Monday, September 30, 2013

အကြမ်းဖမ်သမားကြောင့် အိပ်နေတဲ့ ကျောင်းသား အယောက် ၄၀ သေဆုံး

Photo: အကြမ်းဖမ်သမားကြောင့် အိပ်နေတဲ့ ကျောင်းသား အယောက် ၄၀ သေဆုံး
Monday, September 30, 2013

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက စိုက်ပျိုးရေးဆိုင်ရာ ကောလိပ်တခုမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ၀င်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းသူကျောင်းသား အနည်းဆုံး အယောက် ၄၀လောက် သေဆုံးခဲ့တယ်လို့ နိုင်ဂျီးရီးယား စစ်တပ်ကပြောပါတယ်။

အဆိုပါ လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ Boko Haram အဖွဲ့ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယား စစ်တပ်ရဲ့ အဆိုအရ လက်နက်ကိုင်သမားတွေဟာ ညအချိန် အိပ်ပျော်နေတဲ့ ကျောင်းသားတွေကို ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျောင်းစာသင်ခန်းတွေကိုလည်း မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိအခြေအနေအရ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နိုင်ငံဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ အီရန်နိုင်ငံ Baghdad မြို့မှာလည်း အသေခံဗုံးခွဲမှုတစ်ခုကြောင့် လူပေါင်း ၂၄ဦးသေဆုံးခဲ့ပြီး ၂၇ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခု အသေခံ ဗုံးခွဲတိုက်ခိုက် မှုနဲ့ဆိုရင် စက်တင်ဘာလအတွင်းမှာပဲ ပဋိပက္ခကြောင့် သေဆုံးသူအယောက်ပေါင်း ၇၉၀ ရှိသွားပြီး ဒီတနှစ်အတွင်းဆိုရင် သေဆုံးသူ အယောက်ပေါင်း ၄၆၀၀ ကျော်သွားပြီးလို့သိရပါတယ်။

ABC Radio Australia

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ Boko Haram ခေါင်းဆောင်ကို ဗီဒီယိုတခုမှာတွေ့ရစဉ် (Credit: ABC)
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက စိုက်ပျိုးရေးဆိုင်ရာ ကောလိပ်တခုမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ၀င်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းသူကျောင်းသား အနည်းဆုံး အယောက် ၄၀လောက် သေဆုံးခဲ့ တယ်လို့ နိုင်ဂျီးရီးယား စစ်တပ်ကပြောပါတယ်။

အဆိုပါ လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ Boko Haram အဖွဲ့ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယား စစ်တပ်ရဲ့ အဆိုအရ လက်နက်ကိုင်သမားတွေဟာ ညအချိန် အိပ်ပျော်နေ တဲ့ ကျောင်းသားတွေ ကို ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျောင်းစာသင်ခန်းတွေကိုလည်း မီးရှို့ခဲ့တယ် လို့ ပြောပါတယ်။

လက်ရှိအခြေအနေအရ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နိုင်ငံဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ အီရန်နိုင်ငံ Baghdad မြို့မှာလည်း အသေခံဗုံးခွဲမှုတစ်ခုကြောင့် လူပေါင်း ၂၄ဦးသေဆုံးခဲ့ပြီး ၂၇ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခု အသေခံ ဗုံးခွဲတိုက်ခိုက် မှုနဲ့ဆိုရင် စက်တင်ဘာလအတွင်းမှာပဲ ပဋိပက္ခကြောင့် သေဆုံးသူအယောက်ပေါင်း ၇၉၀ ရှိသွားပြီး ဒီတနှစ် အတွင်းဆိုရင် သေဆုံးသူ အယောက်ပေါင်း ၄၆၀၀ ကျော်သွားပြီးလို့သိရပါတယ်။

ABC Radio Australia

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ Boko Haram ခေါင်းဆောင်ကို ဗီဒီယိုတခုမှာတွေ့ရစဉ် (Credit: ABC)

No comments:

Post a Comment