Monday, August 26, 2013

လက်ရှိ ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ လှည့်ကွက်များ အတွင်းသို့ ပြည်သူများ ကျရောက်သွားပါက မြန်မာနိုင်ငံသည် သီရိလင်္ကာ နိုင်ငံကဲ့သို့ နှစ် ၃၀ ခန့် နာလန်မထူနိုင်အောင် ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ အတွင်း မြန်မာပြည်သူ များ ကျရောက်သွားပါက အဓိကရုဏ်းများ ဆက်လက်ဖြစ်ပေါ် နေ မည်ဖြစ်ပြီး နိုင်ငံရေးတွင် လူမျိုးရေး၊ ဘာသာရေး အသုံးချခဲ့သည့် သီရိလင်္ကာ နိုင်ငံကဲ့သို့ တိုင်းပြည် အစိတ်စိတ် အမြွာမြွာ ကွဲထွက် ကာ နိုင်ငံ တိုးတက်ရေး ပျက်ပြားသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့လာနိုင်ကြောင်း သီရိလင်္ကာ နိုင်ငံ တွင် ဖြစ် ပွားခဲ့ သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ငြိမ်းချမ်းမှု ရရှိရန် လုပ်ဆောင်ခဲ့သူ Mr. Ajan Pracha Hu-tanuwatr က ပြောကြားသည်။
''ထိုင်းနိုင်ငံမှာဆိုရင် ရှပ်နီ၊ ရှပ်ဝါကြားမှာ အာဏာလုနေကြတော့ ဘာသာရေးဘက်ကို လှည့် မကြည့် နိုင်ကြဘူး။ သီရိလင်္ကာနိုင်ငံ မှာကျတော့ အစိုးရတွေ အနေနဲ့ ဒီလိုမျိုး ပါဝင်ပတ်သက်တာ ရှိတယ်။ အာဏာတည်မြဲလိုသူ အစိုးရ အဖွဲ့တွေရဲ့ လှည့်ကွက်ထဲ ကျရောက်သွား မယ်ဆိုရင် ကျွန်တော် ချစ်တဲ့ မြန်မာနိုင်ငံက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေနဲ့ အဓိကရုဏ်းတွေ ဖြစ်ပြီး သီရိလင်္ကာ နိုင်ငံလို အနှစ် ၃၀ လောက် ပြဿနာတွေ တက်နေတဲ့အထိ နာလန်မထူနိုင်တဲ့ နိုင်ငံ ဖြစ်သွားပါလိမ့်မယ်''ဟု Mr. Ajan Pracha Hu-tanuwatr က ပြောပါသည်။
မြန်မာနိုင်ငံကဲ့သို့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ တောင်ပိုင်း တွင် မြန်မာနိုင်ငံကဲ့သို့ အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား သတ်ဖြတ် မှုများ ဖြစ် ပွားနေသော်လည်း ထိုင်းနိုင်ငံပြည်သူများ အနေဖြင့် ဘာသာရေး လှည့်ကွက်များအတွင်း ၀င်ရောက်မှု မရှိသော်လည်း ပါတီများအကြား အာဏာလု မှုကဲ့သို့ ဖြစ်ပေါ်လာပါက တောင်ပိုင်းမှာ မွတ် စလင်တွေ ပြဿနာ ရှာနေသည်ဟု ဆိုကာ ပြဿနာများ ကြီးထွားအောင် ဖန်တီးလေ့ ရှိသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံမှာဆိုရင် ရှပ်နီ၊ ရှပ်ဝါကြားမှာ အာဏာလုနေကြတော့ ဘာသာရေးဘက်ကို လှည့်မကြည့် နိုင်ကြဘူး။ သီရိလင်္ကာနိုင်ငံ မှာကျတော့ အစိုးရတွေ အနေနဲ့ ဒီလိုမျိုး ပါဝင်ပတ်သက်တာ ရှိတယ်။ အာဏာတည်မြဲလိုသူ အစိုးရ အဖွဲ့တွေရဲ့ လှည့်ကွက်ထဲ ကျရောက်သွား မယ်ဆိုရင် ကျွန်တော်ချစ်တဲ့ မြန်မာနိုင်ငံက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေနဲ့ အဓိကရုဏ်းတွေ ဖြစ်ပြီး သီရိလင်္ကာ နိုင်ငံလို...


ယင်းအပြင် ထိုကဲ့သို့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် တာဝန်ကျသည့် ၀န်ထမ်းအား လစာပိုမိုပေးခြင်း၊ ထိုင်းနိုင်ငံသို့ လာရောက်မြှုပ်နှံသည့် နိုင်ငံတကာ ကုမ္ပဏီများမှ လာဘ်ငွေများပေးခြင်း စသည့် ခံစားခွင့်များ ရရှိနေသည့် အတွက် ဘာသာရေး ပဋိပက္ခများအား အဆုံး သတ်ရန် လုပ်ဆောင်မှုမရှိဘဲ လက်ရှိကာလကဲ့သို့ နှစ်ပေါင်းများစွာ ကြာရှိပြီးမှသာ ဘာသာရေး ခေါင်းဆောင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးရန် စတင်လုပ်ဆောင် နေကြောင်းလည်း Mr. Ajan Pracha Hu-tanuwatr က ဆိုသည်။ မြန်မာနိုင်ငံတွင်လည်း ခိုးဝင်လာသည့် ဘင်္ဂါလီများမှ ရိုဟင်ဂျာဆိုသော တိုင်းရင်းသားအဖြစ် သူတို့ကိုယ်တိုင် အမည်ပေးကာ မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်ရန် တောင်းဆိုမှုများ ရှိသကဲ့သို့ ထိုင်းနိုင်ငံ တောင်ပိုင်းတွင်လည်း အစ္စလာမ် ဘာသာဝင်များအား ထိုင်းမွတ်စလင်အဖြစ် သတ်မှတ်ရေးမှာ လူမျိုးကွဲပြား နေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
''ထိုင်းမှာရှိတဲ့ မွတ်စလင်တွေကို ထိုင်းမွတ်စလင်လို့ သတ်မှတ်ချင်ပေမယ့် လူမျိုးကတော့ မလေးရှား လူမျိုး ဖြစ်နေတယ်။ သီရိလင်္ကာ နိုင်ငံမှာ ဆိုရင်လည်း အစိုးရက ဘုန်းကြီးတွေကို မြှောက်ပေးပြီး လူထုတွေရဲ့ စိတ်ထဲမှာ ဗုဒ္ဓဘာသာက အကြီးမြတ်ဆုံးဆိုတဲ့ စိတ်ဝင်အောင်လုပ်ပြီး တခြား ဘာသာတွေကို နှိမ့်ချအောင်လုပ်ခြင်းနဲ့ ပဋိပက္ခတွေ ရှည်ကြာစေပါတယ်။ အစိုးရတွေရဲ့ အာဏာ တည်မြဲရေးအတွက် ဘာသာတစ်ခုနဲ့ တစ်ခုကြား အမုန်းမီးပွားအောင် လုပ်ဆောင်တာတွေကို သတိထားပြီး ထိန်းနိုင်ဖို့ လိုပါတယ်'' ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကြောင့် စိုးရိမ်စရာ ကောင်း သည့် နိုင်ငံအဖြစ် အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်က သုံးသပ်ထားပြီး ဘာသာရေးနှင့် လူမျိုးရေး လွတ်လပ်ခွင့် ပေးခြင်းသည် မြန်မာ့ဒီမိုကရေစီ အောင်မြင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အပံ့ ဖြစ်လာမည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ဘာသာရေး ပဋိပက္ခများ မှာအာဏာရှင် စနစ်သစ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း အာဏာရှင်နိုင်ငံများမှ ဒီမိုကရေစီ နိုင်ငံ အဖြစ်သို့ ကူးပြောင်းသည့် နိုင်ငံများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အား လေ့လာနေသည့် The Educational Initiatives မှ Mr. Igor Blazevic က သုံးသပ်ထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် ပြဿနာများမှာ တစ်နှစ်ကျော် လာသည့်တိုင် ထိန်းချုပ်နိုင်မှု မရှိသည့်အပြင် လက်ရှိတွင်လည်း စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေး ရွာတွင် မြန်မာအမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် မီးရှို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment