Saturday, June 15, 2013

မိုင်ဂျာယန် - အုံလုံရှိ စစ်ရှောင်မိသားစုများ နေရပ်မပြန်နိုင်အောင် KIO/KIA ခေါင်းဆောင်ပိုင်းများက ထိန်းချုပ် ထားကြောင်း သတင်းများ ထွက်ပေါ်

Photo: မိုင်ဂျာယန် - အုံလုံရှိ စစ်ရှောင်မိသားစုများ နေရပ်မပြန်နိုင်အောင် KIO/KIA ခေါင်းဆောင်ပိုင်းများက ထိန်းချုပ် ထားကြောင်း သတင်းများ ထွက်ပေါ်

ဇွန်လ ၁၅ ရက် ၂၀၁၃
 
မိုင်ဂျာယန်-အုံလုံတွင်ရှိသော စစ်ရှောင်စခန်းများသို့ KIO ဗဟိုမှ ဦးဒွဲပီဆာက ဇွန် ၁၃ ရက်နေ့မှာ လာရောက်ကြည့်ရှုပြီး စစ်ရှောင်မိသားစုများ၏ အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် တင်ပြခိုင်းရာ စစ်ရှောင်မိသားစုများက အစိုးရစစ်တပ် နှင့် KIA အဖွဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာတွင် အဆင်ပြေကြောင်း သိရသည့်အတွက် ၀မ်းသာမိသော် လည်း နေရပ်တွေမှာ ပြန်လည်နေထိုင်ရန်အတွက် နေထိုင်ခွင့် မပေးသေးခြင်း ကိစ္စအပေါ် မေးမြန်းခဲ့ကြကြောင်း သိရှိရ သည်။

စစ်ရှောင်မိသားစုများ၏ မေးမြန်းချက်ကိုဦးဒွဲပီဆာက ``စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ မိသားစုဝင်တွေအနေနဲ့ နေရပ်အသီးသီးကို ပြန်လည်နေထိုင်ခွင့်ပြုဖို့ KIO/KIA ခေါင်းဆောင်ပိုင်းတွေက ဆုံးဖြတ်မှာဖြစ်ပြီး အဆိုပါကိစ္စမှာ မိမိနှင့် မသက်ဆိုင်တဲ့အတွက် ဖြေရှင်းမပေးနိုင်ကြောင်းနဲ့ စစ်ရှောင်စခန်းတွေမှာသာ သည်းခံပြီးနေထိုင်သွားကြဖို့ ပြောကြားသွား ခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်မိသားစုဝင်များအား နေရပ်အသီသီမှာ ပြန်လည်နေရာချထားပေးရန် နိုင်ငံတကာ လူမှု ကူညီရေးအသင်းအဖွဲ့တွေက နိုင်ငံတော်အစိုးရအပေါ် တောင်းဆိုမှုများ ရှိနေခြင်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် စစ်ရှောင်မိသားစုဝင်များကို နေရပ်ပြန်လည်နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးကိစ္စများကို အကောင်အထည် ဖော်ဆောင်ရွက်နေသော်လည်း KIO/KIA အနေနဲ့ စစ်ရှောင်စခန်းများမရှိတော့ရင် တဖက်လှည့်ရနေတဲ့ နိုင်ငံတကာလူမှု ကူညီရေး အထောက်အပံ့တွေ ရပ်ဆိုင်းသွားနိုင်တာကြောင့် စစ်ရှောင်စခန်းက မိသားစုဝင်တွေကို နေရပ်ပြန်ဖို့ ခွင့်မပြုဘဲ ထိန်းချုပ်ခြင်းဖြစ်ကြောင်း မိုင်ဂျာယန်စစ်ရှောင်စခန်းမှ ဒုက္ခသည်များ၏ ပြောပြချက်အရ သိရှိရသည်။
မိုင်ဂျာယန်-အုံလုံတွင်ရှိသော စစ်ရှောင်စခန်းများသို့ KIO ဗဟိုမှ ဦးဒွဲပီဆာက ဇွန် ၁၃ ရက်နေ့မှာ လာရောက်ကြည့်ရှုပြီး စစ်ရှောင်မိသားစုများ၏ အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် တင်ပြခိုင်းရာ စစ်ရှောင်မိသားစုများက အစိုးရစစ်တပ် နှင့် KIA အဖွဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာတွင် အဆင်ပြေကြောင်း သိရသည့်အတွက် ၀မ်းသာမိသော်လည်း နေရပ်တွေမှာ ပြန်လည်နေထိုင်ရန် အတွက် နေထိုင် ခွင့် မပေးသေးခြင်း ကိစ္စအပေါ် မေးမြန်းခဲ့ကြကြောင်း သိရှိရ သည်။

စစ်ရှောင်မိသားစုများ၏ မေးမြန်းချက်ကို ဦးဒွဲပီဆာက ``စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ မိသားစု ၀င်တွေအနေနဲ့ နေရပ်အသီးသီးကို ပြန်လည်နေထိုင်ခွင့်ပြုဖို့ KIO/KIA ခေါင်းဆောင်ပိုင်းတွေက ဆုံးဖြတ် မှာဖြစ်ပြီး အဆိုပါကိစ္စမှာ မိမိနှင့် မသက်ဆိုင်တဲ့အတွက် ဖြေရှင်းမပေးနိုင်ကြောင်းနဲ့ စစ်ရှောင်စခန်းတွေ မှာသာ သည်းခံပြီးနေထိုင်သွားကြဖို့ ပြောကြားသွား ခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်မိသားစုဝင်များအား နေရပ်အသီသီ မှာ ပြန်လည်နေရာ ချထားပေး ရန် နိုင်ငံတကာ လူမှုကူညီရေးအသင်းအဖွဲ့တွေက နိုင်ငံတော်အစိုးရအပေါ် တောင်းဆိုမှုများ ရှိနေခြင်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် စစ်ရှောင်မိသားစုဝင်များ ကို နေရပ်ပြန်လည်နေထိုင်နိုင်ရေး အတွက် ပြန်လည်ထူထောင်ရေးကိစ္စများကို အကောင်အထည် ဖော်ဆောင်ရွက်နေသော်လည်း KIO/KIA အနေနဲ့ စစ်ရှောင်စခန်းများမရှိတော့ရင် တဖက်လှည့်ရနေတဲ့ နိုင်ငံတကာလူမှု ကူညီရေး အထောက် အပံ့တွေ ရပ်ဆိုင်းသွားနိုင်တာကြောင့် စစ်ရှောင်စခန်းက မိသားစုဝင်တွေကို နေရပ်ပြန်ဖို့ ခွင့်မပြုဘဲ ထိန်းချုပ်ခြင်းဖြစ်ကြောင်း မိုင်ဂျာယန်စစ်ရှောင်စခန်းမှ ဒုက္ခသည်များ၏ ပြောပြချက်အရ သိရှိရ သည်။
KDN

No comments:

Post a Comment