ဘိုလီးဗီးယားအစိုးရ ထိပ်တန်းခေါင်းဆောင်တို့၏ အီးမေးလ်များကို အမေရိကန်က ထိုးဖောက်
ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း ဘိုလီးဗီးယားသမ္မတ အီဗို မိုရယ်လ်က ပြောကြားလိုက်သည်။ ထိုးဖောက် ဝင်ရောက်ကြည့်ရှုခံရသော မိမိ၏ အီးမေးလ်အကောင့်ကိုလည်း ဖျက်သိမ်းပစ်ခဲ့ရကြောင်း ဘိုလီးဗီးယား သမ္မတက ဆိုသည်။
ဥရုဂွေးနိုင်ငံမြို့တော် #Montevideo တွင် ယခုသတီတင်းပတ် အစောပိုင်းက ကျင်းပ ခဲ့သည့် ဒေသတွင်း နိုင်ငံခေါင်းဆောင်များ တက်ရောက်ကြသော #Mercosur ထိပ်သီး အစည်းအဝေး တွင် အမေရိကန်၏ အီးမေးလ် ထောက်လှမ်းမှုအစီအစဉ်ကို သတိပြုမိခဲ့ကြောင်း ဘိုလီးဗီးယား သမ္မတ က ပြောကြားလိုက်သည်။
#PlanetMyanmar
No comments:
Post a Comment