Saturday, June 8, 2013

Microsoft မြန်မာဈေးကွက်သို့ တရားဝင် စတင်ဝင်ရောက်လာပြီး မြန်မာ MIT ကုမ္ပဏီနှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည်

Photo: Microsoft မြန်မာဈေးကွက်သို့ တရားဝင် စတင်ဝင်ရောက်လာပြီး မြန်မာ MIT ကုမ္ပဏီနှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည်
Saturday, June 8, 2013

ကမ္ဘာကျော် အိုင်တီကုမ္ပဏီဖြစ်သော Microsoft သည် မြန်မာနိုင်ငံသို့ တရားဝင် စတင်ဝင်ရောက်လာပြီး မြန်မာအိုင်တီ ကုမ္ပဏီတစ်ခုဖြစ်သော MIT(Myanmar Information Technology Pte Ltd) နှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း Microsoft က ဇွန် ၆ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

Microsoft က ဇွန် ၆ ရက်တွင် ကျင်းပပြုလုပ်သော World Economic Forum (အရှေ့အာရှ)ပွဲတွင် MIT ကုမ္ပဏီကို ၎င်း၏ ပထမဦးဆုံး Microsoft Deve-lopment Partner(MDP) အဖြစ် ခန့်အပ်ကြောင်း ကြေညာ ခဲ့ခြင်းဖြစ်သည်။ Microsoft ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နိုင်ရန်အပြင် ဒေသခံလုပ်ငန်းများ၊ အစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကူညီနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Microsoft အရှေ့တောင်အာရှ၏ General Manager Jamie Harper က ''Microsoft အနေနဲ့ အခုလိုမျိုး Partnership ကို မြန်မာနိုင်ငံလိုမျိုး အခွင့်အရေးနဲ့ ပင်ကိုစွမ်းရည်တွေ များစွာရှိနေတဲ့ နိုင်ငံမျိုးမှာ တည်ဆောက်ခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းမြောက်မိပါတယ်။အောင်မြင်မှု ရရှိဖို့အတွက် ပုံသေကားကျ တွက်လို့ရတဲ့ ဖော်မြူလာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီကတော့ မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည် သွားမှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။

MIT ၏ CEO ဒေါက်တာထွန်းသူရသက်က ''ကျွန်တော်တို့အနေနဲ Microsoft က MIT ကို မြန်မာနိုင်ငံရဲ့ MDP အဖြစ် ရွေးချယ်ခဲ့တဲ့အတွက် အလွန်ပဲဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီးတော့ ကျွန်တော်တို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် ကြာရှည်ခံမယ့် လက်တွဲမှုမျိုးရရှိအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ Microsoft ရဲ့ ကမ္ဘာတစ်ဝန်း အတွေ့အကြုံတွေနဲ့ ဖြေရှင်းချက်တွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ICT လောက တည်ဆောက်ဖို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်'' ဟု ပြောကြားသည်။

Microsoft သည် အာရှ-ပစိဖိတ်ဒေသတွင် ပါတနာပေါင်း ၂၈၀၀၀ ကျော်ရှိသည်။ IDC လေ့လာချက်အရ ၎င်းကုမ္ပဏီများမှာ ၀င်ငွေပေါင်း အမေရိကန်ဒေါ်လာ ၁၂၅ ဘီလျံနီးပါး ရှာဖွေပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ၎င်းလေ့လာချက်တွင် Microsoft အနေဖြင့် အာရှ-ပစိဖိတ်၌ အမေရိကန် တစ်ဒေါ်လာ ရှာနိုင်တိုင်း ၎င်းပါတနာများက အမေရိကန် ၁၀ ဒေါ်လာထက် ပိုရှာနိုင်သည်ဟု သုံးသပ်ခဲ့သည်။

Microsoft တရားဝင် ၀င်ရောက်ရန် ထုတ်ပြန်ကြေညာခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ)ကို တွေ့ရစဉ်

Eleven Media Group
Microsoft တရားဝင် ၀င်ရောက်ရန် ထုတ်ပြန်ကြေညာခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ)ကို တွေ့ရစဉ်
ကမ္ဘာကျော် အိုင်တီကုမ္ပဏီဖြစ်သော Microsoft သည် မြန်မာနိုင်ငံသို့တရားဝင်စတင်ဝင်ရောက်လာ ပြီး မြန်မာ အိုင်တီ ကုမ္ပဏီတစ်ခုဖြစ်သော MIT(Myanmar Information Technology Pte Ltd) နှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း Microsoft က ဇွန် ၆ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။


Microsoft က ဇွန် ၆ ရက်တွင် ကျင်းပပြုလုပ်သော World Economic Forum (အရှေ့အာရှ)ပွဲတွင် MIT ကုမ္ပဏီကို ၎င်း၏ ပထမဦးဆုံး Microsoft Deve-lopment Partner(MDP) အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ Microsoft ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နိုင်ရန်အပြင် ဒေသခံလုပ်ငန်းများ၊ အစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင် ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကူညီနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Microsoft အရှေ့တောင်အာရှ၏ General Manager Jamie Harper က ''Microsoft အနေနဲ့ အခုလိုမျိုး Partnership ကို မြန်မာနိုင်ငံလိုမျိုး အခွင့်အရေးနဲ့ ပင်ကိုစွမ်းရည်တွေ များစွာရှိနေတဲ့ နိုင်ငံမျိုးမှာ တည်ဆောက်ခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းမြောက်မိပါတယ်။အောင်မြင်မှု ရရှိဖို့အတွက် ပုံသေကားကျ တွက်လို့ရတဲ့ ဖော်မြူလာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီကတော့ မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည် သွားမှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။

MIT ၏ CEO ဒေါက်တာထွန်းသူရသက်က ''ကျွန်တော်တို့အနေနဲ Microsoft က MIT ကို မြန်မာနိုင်ငံရဲ့ MDP အဖြစ် ရွေးချယ်ခဲ့တဲ့အတွက် အလွန်ပဲဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီးတော့ ကျွန်တော်တို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် ကြာရှည်ခံမယ့် လက်တွဲမှုမျိုး ရရှိအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ Microsoft ရဲ့ ကမ္ဘာတစ်ဝန်း အတွေ့အကြုံတွေ နဲ့ ဖြေရှင်း ချက်တွေ ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ICT လောက တည်ဆောက်ဖို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်'' ဟု ပြောကြားသည်။

Microsoft သည် အာရှ-ပစိဖိတ်ဒေသတွင် ပါတနာပေါင်း ၂၈၀၀၀ ကျော်ရှိသည်။ IDC လေ့လာချက်အရ ၎င်းကုမ္ပဏီများမှာ ၀င်ငွေပေါင်း အမေရိကန်ဒေါ်လာ ၁၂၅ ဘီလျံနီးပါး ရှာဖွေပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ၎င်းလေ့လာချက်တွင် Microsoft အနေဖြင့် အာရှ-ပစိဖိတ်၌ အမေရိကန် တစ်ဒေါ်လာ ရှာနိုင်တိုင်း ၎င်းပါတနာများက အမေရိကန် ၁၀ ဒေါ်လာထက် ပိုရှာနိုင်သည်ဟု သုံးသပ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment