ ကျင်းပလျက်ရှိ

Photo: ဒုတိယအကြိမ်မြောက်ဟိုချီမင်း စီးတီးExpo ပြပွဲ ကျင်းပလျက်ရှိ
Thursday, June 6, 2013

ဗီယက်နမ်နိုင်ငံ Investment and Trade Promotion Centre (ITPC) မှ ကြီးမှူးကျင်းပသည့် ဟိုချီမင်း စီးတီး Expo ၂၀၁၃ ပြပွဲကို ဗီယက်နမ်နိုင်ငံ
မှ ကုမ္မဏီပေါင်း တစ်ရာကျော်ပါဝင်ပြီး ယနေ့မှစတင်၍ ၁၀ရက်နေ့ အထိ နံနက် (၉)နာရီမှ ညနေ(၆)နာရီ အတွင်း ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။

ဗီယက်နိုင်ငံ၏ ထိပ်တန်းကုမ္မဏီများနှင့် တွဲဖက်လုပ်ကိုင်နိုင်မည့် အခွင့်
အရေးများ ရရှိစေရန် ရည်ရွယ်၍ ဒုတိယအကြိမ် ဟိုချီမင်းစီးတီး Expo ၂၀၁၃ ကို ကျင်းပခြင်းဖြစ်ကြောင်း ယင်းပြပွဲတွင် ပါဝင်ပြသလျက်ရှိသည့်တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။

အဆိုပါ ပြပွဲတွင် မြန်မာကုန်သွယ်ရေးဇုန်နှင့် ဗီယက်နမ် ကုန်သွယ်ရေးဇုန်
နှစ်ခုပါရှိပြီး မြန်မာ ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ပရိဘောဂ ပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ၊ စိုက်ပျိုးမွေးမြူရေး ပစ္စည်းများ၊ ကွန်ပျူတာနှင့် မိုလ်ဘိုင်း ဆက်စပ်ပစ္စည်းများ၊ စက်မှုထုတ်ကုန်နှင့် အခြားလူသုံးကုန် ပစ္စည်းများကို ပြသထားပြီး ဗီယက်နမ်ကုန်သွယ်ရေးဇုန်တွင် ဆောက်လုပ်
ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အိမ်အလှဆင် ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ အီလက်ထရွန်းနစ် ပစ္စည်းများ၊ Machinery ပစ္စည်းများနှင့် ပလတ်စတစ် ပစ္စည်းများကို ပြသထားကြောင်း သိရသည်။

The Myanma Age
ဗီယက်နမ်နိုင်ငံ Investment and Trade Promotion Centre (ITPC) မှ ကြီးမှူးကျင်းပသည့် ဟိုချီမင်း စီးတီး Expo ၂၀၁၃ ပြပွဲကို ဗီယက်နမ်နိုင်ငံ မှ ကုမ္မဏီပေါင်း တစ်ရာကျော် ပါဝင်ပြီး ယနေ့မှစတင်၍ ၁၀ ရက်နေ့အထိ နံနက် (၉)နာရီမှ ညနေ(၆)နာရီ အတွင်း ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ် မည်ဟု သိရသည်။

ဗီယက်နိုင်ငံ၏ ထိပ်တန်းကုမ္မဏီများနှင့် တွဲဖက်လုပ်ကိုင်နိုင်မည့် အခွင့်အရေးများ ရရှိစေရန် ရည်ရွယ်၍ ဒုတိယအကြိမ် ဟိုချီမင်းစီးတီး Expo ၂၀၁၃ ကို ကျင်းပခြင်းဖြစ်ကြောင်း ယင်းပြပွဲတွင် ပါဝင်ပြသလျက် ရှိသည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ပြပွဲတွင် မြန်မာကုန်သွယ်ရေးဇုန်နှင့် ဗီယက်နမ် ကုန်သွယ်ရေးဇုန် နှစ်ခုပါရှိပြီး မြန်မာ ကုန် သွယ်ရေး ဇုန်တွင် မြန်မာ့ပရိဘောဂ ပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ၊ စိုက်ပျိုးမွေးမြူရေး ပစ္စည်းများ၊ ကွန်ပျူတာနှင့် မိုလ်ဘိုင်း ဆက်စပ်ပစ္စည်းများ၊ စက်မှုထုတ်ကုန်နှင့် အခြားလူသုံးကုန် ပစ္စည်း များကို ပြသထားပြီး ဗီယက်နမ်ကုန်သွယ်ရေးဇုန်တွင် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အိမ် အလှဆင် ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ အီလက်ထရွန်းနစ် ပစ္စည်းများ၊ Machinery ပစ္စည်းများနှင့် ပလတ်စတစ် ပစ္စည်းများကို ပြသထားကြောင်း သိရသည်။

The Myanma Age

No comments:

Post a Comment