Thursday, August 8, 2013

စားသုံးသူ အခွင့်အရေး များကို သိရှိ လိုလျှင် ရှစ်လေးလုံးငွေရတုပွဲတော် တွင် လေ့လာနိုင်

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက စားသုံးသူအခွင့်အရေးများ သိရှိနိုင်ရန် ရည်ရွယ်ပြီး (၈)လေးလုံး ငွေရတုပွဲတော်တွင် ဆိုင်ခန်းဖွင့်လှစ်ပြီး လာရောက်လေ့လာသူများ သိရှိလိုသည့် စားသုံးသူ အခွင့်အရေးများကို ပွဲတော်ရက်ဖြစ်သည့် သြဂုတ်(၆)ရက်၊ (၇)ရက်နှင့် (၈)ရက်နေ့များတွင် ရှင်းလင်းပေး သွားမည်ဟု သိရသည်။

 မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းသည် အဆိုပါ ပွဲတော်တွင် သြဂဲနစ် အစားအစာများ၊ စားသုံးသူအခွင့်အရေးအကြောင်း သိကောင်းစရာစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် Chemical အစားအစာများကြောင့် ဖြစ်ပွားတတ်သော ရောဂါအကြောင်းအရာများကို ပါဝင်ပြသရောင်း ချနေသည်။ သြဂဲနစ်အစားအစာများနှင့်ပတ်သက်ပြီး အသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်မတို့ အသင်းက စားသုံးသူ အခွင့်အရေးအပြည့်အ၀ရရှိဖို့ လုပ်ဆောင်နေသလို ပိုးသတ်ဆေးမသုံးဘဲ သဘာဝအတိုင်း၊ သီးပင် စားပင် တွေစိုက်ပျိုးနေသူတွေကိုလည်း စားသုံးသူကာကွယ်ရေးအသင်းက အသိအမှတ်ပြုတဲ့ အနေနဲ့ လက် မှတ်တွေ ထုတ်ပေးနေပါတယ်။

 မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ မြန်မာနိုင်ငံရဲ့ အစား အသောက်တွေဟာ Chemical ကင်းစင်ဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့်(၃)နှစ် လောက်စိုက်ပျိုး ထုတ်လုပ်သူတွေကသာ ပိုးသတ်ဆေး၊ မြေ သြဇာတွေရဲ့ ဆိုးကျိုးတွေကို သိလာမယ်ဆိုရင် မြန်မာနိုင်ငံမှာ သြဂဲနစ်အစားအသောက် စစ်စစ်ရသွား မှာဖြစ်တယ်” ဟု ပြောပြခဲ့သည်။ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက ပြည်သူများ အကျိုးရှိစေ ရန် ရည်ရွယ်ပြီး ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ အသုံးပြုပြီး ရရှိလာသောသီးနှံများ၏ ဘေးထွက် ဆိုးကျိုးများနှင့် ပြည်တွင်း၊ ပြည်ပမှ အန္တရာယ်ဖြစ်စေနိုင်လောက်သည့် အစားအစာများကို စစ်ဆေးရာတွင် ထိရောက်ရန်အတွက် ရည်ရွယ်ပြီး သြဂုတ် (၁၁)ရက်နေ့တွင် လှိုင်မြို့နယ်အတွင်းရှိ လှိုင်ရတနာအိမ်ရာ၌ ရုံးချုပ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

SkyNet TV Browser

No comments:

Post a Comment