Wednesday, August 21, 2013

နိုင်ငံတကာ သတင်းတိုများ

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအိမ်ခြေရာမဲ့ ၂၀၀ ကျော်ရှိနေပြီး၊ အများစုမှာအရက်စွဲနေသူများဖြစ်ကြောင်း သြဂုတ် ၂၀ ရက်က ဘန်ကောက်ပို့စ်သတင်းစာမှ ဖော်ပြထားသည်။ ထိုင်းလူမျိုးအိုးအိမ်မဲ့ ၃၀၀၀၀ ကျော် ရှိနေပြီး၊ အများစုမှာ စိတ်ကျဝေဒနာခံစားရကြောင်းလည်း သတင်းစာမှ ဖော်ပြထားသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းတွင် ဆီးရီးယားအရပ်သား ၃၀,၀၀၀ ခန့် အီရတ်နိုင်ငံအတွင်းသို့ ထွက်ပြေး ခိုလှုံလာသည်ဟု ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီမှ ပြောကြားခဲ့ကြောင်း သြဂုတ် ၂၀ရက် က အေအပ်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။ ယင်းမှာ ပြည်တွင်းစစ်ပွဲများ စတင်ပြီးနောက် ပိုင်းတွင် အကြီးမားဆုံး ပြောင်းရွှေ့မှုတစ်ရပ် ဖြစ်သည်။

ဆီးရီးယားပြည်တွင်းစစ်အား အဆုံးသတ်စေမည့် ငြိမ်းချမ်းရေးဆွေးနွေး မှုတစ်ရပ် ပြုလုပ်ရန် အစီစဉ် များကို ဆွေးနွေးရန်လာမည့်သတင်းပတ်တွင် အမေရိကန် ထိပ်တန်း သံတမန်များနှင့် ရုရှား ကိုယ်စား လှယ်များ Hague မြို့တွင်တွေ့ဆုံလိမ့်မည်အမေရိကန်အစိုးရ၏ ပြောခွင့်ရအမျိုးသမီးတစ်ဦးကပြော ကြားခဲ့ကြောင်း သြဂုတ် ၂၀ ရက်က အေအက်ဖ်ပီ သတင်းဌာန မှ ဖော်ပြထားသည်။

 ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍ များတွင် ပုဂ္ဂလိကပိုင်လုပ်ငန်းများ ၀င်ရောက်နိုင်စေရန်အတွက် နိုင်ငံ ပိုင်ရေနံကုမ္ပဏီ ပီမက်အား ပုဂ်္ဂိလိကပိုင် ပြောင်းလဲခြင်းဖြင့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြောင်းလဲရန်မလိုအပ်တော့မည့် အစီအစဉ်အား မက္ကဆီကို၏ အကြီးဆုံးလက်ဝဲ ပါတီ တစ်ခုမှ တင်ပြထားကြောင်း သြဂုတ် ၂၀ ရက်က အေအပ်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

စင်ကာပူနိုင်ငံ၏ကောင်းကင်တွင် မြူဆိုင်းမှုများပြန်လည် ဖြစ်ပွားနေပြီး၊ မီးခိုးနံ့များလည်းရနေကြောင်း သြဂုတ် ၂၀ ရက်က ချယ်နယ်နယူးအေးရှား သတင်းဌာနမှ ဖော်ပြထားသည်။ အကြောင်းရင်းကိုမူ ယခု အချိန်ထိ မသိရသေးပေ။
မဇ္ဈိမ

No comments:

Post a Comment