Monday, July 15, 2013

အမေရိကန်အစိုးရကို ပိုမိုထိခိုက်နိုင်သည့် အချက်အလက်များ စနိုးဒန်ထံတွင် ရှိသေးသည်ဟု ဂါးဒီးယန်း သတင်းထောက်ပြော



Photo: အမေရိကန်အစိုးရကို ပိုမိုထိခိုက်နိုင်သည့် အချက်အလက်များ စနိုးဒန်ထံတွင် ရှိသေးသည်ဟု 
ဂါးဒီးယန်း သတင်းထောက်ပြော

လန်ဒန်၊ ဇူလိုင် ၁၄

အမေရိကန်အစိုးရနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ဖွင့်ချခဲ့သူ အက်ဒဝပ် စနိုးဒန် ထံတွင် အမေရိကန်အစိုးကို ယခုထက် ပိုမို ထိခိုက်နိုင်သည့် အချက်အလက်များ ကျန်ရှိနေသေးသည် ဟု စနိုးဒန် ပေးပို့သည့် အချက်အလက်များကို ပထမဆုံး ဖော်ပြခဲ့ပေးခဲ့သော ဂါးဒီးယန်း သတင်းစာမှ သတင်းထောက် တစ်ဦးက ပြောကြားကြောင်း CNN သတင်း ဌာနတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုကို ထိခိုက်စေမည့် သတင်း အချက်အလက်များကို ထပ်မံ ဖွင့်ချရန် စနိုးဒန် ထံတွင် ရည်ရွယ်ချက် မရှိသော်လည်း လူများ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ထိပါးနေသော ဆော့ဖ်ဝဲလ် များနှင့် ပတ်သက် သည့် အထောက်အထား စာရွက်စာတမ်းများ စနိုးဒန်ထံတွင် များစွာ ကျန်ရှိနေသေးသည်ဟု ဂါဒီယန်း သတင်းစာ၏ သတင်းထောက် ဂလင်းဂရင်းဝေါက အာဂျင်းတီးနား သတင်းစာ La Nacion ကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။ 

စနိုးဒန်က အထောက်အထား စာရွက်စာတမ်းများကို မိတ္တူပွားပြီး လူအချို့အား ပေးအပ်ထားခဲ့သည်ဟုလည်း ဂလင်း ဂရင်းဝေါက ပြောကြား သည်။

“အမေရိကန် အစိုးရအနေနဲ့ စနိုးဒန် ဘာမှမဖြစ်ပါစေနဲ့လို့ နေ့တိုင်း ဒူးထောက်ပြီး ဆုတောင်းနေသင့်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူသာ တစ်ခုခု ဖြစ်သွားရင် အချက်အလက်တွေအားလုံး ပေါက်ကြားသွားပြီး အမေရိကန်အစိုးရအတွက် တကယ့် အိပ်မက်ဆိုးကြီး ဖြစ်သွားမှာ မို့လို့ပါပဲ” ဟု ဂလင်းဂရင်းဝေါက ပြောကြားခဲ့သည်။

ဝီကီလိခ်စ်၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦး ဖြစ်သည့် ခရစ္စတင် ဟာ့ဖ်ဆင်ကလည်း ဂလင်းဂရင်းဝေါ ပြောကြားသကဲ့သို့ပင် ထွက်ပေါ်လာစရာ နောက်ထပ် လျှို့ဝှက်ချက်များ ရှိနိုင်သေး သည်ဟု ပြီးခဲ့သော လက ပြောကြားခဲ့ဖူးသည်။

စနိုးဒန်သည် အမေရိကန် ကာကွယ်ရေးဌာနအတွက် အလုပ် လုပ်ပေးနေသော Booz Allen Hamilton ကုမ္ပဏီမှ ကွန်ပျူတာ ပညာရှင်ဟောင်း တစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ထိပါးသော အမေရိကန် အစိုးရ၏ စောင့်ကြည့်မှု အစီအစဉ်များကို ဗြိတိသျှ သတင်းစာ တစ်စောင် ဖြစ်သော ဂါးဒီးယန်း သတင်းစာမှ တစ်ဆင့် ဖွင့်ချခဲ့သူ ဖြစ်သည်။

ထိုကဲ့သို့ ဖွင့်ချပြီးနောက်တွင် စနိုးဒန်သည် ဟောင်ကောင်သို့ ရှောင်တိမ်း သွားခဲ့ပြီး ထိုမှတစ်ဆင့် ရုရှနိုင်ငံ မော်စကို လေဆိပ်သို့ သွားရောက်ခဲ့ကာ ထိုလေဆိပ်တွင် သောင်တင်နေခဲ့သည်။

ပြီးခဲ့သော သောကြာနေ့ကမူ စနိုးဒန်သည် ဟောင်ကောင်မှ  ထွက်ခွာလာ ပြီးနောက် ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ထွက်ခြင်း အဖြစ် မော်စကို လေဆိပ်တွင် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ များ၊ ရှေ့နေများနှင့် တွေ့ဆုံခဲ့သည်။

လက်ရှိတွင် စနိုးဒန်ကို အမေရိကန်ပြည်ထောင်စုက သူလျှိုမှုဖြင့် တရားစွဲ ဆိုထားသည်။
အမေရိကန်အစိုးရနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ဖွင့်ချခဲ့သူ အက်ဒဝပ် စနိုးဒန် ထံတွင် အမေရိကန်အစိုးကို ယခုထက် ပိုမို ထိခိုက်နိုင်သည့် အချက်အလက်များ ကျန်ရှိနေသေးသည် ဟု စနိုးဒန် ပေးပို့သည့် အချက်အလက်များကို ပထမဆုံး ဖော်ပြခဲ့ပေးခဲ့သော ဂါးဒီးယန်း သတင်းစာမှ သတင်းထောက်တစ်ဦးက ပြောကြားကြောင်း CNN သတင်း ဌာနတွင် ဖော်ပြထားသည်။


အမေရိကန်ပြည်ထောင်စုကို ထိခိုက်စေမည့် သတင်း အချက်အလက်များကို ထပ်မံ ဖွင့်ချရန် စနိုးဒန် ထံတွင် ရည်ရွယ်ချက်မရှိသော်လည်း လူများ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ထိပါးနေသော ဆော့ဖ်ဝဲလ် များနှင့် ပတ်သက် သည့် အထောက်အထား စာရွက်စာတမ်းများ စနိုးဒန်ထံတွင် များစွာ ကျန်ရှိနေသေးသည်ဟု ဂါဒီယန်း သတင်းစာ၏ သတင်းထောက် ဂလင်းဂရင်းဝေါက အာဂျင်းတီးနား သတင်းစာ La Nacion ကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။

စနိုးဒန်က အထောက်အထား စာရွက်စာတမ်းများကို မိတ္တူပွားပြီး လူအချို့အား ပေးအပ် ထားခဲ့သည်ဟု လည်း ဂလင်း ဂရင်းဝေါက ပြောကြား သည်။

“အမေရိကန် အစိုးရအနေနဲ့ စနိုးဒန် ဘာမှမဖြစ်ပါစေနဲ့လို့ နေ့တိုင်း ဒူးထောက်ပြီး ဆုတောင်းနေသင့်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူသာ တစ်ခုခု ဖြစ်သွားရင် အချက်အလက်တွေ အားလုံး ပေါက်ကြား သွားပြီး အမေရိကန်အစိုးရအတွက် တကယ့် အိပ်မက်ဆိုးကြီး ဖြစ်သွားမှာ မို့လို့ပါပဲ” ဟု ဂလင်းဂရင်းဝေါ က ပြောကြားခဲ့သည်။

ဝီကီလိခ်စ်၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးဖြစ်သည့် ခရစ္စတင် ဟာ့ဖ်ဆင်ကလည်း ဂလင်းဂရင်းဝေါ ပြောကြားသကဲ့သို့ပင် ထွက်ပေါ်လာစရာ နောက်ထပ် လျှို့ဝှက်ချက်များ ရှိနိုင်သေး သည်ဟု ပြီးခဲ့သော လက ပြောကြားခဲ့ဖူးသည်။

စနိုးဒန်သည် အမေရိကန် ကာကွယ်ရေးဌာနအတွက် အလုပ် လုပ်ပေးနေသော Booz Allen Hamilton ကုမ္ပဏီမှ ကွန်ပျူတာ ပညာရှင်ဟောင်း တစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ထိပါးသော အမေရိကန်အစိုးရ၏ စောင့်ကြည့်မှု အစီအစဉ်များကို ဗြိတိသျှ သတင်းစာ တစ်စောင် ဖြစ်သော ဂါးဒီးယန်း သတင်းစာမှ တစ်ဆင့် ဖွင့်ချခဲ့သူ ဖြစ်သည်။

ထိုကဲ့သို့ ဖွင့်ချပြီးနောက်တွင် စနိုးဒန်သည် ဟောင်ကောင်သို့ ရှောင်တိမ်း သွားခဲ့ပြီး ထိုမှတစ်ဆင့် ရုရှနိုင်ငံ မော်စကို လေဆိပ်သို့ သွားရောက်ခဲ့ကာ ထိုလေဆိပ်တွင် သောင်တင်နေခဲ့သည်။

ပြီးခဲ့သော သောကြာနေ့ကမူ စနိုးဒန်သည် ဟောင်ကောင်မှ ထွက်ခွာလာ ပြီးနောက် ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ထွက်ခြင်း အဖြစ် မော်စကို လေဆိပ်တွင် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ များ၊ ရှေ့နေများနှင့် တွေ့ဆုံခဲ့သည်။

လက်ရှိတွင် စနိုးဒန်ကို အမေရိကန်ပြည်ထောင်စုက သူလျှိုမှုဖြင့် တရားစွဲ ဆိုထားသည်။


The Voice Weekly

No comments:

Post a Comment