Monday, July 15, 2013

တောင်ကုတ်မှ ဆယ်ကျော်သက်မိန်းကလေးကို မုဒိမ်းကျင့်သူဟု ယူဆရသူ အမျိုးသားနှစ်ဦးကို ရုံးတင်စစ်ဆေးမည်

ရခိုင်ပြည်နယ် သံတွဲမြို့၌ တောင်ကုတ်မြို့သူ ဆယ်ကျော်သက် မိန်းကလေး မုဒိမ်းကျင့်ခံရမှုနှင့် ပတ်သက်၍ တစ်ရက်တာပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် လဝက်နီးပါးအကြာတွင် ယင်းမုဒိမ်းမှု ကျူးလွန်ခဲ့
သူဟု စွပ်စွဲခံထားရသော သံတွဲမြို့ခံ အမျိုးသားနှစ်ဦးကို ဇူလိုင်လ ၁၅ ရက်နေ့တွင် တရားရုံး၌ စတင် စစ်ဆေးမည် ဖြစ်ကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းအပြင် မုဒိမ်းမှုများ၏ အကျိုးဆက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှုများတွင် ပါဝင် ပတ်သက်ခဲ့သူများအနက် သုံးဦးကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သံတွဲမြို့တွင် ရောက်ရှိနေသည့် တောင်ကုတ်မြို့သူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်မြို့သို့ လိုက်ပို့ပေးမည်ဟု ဆိုကာ ဆိုင်ကယ်နှင့်ခေါ်ကာ မုဒိမ်းမှု ကျူးလွန်ခဲ့သည့် သတင်းများ ထွက်ပေါ်လာပြီး နောက်တစ်ရက်တွင် သံတွဲမြို့တွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအခြေအနေများကို ထိန်းသိမ်းရန် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

မုဒိမ်းကျင်ခဲ့သည်ဟု ယူဆရသူ သံတွဲမြို့ဒေသခံ ဆိုင်ကယ်ကယ်ရီ ဦးငပြူးနှင့် အခြားတစ်ဦးကို သံတွဲမြို့ နယ် ရဲတပ်ဖွဲ့စခန်းက ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ပြီး သံတွဲရဲစခန်းက ပုဒ်မ ၃၇၆ ပြစ်မှု အမှတ် (ပေ) ၃၇/၂၀၁၃ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

သံတွင်တွင် ဇွန်လ ၃၀ ရက်နေ့နှင့် ဇူလိုင်လ ၁ ရက်နေ့တို့တွင် မီးရှို့မှု ဖြစ်ပွားခဲ့သဖြင့် နေအိမ်ငါးလုံးခန့် မီးလောင် ပျက်စီးခဲ့ကြောင်း သံတွဲမြို့မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

From..The Voice Weekly

No comments:

Post a Comment