Thursday, August 1, 2013

မြန်မာ့အင်တာနက်လိုင်း နဂိုမြန်နှုန်း ပြည်လည်ရရှိ

ပင်လယ်ရေအောက်ဖိုင်ဘာဆက်ကြောင်းတစ်ခုဖြစ်သည့် SE- ME-WE 3 ဆက်ကြောင်းမှာ ဇူလိုင် ၃၀ ရက်နေ့ ညနေ့ပိုင်းက ပြင်ဆင်မှုပြီးစီးသွားပြီဖြစ်သဖြင့် ယခင်အင်တာနက်မြန်နှုန်း အတိုင်း ပြန်လည် အသုံးပြုနိုင်တော့မည်ဖြစ်သည်ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

ဇူလိုင်လ ၂၂ ရက်ညနေ ၅နာရီအချိန်က ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် အဆိုပါဆက်ကြောင်း မှာ ပြုပြင်ဆဲ ကာလအတွင်း အင်တာနက် မြန်နှုန်း 5.5 GBPS ကိုသာ အသုံးပြုလို့ရခဲ့ပြီး အခုအချိန်တွင် ယခင်မြန်နှုန်း 11.5GBPS ကို ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်ဟု အင်တာနက်ဆိုင်များမှ သိရှိရသည်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အပြည်ပြည်ဆိုင်ရာဆက်ကြောင်းတွေနဲ့ အဓိကချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ် SE-ME-WE 3 ဆက်ကြောင်းက ပြုပြင်ပြီးစီးသွားပါပြီ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ် SE- ME-WE 3 ပြည်ပကေဘယ်လ်စတေရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖျာပုံမြို့မှ ၂ မိုင်၊ တစ်ဖာလုံးနှင့် နှစ်မိုင်ခြောက်ဖာလုံအကြားရှိ ကုန်းတွင်းပိုင်း မြေအောက် Power Cable ကြိုး ပေါက်ပြဲပြီး ပါဝါ ယိုစိမ့်မှုဖြစ်သည့်အပေါ်တွင် Power Cable ကြိုး မီတာအရှည် ၅၀၀မီတာကို အစားထိုးပြုပြင်ခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ဆက် ပြောသည်။

"အင်တာနက်လိုင်းက ညနေ ၅း၀၀ ကျော်လောက်မှာကောင်လာတယ်၊ ဆက်သွယ်ရေးကပြောတော့ပြီး သွားပြီးလို့ပြောတယ်၊ ဆိုင်မှာက အရင်နေ့တွေဆို လူကိုမရှိဘူ၊ဒီနေည လိုင်းကောင်းလာလို့ လူတွေရှိတာ " ဟု ကမာရွတ်မြို့နယ်မှ အင်တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက်လိုင်း နှေးကွေးမှုများ ဖြစ်ပေါ်နေပြီး အင်တာနက် အဓိကထား အသုံး ပြုနေသည့် အိုင်တီကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းအတွက်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့သည်။

ရေအောက်ကေဘယ် SEA-ME-WE 3 သည် မြန်မာနိုင်ငံအပါအ၀င် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃၄ သန်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက် ရာတွင် မြန်မာနိုင်ငံက အမေရိ ကန်ဒေါ်လာ သန်း ၃၀ ခန့် ပါဝင် ထားပြီး မြန်မာနိုင်ငံ ဖျာပုံမြို့မှ အကွာအဝေး ၁၁၄၃ ကီလိုမီတာတွင် ရေအောက်ကေဘယ်ဖြင့် ဆက်သွယ်ထားသည့် ဆက်ကြောင်း ဖြစ်သည်။

မြစ်မခ

No comments:

Post a Comment