ဒါပေမယ့်
ရဲအာဏာပိုင်တွေက မြေညီထပ်ပိတ်ချလိုက်နိုင်ပြီး ရိုဟင်ဂျာတွေနဲ့
ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တဲ့ အကြောင်း၊ ဒါပေမယ့် ရိုဟင်ဂျာတွေက
အခန်းထဲပြန်ဖို့ ငြင်းဆိုခဲ့ပြီး အပြင်ထွက်နိုင်ဖို့
ကြိုးစားခဲ့တဲ့ အကြောင်း၊ အဲဒါကြောင့် သူတို့ကို
အပြင်ထွက်လို့မရအောင်တားဆီးကာကွယ်တဲ့အနေနဲ့ မီးသတ် ပိုက်တွေသုံးပြီး
နှိမ်နှင်းခဲ့ရတယ်လို့ ဖန်ငခရိုင် ရဲအရာရှိတစ်ဦးကပြောပါတယ်။
ရဲတွေက
ရိုဟင်ဂျာတွေကို ငါးယောက်တတွဲ အပြင်ထွက်ခွင့်ပြုဖို့ခဲ့ပေမယ့်
ရိုဟင်ဂျာတွေက အုပ်စုလိုက် ထွက်ချင်တဲ့အတွက် အခုလို
အခြေအနေတင်းမာမှုမျိုးတွေဖြစ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအနေနဲ့
ထိန်းသိမ်းရေးစခန်း ဖျက်ဆီးထိုးဖောက်တဲ့ အထဲမှာ ပါဝင်တဲ့သူတွေကိုတော့
ရဲစခန်း ကိုပို့ဆောင် ထိန်းသိမ်းထားတယ်လို့သိရပါတယ်။
ခိုလုံခွင့်
တောင်းခံဖို့အတွက် ထိုင်းနိုင်ငံအတွင်းမှာ လှေတွေနဲ့ ရောက်လာပြီး
ထိုင်းအာဏာပိုင်တွေ ထိန်းသိမ်းခံရတဲ့ ရိုဟင်ဂျာတွေ
အမြောက်အများရှိနေတယ်လို့သိရပါတယ်။
ABC Radio
No comments:
Post a Comment