Thursday, August 8, 2013

ဒေါ်လာဈေး တက်ပြီးလေလံဈေးကွက် တက်နေသော်လည်း ပြည်တွင်း ကားဈေးကွက် တွင် အရောင်း အဝယ် ဆက်လက် ကျဆင်းနေ

 လက်ရှိပြည်တွင်းတွင် အမေရိကန်ဒေါ်လာဈေးနှုန်းများသည် အတက်ဘက်ကို ဆက်လက်ဦးတည်နေပြီး ဂျပန်နိုင်ငံ၏ ကားလေလံဈေးကွက်သည် ဂျပန်ငွေဈေးနှုန်းမြင့်တက်မှုနှင့် အတူအတက်ဘက်ကို ဆက်လက်ဦးတည်နကြောင်းပြည်တွင်းကားဝယ်၊ ရောင်းဈေးကွက်တွင် ကားဈေးနှုန်း သည် မြင့်တက်နေ သည်။သို့ပေမယ့် အရောင်းအဝယ်ဈေးကွက်များ ကျဆင်းနေဆဲ ဖြစ်ကြောင်းပြည်တွင်း ကားဈေးကွက် လုပ်ငန်း အသိုင်းအဝိုင်းမှသိရသည်။

“နှစ်စဉ်မိုးရာသီအချိန်ကို ရောက်ရင် ကားအရောင်းအဝယ် ဈေးကွက် အနည်းငယ်ကျဆင်းတတ်ပေမယ့် ဒီနှစ်မိုးရာသီမှာတော့ဒေါ်လာဈေးတက်၊ ကားဈေးတက်ပြီးဂျပန်လေလံဈေးကွက်ပါမြင့်တက်နေပေ မယ့်ပြည် တွင်း ကားဈေးကွက်မှာလည်း ကားဝင်ရောက်မှုများပြားနေသလို အရောင်းအဝယ် ဈေးကွက် ကကျဆင်းနေတုန်းပါပဲ၊ လက်ရှိအချိန်မှာဆိုရင်လည်း အပ်ကား အက္ခရာတွေရဲ့စလစ်ဈေးနှုန်းပါ မြင့်တက်နေပြီးအမည်ပေါက်ဆိုရင်(၁၀၅) သိန်းရှိနေသလို အမည်ပေါက်မဟုတ်ရင်(၁၀၂)သိန်းအထိ ရှိနေပါတယ်။ အပ်ကားတွေကတော့(၉၈)သိန်းအထိ ပေါက်ဈေးရှိနေပြီး လက်ရှိအချိန်မှာဆိုရင် ကားဈေးကွက် ထဲမှာ(သ)အက္ခရာ အပ်ကားတွေတောင်အ ရောင်းအ၀ယ်နည်းပါးနေပါတယ်။ လက်ရှိ ကားဈေးကွက် အနေအထားမှာတော့ အပ်နှံအက္ခရာဝယ်ယူစုဆောင်းတဲ့ လုပ်ငန်းရှင်တွေသာ အပ်ကားအက္ခရာရှိနေပါတယ်”ဟုပြည်တွင်း ကားဈေးကွက်လုပ်ငန်းကျွမ်းကျင်သူအချို့ သူတွေ ကပြော ကြားသည်။လက်ရှိအချိန်ကာလတွင် ပြည်တွင်းက အပ်နှံကား အက္ခရာသည် (သ)နံပါတ် ကိုရောက် ရှိနေပြီး အပ်ကားစလစ်များပါ ဈေန်းအတက်ဘက်ကို ဦးတည်နေကြောင်း သတင်းရရှိသည်။

SkyNet TV Browser

No comments:

Post a Comment