Wednesday, August 21, 2013

ဆေးသောက်နည်းလမ်းညွှန်

ဆေးသောက်နည်းလမ်းညွှန်
******************

ထမင်းမစားခင် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင်-

· ထမင်းမစားခင် နာရီဝက်အလိုမှာ ဆေးသောက်ပါ။

· ထမင်းမစားခင် ၂ မိနစ်လောက်အလိုမှ အချိန်ကပ်၍မသောက်ပါနှင့်။၊

· (အကြောင်းကတော့ အစာနဲ့ ဆေးသောက်ချိန်နီးတဲ့အခါ၊ အချို့ သောဆေးများက အစားအစာထဲရောပါပြီး၊ ဆေးစွမ်း သတ္တိဓာတ်ပြယ်သွားစေလို့ ပါ)

ထမင်းစားပြီးနောက် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင်-

· ထမင်းစားပြီးနောက် ၅ မိနစ်(သို့ မဟုတ်)၁၀ မိနစ်ခန့် ကြာမှဆေးသောက်ပါ။

· (အကြောင်းကတော့ အချို့ ဆေးများက အစာအိမ်ကို အနှောင့်အယှက်ပြု၍ မအီမသာဖြစ်စေသလို၊ အချို့ ဆေးများ ကလည်း အစာဟောင်းနှင့်ရော၍ မစင်အဖြစ်ပါသွားတာကြောင့် ဆေးမတိုးတော့ပါဘူး)

ဆေးပတ်လည်အောင် သောက်ပါ။

· နေကောင်းသွားသည့်တိုင်အောင် သောက်လက်စဆေးကို ရပ်မပစ်ပါနှင့်၊ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင် ဆက်သောက်ပါ။

· (အကြောင်းကတော့ ဥပမာ-အဖျားကျသွားသော်လည်း၊ ခန္ဒာကိုယ်ထဲမှာ ငုပ်လျှိုးကျန်ရစ်နေသေးတဲ့ အင်အားကြီး အဖျားပိုးက လူကို ထပ်မံဖျားနာစေတတ်လို့ အမြစ်ပြတ်ချေမှုန်းသည့်အနေဖြင့် ဆေးညွှန်းကုန်အောင်ဆက်သောက်ပါ)

ဗိုက်တာမင်အားဆေး တစ်ခုခုမှီဝဲရမည်ဆိုပါလျှင်-

· ဆေးသောက်ရန် အကောင်းဆုံးအချိန်က နေ့ လည်စာ ထမင်းစားပြီးနောက် ၅ မိနစ်(သို့ မဟုတ်)၁၀ မိနစ်ခန့် ကြာမှ သောက်ရမှာ ဖြစ်ပါတယ်။

· ဗိုက်ထဲ အစာမရှိဘဲ (လုံးဝ) အားဆေးမသောက်ပါနှင့်။

· (အကြောင်းကတော့ အထူးသဖြင့် ဗီတာမင်ဘီ နှင့် စီ အားဖြည့်ဆေးများဟာ ဆီးအဖြစ် ချက်ချင်းစွန့် ပါသွားတဲ့အတွက် ဆေးအာနိသင်ပျက်ပြယ်သွားကာ သောက်သမျှအားဆေး အချည်းနှီးဖြစ်စေပါတော့တယ်)


(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း။ Medical Internet News : Directions to take medicine)


အေးချမ်းမွန် Credit To > ကျန်းမာရေးစာတိုများစုစည်းမှု < Thanks
Re-posted By ACM 21-8-2013 
https://www.facebook.com/excellencemedia
ထမင်းမစားခင် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင်-

· ထမင်းမစားခင် နာရီဝက်အလိုမှာ ဆေးသောက်ပါ။

· ထမင်းမစားခင် ၂ မိနစ်လောက်အလိုမှ အချိန်ကပ်၍မသောက်ပါနှင့်။၊

· (အကြောင်းကတော့ အစာနဲ့ ဆေးသောက်ချိန်နီးတဲ့အခါ၊ အချို့ သောဆေးများက အစားအစာထဲရော ပါပြီး၊ ဆေးစွမ်း သတ္တိဓာတ်ပြယ်သွားစေလို့ ပါ)

ထမင်းစားပြီးနောက် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင်-

· ထမင်းစားပြီးနောက် ၅ မိနစ်(သို့ မဟုတ်)၁၀ မိနစ်ခန့် ကြာမှဆေးသောက်ပါ။

· (အကြောင်းကတော့ အချို့ ဆေးများက အစာအိမ်ကို အနှောင့်အယှက်ပြု၍ မအီမသာဖြစ်စေသလို၊ အချို့ ဆေးများ ကလည်း အစာဟောင်းနှင့်ရော၍ မစင်အဖြစ်ပါသွားတာကြောင့် ဆေးမတိုးတော့ပါဘူး)

ဆေးပတ်လည်အောင် သောက်ပါ။

· နေကောင်းသွားသည့်တိုင်အောင် သောက်လက်စဆေးကို ရပ်မပစ်ပါနှင့်၊ ဆရာဝန် ညွှန်ကြားသည့် အတိုင်း ဆေးပတ်လည်အောင် ဆက်သောက်ပါ။

· (အကြောင်းကတော့ ဥပမာ-အဖျားကျသွားသော်လည်း၊ ခန္ဒာကိုယ်ထဲမှာ ငုပ်လျှိုးကျန်ရစ်နေသေးတဲ့ အင်အားကြီး အဖျားပိုးက လူကို ထပ်မံဖျားနာစေတတ်လို့ အမြစ်ပြတ်ချေမှုန်းသည့်အနေဖြင့် ဆေးညွှန်း ကုန်အောင်ဆက်သောက်ပါ)

ဗိုက်တာမင်အားဆေး တစ်ခုခုမှီဝဲရမည်ဆိုပါလျှင်-

· ဆေးသောက်ရန် အကောင်းဆုံးအချိန်က နေ့ လည်စာ ထမင်းစားပြီးနောက် ၅ မိနစ်(သို့ မဟုတ်)၁၀ မိနစ်ခန့် ကြာမှ သောက်ရမှာ ဖြစ်ပါတယ်။

· ဗိုက်ထဲ အစာမရှိဘဲ (လုံးဝ) အားဆေးမသောက်ပါနှင့်။

· (အကြောင်းကတော့ အထူးသဖြင့် ဗီတာမင်ဘီ နှင့် စီ အားဖြည့်ဆေးများဟာ ဆီးအဖြစ် ချက်ချင်းစွန့် ပါသွားတဲ့အတွက် ဆေးအာနိသင်ပျက်ပြယ်သွားကာ သောက်သမျှအားဆေး အချည်းနှီးဖြစ်စေပါတော့တယ်)


(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း။ Medical Internet News : Directions to take medicine)


No comments:

Post a Comment