Thursday, August 1, 2013

ရေကြီးမြေပြိုမှုများကြောင့် မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်းများ ရပ်တန့်သွား

Photo: ရေကြီးမြေပြိုမှုများကြောင့် မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်းများ ရပ်တန့်သွား
Thursday, August 1, 2013

ရေကြီးမှုနှင့် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ် ခဲ့မှုကြောင့် မြန်မာ-ထိုင်းအဓိက ကုန်သွယ်လမ်းကြောင်း၏ ကုန် သွယ်မှုလုပ်ငန်းများအားလုံး ရပ် တန့်သွားပြီဖြစ်ကြောင်း ဒေသခံ များနှင့် ကုန်စည်ပို့ ဆောင်သူ များ ၏ပြောဆိုမှု များအရ သိရသည်။ မြန်မာ နိုင်ငံ နှင့်ထိုင်းနိုင်ငံ ၏ အဓိကကုန်သွယ်လမ်းကြောင်း  တစ်ခုဖြစ်သည့် ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ ဒေါနတောင် ပေါ် ကားလမ်းတစ်လျှောက်မြေ ပြိုမှု နေရာ၃ဝခန့်ဖြစ်ပေါ်ခဲ့ပြီး နောက် ဇူလိုင်၃ဝ ရက်မှ စတင်ပြီး ကုန်သွယ် လုပ်ငန်း များ ရပ်တန့် သွားခြင်းဖြစ်ကြောင်း သိရသည်။

''အခုကော့ကရိတ်ကနေ ပြီး ကားတွေအားလုံးကို တားထား လိုက်ပြီ။ ယာဉ်တန်း အနည်းဆုံး နှစ်ပတ် ပိတ်မယ်လို့သိရတယ်။တောင်ပေါ်မှာ မြေပြိုနေတာက ဆိုင်ကယ်တောင် စီးလို့မရတော့ ဘူး။ လမ်းရှင်းမှုတွေကို သက်ဆိုင် ရာဘက်က လုပ်နေပေ မယ့် အင် အားနည်းနေတယ်''ဟု ကော့က ရိတ်မှဒေသခံ ဦးကျော်လွင်က ဇူ လိုင်၃၁ရက်တွင် ပြောသည်။ ပြီးခဲ့သည့်နှစ်များမှာလည်း သောင်ရင်းမြစ် ရေလျှံမှုကြောင့် ရေကြီးမှုများ ပုံမှန်ဖြစ်ပေါ်သော် လည်း ယခုဖြစ်စဉ်သည် သူနေ ထိုင်ခဲ့ သည့် ၁၃နှစ်ကျော်ကာလ အတွင်း ယင်းမြို့တွင်အဆိုးရွား ဆုံးရေကြီးမှုဖြစ်ကြောင်း ဒေသခံ ကိုမြင့်ဦးက ပြောသည်။

အဆိုပါ ဘားအံ-မြဝတီလမ်း ပိုင်း၏ အဓိကအစိတ်အပိုင်းတစ် ခုဖြစ်သည့် ကော့ကရိတ် ဒေါန တောင်ကျော်လမ်း၌ တောင်ပြို လမ်းပိတ်ဆို့ခြင်းကြောင့် တောင် ခြေရှိ ကော့ကရိတ်မြို့တွင် ခရီး သွားများနှင့် ကုန်တင်ကားကြီး များပိတ်မိနေပြီး သယ်ယူ ပို့ ဆောင် စရိတ်သည် အဆများစွာခုန်တက် သွားကြောင်း သိရသည်။ ဦးကျော်လွင်က ''အခုမြဝ တီကိုဆိုင်ကယ် ဒါမှမဟုတ် လမ်း လျှောက်တာကလွဲရင် အခြားဘာ မှ မောင်းလို့မရဘူး။ ဆိုင်ကယ်က လူတစ်ဦးကို ၃၀၀၀၀၊ အထုပ်ပါ ရင် ၄ဝဝဝဝ ဖြစ်သွားပြီ''ဟု ဒေါန တောင်တန်း၏ သယ်ယူပို့ဆောင် ရေး နောက်ဆုံးအခြေအနေများ ကိုပြောသည်။ ဇူလိုင်၂ရရက်မှ စတင်ခဲ့ သည့်မိုးရွာမှုကြောင့် ကရင်ပြည် နယ်မြို့တော် ဘားအံနှင့်အခြား နေရာအများစုတွင် ရေလွှမ်းနေ ပြီး အဓိက ကားလမ်းကြောင်းများ ဖြစ်သော ဘားအံ-ကျုံဒိုး-ကော့ ကရိတ်-မြဝတီ လမ်းပိုင်းများတွင် ရေလွှမ်းနေဆဲဖြစ်ကြောင်း ဒေသခံ တို့က ပြောသည်။

အဆိုပါ မိုးကြီးရေလျှံမှု ကြောင့် မြဝတီမြို့သောင်ရင်းမြစ် ကမ်းဘေးရှိ ယိုးဒယားပစ္စည်းသို လှောင်ထားသည့် ကုန်ဂိုဒေါင်များ အားလုံးသည်ရေနစ်မြုပ်ခဲ့ပြီး မြ ဝတီမြို့-ရန်ကုန်မြို့ကို စီးဆင်း သည့် ကုန်ပစ္စည်းလမ်းကြောင်းများ အားလုံး ရပ်တန့်နေ ကြောင်း မြ ဝတီဒေသခံတို့၏ ပြောဆိုမှုများ အရ သိရသည်။ အမည်မဖော်လိုသည့် အေး ဂျင့်တစ်ဦးက ''အခုမြဝတီ ကုန် သွယ်ရေးဇုန်က လုပ်ငန်းတွေရပ် ထားလိုက်ရပြီ။ တောင်ပေါ်လမ်း က ဆိုင်ကယ်တောင်သွားဖို့ခက် ခဲနေတော့ ကုန်သွယ် ရေး ဇုန်အ လုပ်မရှိတော့ဘူး''ဟု လမ်းကြောင်း အခြေအနေကို ပြောသည်။

ကျော်ဇေယျ ၊ စိုင်းဟန်
Yangon Media Group

မြန်မာ - ထိုင်း နယ်စပ်ဂိတ်တွင် ရေကြီးနေသည်ကို ဇူုလိုင် ၃၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - နေနေ (မဲဆောက်)
ရေကြီးမှုနှင့် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ် ခဲ့မှုကြောင့် မြန်မာ-ထိုင်းအဓိက ကုန်သွယ်လမ်းကြောင်း၏ ကုန် သွယ်မှုလုပ်ငန်းများအားလုံး ရပ် တန့်သွားပြီဖြစ်ကြောင်း ဒေသခံ များနှင့် ကုန်စည်ပို့ ဆောင်သူ များ ၏ပြောဆိုမှုများအရ သိရသည်။ မြန်မာ နိုင်ငံ နှင့်ထိုင်းနိုင်ငံ ၏ အဓိကကုန်သွယ်လမ်းကြောင်း တစ်ခုဖြစ် သည့် ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ ဒေါနတောင် ပေါ် ကားလမ်းတစ်လျှောက်မြေ ပြိုမှု နေရာ ၃ဝခန့်ဖြစ်ပေါ်ခဲ့ပြီး နောက် ဇူလိုင်၃ဝ ရက်မှ စတင်ပြီး ကုန်သွယ် လုပ်ငန်း များ ရပ်တန့် သွားခြင်းဖြစ်ကြောင်း သိရသည်။

''အခုကော့ကရိတ်ကနေ ပြီး ကားတွေအားလုံးကို တားထား လိုက်ပြီ။ ယာဉ်တန်း အနည်းဆုံး နှစ်ပတ် ပိတ်မယ်လို့သိရတယ်။တောင်ပေါ်မှာ မြေပြိုနေတာက ဆိုင်ကယ်တောင် စီးလို့မရတော့ ဘူး။ လမ်းရှင်းမှုတွေကို သက်ဆိုင် ရာဘက်က လုပ်နေပေ မယ့် အင် အားနည်းနေတယ်''ဟု ကော့က ရိတ်မှဒေသခံ ဦးကျော်လွင်က ဇူ လိုင်၃၁ရက်တွင် ပြောသည်။ ပြီးခဲ့သည့်နှစ်များ မှာလည်း သောင် ရင်းမြစ် ရေလျှံမှုကြောင့် ရေကြီးမှုများ ပုံမှန်ဖြစ်ပေါ်သော် လည်း ယခုဖြစ်စဉ်သည် သူနေ ထိုင်ခဲ့ သည့် ၁၃နှစ်ကျော်ကာလ အတွင်း ယင်းမြို့တွင်အဆိုးရွား ဆုံးရေကြီးမှုဖြစ်ကြောင်း ဒေသခံ ကိုမြင့်ဦး က ပြောသည်။

အဆိုပါ ဘားအံ-မြဝတီလမ်းပိုင်း၏ အဓိကအစိတ်အပိုင်းတစ် ခုဖြစ်သည့် ကော့ ကရိတ် ဒေါန တောင်ကျော်လမ်း၌ တောင်ပြို လမ်းပိတ် ဆို့ခြင်းကြောင့် တောင် ခြေရှိ ကော့ ကရိတ်မြို့ တွင် ခရီး သွားများနှင့် ကုန်တင်ကားကြီး များပိတ်မိနေပြီး သယ်ယူ ပို့ ဆောင် စရိတ်သည် အဆများစွာ ခုန်တက် သွားကြောင်း သိရသည်။ ဦးကျော်လွင်က ''အခုမြဝ တီကိုဆိုင်ကယ် ဒါမှမဟုတ် လမ်း လျှောက်တာကလွဲရင် အခြားဘာ မှ မောင်းလို့မရဘူး။ ဆိုင်ကယ်က လူတစ်ဦးကို ၃၀၀၀၀၊ အထုပ်ပါ ရင် ၄ဝဝဝဝ ဖြစ်သွားပြီ''ဟု ဒေါန တောင်တန်း၏ သယ်ယူပို့ဆောင် ရေး နောက်ဆုံး အခြေအနေများ ကိုပြောသည်။ ဇူလိုင်၂ရရက်မှ စတင်ခဲ့ သည့်မိုးရွာမှုကြောင့် ကရင်ပြည် နယ်မြို့တော် ဘားအံနှင့်အခြား နေရာအများစုတွင် ရေလွှမ်းနေ ပြီး အဓိက ကားလမ်းကြောင်းများ ဖြစ်သော ဘားအံ-ကျုံဒိုး-ကော့ ကရိတ်-မြဝတီ လမ်းပိုင်းများတွင် ရေလွှမ်းနေဆဲဖြစ်ကြောင်း ဒေသခံ တို့က ပြောသည်။

အဆိုပါ မိုးကြီးရေလျှံမှု ကြောင့် မြဝတီမြို့သောင်ရင်းမြစ် ကမ်းဘေးရှိ ယိုးဒယားပစ္စည်းသို လှောင်ထား သည့် ကုန်ဂိုဒေါင်များ အားလုံးသည်ရေနစ်မြုပ်ခဲ့ပြီး မြ ဝတီမြို့-ရန်ကုန်မြို့ကို စီးဆင်းသည့် ကုန်ပစ္စည်း လမ်းကြောင်းများ အားလုံး ရပ်တန့်နေ ကြောင်း မြ ဝတီဒေသခံတို့၏ ပြောဆိုမှုများ အရ သိရသည်။ အမည်မဖော်လိုသည့် အေး ဂျင့်တစ်ဦးက ''အခုမြဝတီ ကုန် သွယ်ရေးဇုန်က လုပ်ငန်းတွေရပ် ထားလိုက် ရပြီ။ တောင်ပေါ်လမ်း က ဆိုင်ကယ်တောင်သွားဖို့ခက် ခဲနေတော့ ကုန်သွယ် ရေး ဇုန်အလုပ် မရှိတော့ ဘူး''ဟု လမ်းကြောင်း အခြေအနေကို ပြောသည်။

ကျော်ဇေယျ ၊ စိုင်းဟန်
Yangon Media Group

မြန်မာ - ထိုင်း နယ်စပ်ဂိတ်တွင် ရေကြီးနေသည်ကို ဇူုလိုင် ၃၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - နေနေ (မဲဆောက်)

No comments:

Post a Comment