(ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံ မြင့်အား ရှင်းလင်းပွဲတွင် တွေ့ရ စဉ်) |
နေပြည်တော်ကောင်စီ
ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာအတွင်းရှိ ထွန်တုံး တိုက်ပွဲ
ဆင်နွှဲခဲ့သူများကို ညပိုင်း ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းမှာ ဥပဒေ အရ
ဆောင်ရွက်ခြင်းဖြစ်ပြီး ပြဿနာဖြစ်ပွားအောင် ၀င်ရောက် စွက်ဖက် ခဲ့သူများကို
ဖော်ထုတ်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ် မှူးချုပ်
ကျော်ဇံမြင့် က စက်တင်ဘာ ၂၇ ရက်က နေပြည်တော် တွင် သတင်းထောက်များနှင့်
တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။
ဝဲကြီးကျေးရွာသားများသည်
ပြန်ကြားရေးဝန်ကြီးဌာနမှ သိမ်းယူခဲ့သည့် ၎င်းတို့လုပ်ကိုင်ခဲ့သော လယ်
ယာမြေနေရာများတွင် စက်တင်ဘာ ၁၂ ရက်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့်
ဖြစ်စဉ်မှအစပြု၍ ရဲတပ်ဖွဲ့ အင်အား ၆၀ ခန့်က စက်တင်ဘာ ၁၉ ရက် နံနက် ၂
နာရီအချိန်တွင် ၀င်ရောက် ဖမ်းဆီးခဲ့ရာ ကျေးရွာ သားများနှင့်
ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍
ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံ မြင့် က The Daily Eleven ၏
မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
''အချိန်မတော်
ဖမ်းတယ်ဆိုတာ တစ်ခါတစ်ရံ လိုအပ်ချက်အရ တရားခံ ဆိုတာကလည်း ပေါ်ပေါ်ထင်ထင်
ဘယ်သူမှ မနေဘူး။ တရားခံဖြစ်တဲ့ အခါ ကျတော့ သူ့ကိုလာဖမ်းမယ်ဆိုတာ သိတဲ့အတွက်
အဲဒီလို ညလယ်အချိန်မျိုး သူများတွေမမျှော်လင့်နိုင်သလို နေတဲ့အတွက်
ဒီအပေါ်မူတည်ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်တဲ့အခါမှာ
ပြည်သူလူထုအကျိုးကို ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့အချိန်မှာတော့
ခန့်မှန်းပြီးတော့ တာဝန်ရှိသူက ဒီအချိန်သွားဖမ်းရင်တော့ တရားခံကို
မိနိုင်မယ်။ ဒါကြောင့် ဒီလိုအချိန်ရွေး ဖမ်းတာ။ နေ့ဘက်ရယ် ညဘက်ရယ်မဟုတ်ဘူး။
ဖြစ်နိုင်တဲ့ အချိန်ကို ခန့်မှန်းပြီးတော့ ဖမ်းတာ။ လူကောင်း ကတော့ နေ့လယ်
နေ့ ခင်း ပေါ်ပေါ်ထင်ထင် နေမှာပေါ့။ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်ထားတဲ့သူ
ကတော့ ပုန်းလျိုးကွယ်လျိုးနဲ့ တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေနဲ့
မထိတွေ့အောင် မကြုံတွေ့အောင်နေ မှာပေါ့။ ဒါကြောင့် ဒီလိုဆောင်ရွက်
ရတာဖြစ်တယ်။ ဒါပေမဲ့ တတ်နိုင်သလောက် ဒါမျိုးမဆောင်ရွက်အောင် လည်း
တာဝန်ရှိသူတွေကို မှာထားပြီးဖြစ်ပါတယ်''ဟု ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ပြောကြားသည်။
ထိုသို့
ဝင်ရောက်ဖမ်းဆီးရာတွင် တာဝန်အရ ယူနီဖောင်းဖြင့် တရားဝင် တာဝန်
ထမ်းဆောင်ခြင်းဖြစ်ေ ကြာင်း ၊ အဖွဲ့အချို့၏ ၀င်ရောက်စွက်ဖက် မှုကြောင့်
မလိုလားအပ်သော ပြဿနာများ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို
ဥပဒေလုပ်ထုံးလုပ်နည်းအရ ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ေ ကြာင်း ပြော ကြား ပါ သည်။
ထို့အပြင် တရားဥပဒေစိုးမိုးရေး အတွက် ရဲတပ်ဖွဲ့ဝင်များ က ဆောင်ရွက် သကဲ့သို့
ပြည်သူများကလည်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်ကို
ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဖော်ပြထားပါကြောင်း ဗိုလ်မှူးချုပ်က
ပြောကြားသည်။
အဆိုပါ
ဝင်ရောက် ဖမ်းဆီးခဲ့သည့် အိမ်ထောင်စုငါးစုတွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှ ရပ်/ကျေး ဥက္ကဋ္ဌ ၏ နေအိမ်လည်း ပါဝင်ကြောင်း သိရသည်။
အစိုးရသတင်းစာတိုက်အတွက်
သိမ်းယူထားမြေနေရာတွင် ၀ဲကြီးကျေး ရွာမှ ရွာသားများက ၀င်ရောက် ထွန်ယက်ပြီး
ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သူ များကို ပြည်သူပိုင်ပစ္စည်း
ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် တရားစွဲဆိုထားပြီး၊
ဝင်ရောက်ဖမ်းဆီးသည့်အချိန်တွင် ခုခံတိုက်ခိုက်ခဲ့ သည့် ဒေသခံ အချို့ကို
တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
Eleven Media Group
ပြော တော့ မိုး လား ကဲ လား ဒီ မို က ရေ စီ ၊ လူ့ အ ခွင့် အ ရေး ၊ လုပ် တော့ မင်း မဲ့ စ ရိုက် ၊ ပြည် ထဲ ရေး ၀န် ကြီး ခင် ဗျား ၊ ဒီ လို တာ ၀န် ထမ်း ဆောင် တာ ကို ၀င် စွက် ဖက် နှောင့် ယှက် တဲ့ လူ ၊ အ ဖွဲ့ အ စည်း ကို ထိ ထိ ရောက် ရောက် အ ရေး ယူ သင့် ပါ တယ် ၊ ဒါ မှ ပြည် သူ့ ၀န် ထမ်း တွေ တာ ၀န် ကို ကောင်း ကောင်း မွန် မွန် ထမ်း ဆောင် နိုင် မှာ ပါ ၊ မ ဟုတ် ရင် ဒု စ ရိုက် သ မား တွေ က ပို အ တင့် ရဲ လာ နိုင် ပါ တယ် ။
ReplyDelete