ဒီလို တွေ့ဆုံမှုတွေက နောက်ထပ် အကြမ်းဖက်မဖြစ်အောင် တားဆီးနိုင်မယ့် အဓိက အချက် အဖြစ် မြင်ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့
သောကြာနေ့က လုံထိန်းရဲတွေနဲ့ မွတ်စလင်တွေကြား ပဋိပက္ခဖြစ်ခဲ့ပြီး
မွတ်စလင်တစ်ဦးသေ ဆုံးခဲ့ရပြီးနောက် ကုလသမဂ္ဂက အရာရှိက ခုလို
ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ကုလသမဂ္ဂ
လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ
တိုမတ်စ်အိုဟေး ကင်တားနားကလည်း ရခိုင်ပြည်နယ်ကို နှစ်ရက်ကြာလည်ပတ်ခဲ့ပြီး
ခုအခါမှာ ရန်ကုန်မြို့ ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်
ခရီးစဉ်အတွင်း ရိုဟင်ဂျာမွတ်စလင်တွေ အများစုနေထိုင်တဲ့ စစ်တွေမြို့ က
အောင် မင်္ဂလာရပ်ကွက်ကို လည်ပတ်ခဲ့ပြီး လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ နဲ့
တွေ့ဆုံခဲ့ပါတယ်။
အဲ့ဒါ့အပြင် စစ်တွေမြို့အကျဉ်းထောင်ကိုလည်း လည်ပတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကို အလာမှာ ဆန္ဒပြမှုတွေနဲ့ ကြုံခဲ့ရသလိုပဲ အပြန်မှာလည်း သူ့ကို ဆန့်ကျင်ဆန္ဒပြ ခဲ့ကြတယ်လို့ သိရပါတယ်။
မစ္စတာကင်တားနားဟာ
ကချင်ပြည်နယ်၊ မိတ္တီလာမြို့အပြင် တခြားဒေသကိုလည်း
သွားရောက်လေ့လာ ဖို့ရှိပြီး ဆယ်ရက်ကြာ ခရီးစဉ် အဆုံးသတ်တဲ့နေ့မှာတော့
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ABC Radio
No comments:
Post a Comment