Tuesday, August 20, 2013

နိုင်ငံရေး အကျဉ်းသားများလွှတ်ရေး ဆန္ဒပြဆရာတော် တောင်ငူရောက်

Photo: နိုင်ငံရေး အကျဉ်းသားများလွှတ်ရေး ဆန္ဒပြဆရာတော် တောင်ငူရောက်
Tuesday, August 20, 2013

အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုနေ တဲ့ မြောက်ဒဂုံမြို့နယ်၊ သီရိအောင်မြေ ကျောင်းတိုက် ဆရာတော် ဦးရက္ခဝံသဟာ ရန်ကုန်ကနေ မန္တလေးအထိ လမ်းလျှောက်နေရာမှာ ဒီနေ့ ပဲခူးတိုင်း၊ တောင်ငူမြို့ကို ရောက်ရှိနေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ကနေ စတင် လမ်းလျှောက်ကြွနေတာဖြစ်ပြီး လမ်းတစ်လျှောက် ခရီးစဉ်အကြောင်းကို ဆရာတော် ဦးရက္ခ၀ံသက RFAကို အခုလို မိန့်ပါတယ်။

"ရန်ကုန်မြို့တွင်းမှာတော့ တားဆီးတာတို့ ဘာတို့ရှိတယ်၊ မြို့ပြင်ရောက်တာနဲ့ အတားအဆီး ဘာမှမရှိဘူး၊ လိုအပ်တဲ့အကူအညီတွေ ရှိရင်ပြောပါလို့ လာပြောတာတွေရှိတယ်၊ မြို့တစ်မြို့ဝင်လာရင် လူတွေနည်းနည်းလိုက်ပေး တာတွေ၊ နောက်နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်ခဲ့တဲ့မိသားစုတွေလာတယ်၊ ဦးဇင်းကို အားပေးတယ်"

ဆရာတော် ဦးရက္ခ၀ံသဟာ တစ်ရက်ကို မိုင်၂၀ လမ်းလျှောက်နေတာဖြစ်ပြီး ညဘက်တွေမှာတော့ ရောက်ရှိတဲ့ နယ်ဒေသတွေက ဘုန်းကြီးကျောင်းတွေမှာ သီတင်းသုံးတယ်လို့ သိရပါတယ်။

လမ်းလျှောက် ခရီးထွက်လာတာဟာ ဒီနေ့ဆိုရင် ၉ ရက်မြောက်နေ့ ရောက်ရှိပြီဖြစ်တာကြောင့် မန္တလေးကို ရောက်ရှိဖို့ ၁၅ ရက်နီးပါးကြာမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

ဆရာတော် ဦးရက္ခဝံသဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကလည်း လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တစ်ပါးတည်း ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ 

RFA Burmese

ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ၃ ရက်နေ့က တကိုယ်တော် ဆန္ဒပြနေသော ဆရာတော် ဦးရက္ခဝံသကို တွေ့ရစဉ်
အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုနေ တဲ့ မြောက်ဒဂုံမြို့နယ်၊ သီရိအောင်မြေ ကျောင်းတိုက် ဆရာတော် ဦးရက္ခဝံသဟာ ရန်ကုန်ကနေ မန္တလေးအထိ လမ်းလျှောက်နေရာမှာ ဒီနေ့ ပဲခူးတိုင်း၊ တောင်ငူမြို့ကို ရောက်ရှိနေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ကနေ စတင် လမ်းလျှောက်ကြွနေတာဖြစ်ပြီး လမ်း တစ်လျှောက် ခရီးစဉ်အကြောင်းကို ဆရာတော် ဦးရက္ခ၀ံသက RFAကို အခုလို မိန့်ပါတယ်။

"ရန်ကုန်မြို့တွင်းမှာတော့ တားဆီးတာတို့ ဘာတို့ရှိတယ်၊ မြို့ပြင်ရောက်တာနဲ့ အတားအဆီး ဘာမှမရှိဘူး၊ လိုအပ်တဲ့အကူအညီတွေ ရှိရင်ပြောပါလို့ လာပြောတာတွေရှိတယ်၊ မြို့တစ်မြို့ဝင်လာရင် လူတွေနည်းနည်းလိုက်ပေး တာတွေ၊ နောက်နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်ခဲ့တဲ့ မိသားစုတွေ လာတယ်၊ ဦးဇင်းကို အားပေးတယ်"

ဆရာတော် ဦးရက္ခ၀ံသဟာ တစ်ရက်ကို မိုင်၂၀ လမ်းလျှောက်နေတာဖြစ်ပြီး ညဘက်တွေ မှာတော့ ရောက်ရှိတဲ့ နယ်ဒေသတွေက ဘုန်းကြီးကျောင်းတွေမှာ သီတင်းသုံးတယ်လို့ သိရပါတယ်။

လမ်းလျှောက် ခရီးထွက်လာတာဟာ ဒီနေ့ဆိုရင် ၉ ရက်မြောက်နေ့ ရောက်ရှိပြီဖြစ်တာကြောင့် မန္တလေးကို ရောက်ရှိဖို့ ၁၅ ရက်နီးပါးကြာမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

ဆရာတော် ဦးရက္ခဝံသဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကလည်း လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တစ်ပါးတည်း ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

RFA Burmese

ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ၃ ရက်နေ့က တကိုယ်တော် ဆန္ဒပြနေသော ဆရာတော် ဦးရက္ခဝံသကို တွေ့ရစဉ်

No comments:

Post a Comment