Saturday, June 8, 2013

ပြည်သူများ၏ ဆန္ဒကြောင့် ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

6.7.4
ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင်ဥက္ကဋ္ဌ၊ သမ္မတ ဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနိုတို့ကို ဇွန် ၇ ရက်က တွေ့ရစဉ် (Photo:AFP)
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်မှစ၍ ပြုပြင်ပြောင်းလဲရေး များ ဖော်ဆောင်ခဲ့ခြင်းမှာ ပြည်သူ များ၏ ဆန္ဒကြောင့် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ဇွန် ၇ ရက်က ပြောကြားသည်။
သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပလျက်ရှိသော အရှေ့အာရှ စီးပွားရေးဖိုရမ် နောက်ဆုံးနေ့ တွင် ပြုလုပ်သော A Special Conversation အစီအစဉ်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပလျက်ရှိသော အရှေ့အာရှ စီးပွားရေးဖိုရမ် နောက်ဆုံးနေ့ တွင် ပြုလုပ်သော A Special Conversation အစီအစဉ်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အစီအစဉ်တွင် သမ္မတဦးသိန်းစိန်အား ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တည်ထောင်သူနှင့် အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Klaus Schwab က မြန်မာနိုင်ငံတွင် မည်သည့်အတွက်ကြောင့် ပြုပြင်ပြောင်းလဲရေးများ အကောင် အထည်ဖော်ခဲ့ရ သနည်းဟု မေးမြန်းခဲ့ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


ပြီးခဲ့တဲ့ ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရတဲ့သူတွေ အကြိမ်ပေါင်းများစွာ လွှတ်ပေးခဲ့ပါတယ်။ လွှတ်ပေးရတဲ့ ရည်ရွယ်ချက်ကလည်း နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ သူတို့တွေ ပါဝင်လာစေချင်လို့ပဲ ဖြစ်ပါတယ်...



''ပြီးခဲ့တဲ့ ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရတဲ့သူတွေ အကြိမ်ပေါင်းများစွာ လွှတ်ပေးခဲ့ပါတယ်။ လွှတ်ပေးရတဲ့ ရည်ရွယ်ချက်ကလည်း နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ သူတို့တွေ ပါဝင်လာစေချင်လို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ထဲက တချို့ဟာ ပါတီတွေထောင်ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးတွေ လုပ်နေကြပြီ ဖြစ်ပါတယ်'' ဟု သမ္မတဦးသိန်းစိန် က ပြောကြားသည်။

6.7.19
ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင်ဥက္ကဋ္ဌ Klaus Schwab၊ သမ္မတဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနိုတို့အား ဇွန် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-AFP)
''အပစ်အခတ် ရပ်စဲရုံနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကျွန်တော်တို့ ပြောလို့မရ ပါဘူး။ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံရေးအပိုင်းတွေ ဆက်လက်လုပ်သွားဖို့ အများကြီး ကျန်ရှိပါတယ်'' ဟုလည်း သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြောကြားသည်။

အဆိုပါ အစီအစဉ်တွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများ၊ အရှေ့အာရှ စီးပွားရေးဖိုရမ်မှရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးများ အကြောင်းကို ပြောကြားသည်။
ELEVEN

No comments:

Post a Comment