Monday, September 30, 2013

လက်ပံတောင်းတောင်သို့ ချီတက်ဆန္ဒပြသူတွေ တားဆီးခံရ


 
လက်ပံတောင်းတောင်ဒေသရှိ လယ်တီဆရာတော်ဘုရားရဲ့သိမ်တော်နဲ့ ဒဿနိက အဆောက် အအုံ တွေ ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးဖို့တွက် မန္တလေးကနေ လက်ပံတောင်းတောင်ကို ချီတက်ဆန္ဒပြ လာစဉ် လမ်းမှာ အာဏာပိုင်တွေရဲ့ တားဆီးမှုခံခဲ့ရတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် အကြမ်းဖက်ခံခဲ့ရတဲ့ ဆယ်လပြည့်တဲ့ စက်တင်ဘာ ၂၉ရက်နေ့မှာ ချီတက် ဆန္ဒပြတာဖြစ်ပြီး သံယာတော် ၃ပါးနဲ့ ပြည်သူ ၄၀ကျော်လောက်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒီလကုန်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပြန်လည်စတင်တော့မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေ က တရားဝင်အသိ ပေးပြောကြားလာပြီးနောက် လယ်တီဆရာတော်ဘုရားရဲ့ သိမ်တော်နဲ့ ဒဿနိက အဆောက် အအုံတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် လမ်းလျောက်ဆန္ဒပြတာ ဖြစ်ပါတယ်။

ချီတက်ဆန္ဒပြသူတွေဟာ စစ်ကိုင်းမြို့အ၀င်မှာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ကနေ တားမြစ်ခဲ့တဲ့ အကြောင်း ချီတက်ဆန္ဒပြရာမှာပါဝင်တဲ့ ဆရာတော် ဦးစန္ဒာသီရိက အခုလိုမိန့်ကြား ပါတယ်။

“ဦးပဇင်းတို့ စစ်ကိုင်းတံတားအလွန်မှာပေါ့နော်၊ လုံထိန်အင်အား ၁၀၀ ခန့်ကနေပြီးတော့မှပေါ့နော် သံဃာ တော်ကိုလည်း အရှေ့ကနေပြီးနေတော့ တုတ်တွေကို ကိုင်ပြီးတော့ တားတယ်ပေါ့၊ အဲဒီမှာနဲနဲလေး မိနစ် ပိုင်းလောက် ရွာသားတွေကို စဆွဲတယ်ပေါ့၊ ဦးပဇင်းကတော့ ကိုယ်ထိလက်ရောက်တကာကြီးတို့ မကျူးလွန်ဖို့ ပြောတဲ့အတွက် သူတို့ကနေပြီးတော့ နောက်ဆုတ်သွားတဲ့အချိန်မှာ ဦးပဇင်းက ဘေးကနေ ပတ်ပြီးတော့ ရှေ့ကိုပဲချီတက်လာတာ အင်အားစုအားလုံးပဲ တယောက်မှအဖမ်းမခံရပဲနဲ့ ဦးပဇင်းတို့ စစ်ကိုင်းကောင်းမှုတော် အကျော်ပေါ့ စိန်ရတနာ ဓမ္မာရုံကျောင်းကြီးထဲမှာ အေးအေးဆေးဆေး အားလုံးပဲအနားယူနေကြပါပြီ။”

အစကလမ်းလျောက်ချီတက် ဆန္ဒပြတဲ့အထဲက ၂ဦးကို အာဏာပိုင်တွေကဖမ်းဆီး ခဲ့ပြီး နောက်ပိုင်း မှာ ပြန်လွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ပံတောင်းတောင်ဒေသခံတွေကို အခုလ ၃၀ရက်နေ့နောက် ဆုံးထားပြီးမြေယာလျော်ကြေးထုတ်ယူကြဖို့ အာဏာပိုင်တွေဘက်က ဖိအားပေးမှုတွေရှိနေသလို အခုလ ၂၈ရက်ရက်နေ့ကလည်း လိပ်ခွံတောင်ဘက်မှာ လုံထိန်းရဲတွေဝင်ရောက်နေရာယူလိုက်တဲ့အတွက် အခြေအနေတွေတင်းမာနေပါတယ်။

လမ်းလျောက်ချီတက်တဲ့အဖွဲ့ဟာ ဒီကနေ့ဆိုရင် စစ်ကိုင်းမြို့ကနေ လက်ပံတောင်းတောင်ကို ဆက်လက် ချီတက်သွားမယ်လို့ သိရတဲ့အကြောင်း ရေဒီယို သြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ABC Radio Australia

မကြာသေးခင်ကပဲ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆန္ဒပြကန့်ကွက်ကြတဲ့ ဒေသခံပြည်သူများ (Credit: ABC)

No comments:

Post a Comment