Thursday, August 1, 2013

အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်များ မျှမျှတတဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

Photo: အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်များ မျှမျှတတဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်း
Thursday, August 1, 2013

နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အဆုံးသတ်နိုင်ရန် အစိုးရက ဦးဆောင် ပြုလုပ် နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်များတွင် မျှမျှတတ ဆောင်ရွက် ရန် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းကြောင်း ကြေညာချက် တစ်ရပ်ကို ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်း က လွှတ်တော် နာယကအဖြစ် တာဝန် လွှဲပြောင်း ရယူအပြီးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံသား အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင်ရေးတို့နှင့် စပ်လျဉ်းသည့် ကြေညာချက်ကို အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရာတွင် အချင်းချင်း အပြန်အလှန် နားလည် ယုံကြည်မှု ရရှိရေး အလေးအနက်ထား ဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တရားနည်းလမ်းတကျ ဆောင်ရွက် ရန် ပြည်ထောင်စုလွှတ်တော်က အဆိုပါ ကြေညာချက်တွင် တိုက်တွန်း ထားသည်။

“လက်နက်ကိုင် ပဋိပက္ခတွေကနေ ငြိမ်းချမ်းရေး လုပ်တဲ့အခါ နှစ်ဘက်လုံး သူ့ဘက် ကိုယ့်ဘက် မျှမျှတတ တောင်းဆိုတာတွေ ညှိနှိုင်းတာတွေ ဆောင် ရွက်ဖို့အတွက် ရည်ရွယ်တာပါ” ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ရှင်းပြသည်။

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပြည်သူလူထုမှ ပူးပေါင်း ပါဝင်ရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး အသွင်ဆောင် ပဋိပက္မများ ထပ်မံ မဖြစ်ပွားစေရေး နိုင်ငံသား အချင်းချင်း ချစ်ခင် ရင်းနှီးစွာ နေထိုင်ကြရန် စသည့် အချက် ငါးချက် ပါသည့် ကြေညာ ချက်ကို နာယကသစ် သူရ ဦးရွှေမန်းက ဖတ်ကြားပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူ အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ လက်နက်ကိုင်တွေနဲ့ ဆွေးနွေးတဲ့အခါ တရားဥပဒေအတိုင်း ပဲ ဆောင်ရွက်တာပါ” ဟု မြန်မာ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် ကြေညာချက်တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ကို ထောက်ခံ အားပေးကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တွေ့ဆုံပွဲတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများကို ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီကို သတိပေး တိုက်တွန်းခဲ့သည်။

The Voice Weekly
နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အဆုံးသတ်နိုင်ရန် အစိုးရကဦးဆောင် ပြု လုပ် နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များတွင် မျှမျှတတ ဆောင်ရွက် ရန် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းကြောင်း ကြေညာချက် တစ်ရပ်ကို ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်း က လွှတ်တော် နာယကအဖြစ် တာဝန်လွှဲပြောင်းရယူအပြီးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များက ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံသား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရေး တို့နှင့် စပ်လျဉ်းသည့် ကြေညာချက်ကို အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရာတွင် အချင်းချင်းအပြန်အလှန် နားလည်ယုံကြည်မှု ရရှိရေး အလေးအနက်ထား ဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တရားနည်းလမ်း တကျ ဆောင် ရွက်ရန် ပြည်ထောင်စုလွှတ်တော်က အဆိုပါ ကြေညာချက်တွင် တိုက်တွန်း ထားသည်။

“လက်နက်ကိုင် ပဋိပက္ခတွေကနေ ငြိမ်းချမ်းရေး လုပ်တဲ့အခါ နှစ်ဘက်လုံး သူ့ဘက် ကိုယ့်ဘက် မျှမျှတတ တောင်းဆိုတာတွေ ညှိနှိုင်းတာတွေ ဆောင် ရွက်ဖို့အတွက် ရည်ရွယ်တာပါ” ဟု သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ရှင်းပြသည်။

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ရန်နှင့် တိုင်းဒေသ ကြီးနှင့် ပြည် နယ်အချို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး အသွင်ဆောင် ပဋိပက္မများ ထပ်မံမဖြစ် ပွားစေရေး နိုင်ငံ သား အချင်းချင်း ချစ်ခင် ရင်းနှီးစွာ နေထိုင်ကြရန် စသည့် အချက်ငါးချက်ပါသည့် ကြေ ညာချက်ကို နာယကသစ် သူရ ဦးရွှေမန်းက ဖတ်ကြားပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူ အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ လက်နက်ကိုင်တွေနဲ့ ဆွေးနွေးတဲ့အခါ တရားဥပဒေအတိုင်း ပဲ ဆောင်ရွက်တာပါ” ဟု မြန်မာ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အဆိုပါ ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း သည့် ကြေညာချက်တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ကို ထောက်ခံ အားပေးကြောင်း ထည့်သွင်း ဖော်ပြထားသည်။ ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တွေ့ဆုံပွဲတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများကို ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီကို သတိပေး တိုက်တွန်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment