Friday, September 27, 2013

ရောင်နီဦး ကုမ္ပဏီမှ မြန်မာနိုင်ငံအတွက် ပထမဆုံး International School Bus တင်သွင်း



ရောင်နီဦး ကုမ္ပဏီမှ ဂျပန်-တရုတ် ဖက်စပ်ကုမ္ပဏီ ဖြစ်သည့် ZNA & DONGFENG နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် ပထမဆုံး Internatinal School Bus ကို တင်သွင်းခဲ့ကြောင်း သိရသည်။
DONGFENG School Bus သည် U-Vane အမျိုးအစား ၁၇ ယောက်စီးကား ဖြစ်သည်။ DONGFENG School Bus ကို ရောင်းဈေး ကျပ်သိန်း ၃၅၀ သတ်မှတ်ထားပြီး ကီလိုငါးသောင်း Warranty ၂ နှစ် ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိလာသော DONGFENG School Bus နှင့် ပတ်သက်၍ ရောင်နီဦး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက “မြန်မာနိုင်ငံမှာ ကျောင်းကား စစ်စစ် မရှိတဲ့အတွက် DONGFENG School Bus ကို တင်သွင်းရောင်းချတာ ဖြစ်ပါတယ်၊ ဒီနိုင်ငံမှာရှိတဲ့ ကျောင်းတော်တော် များများမှာ Light Truck တွေ အသုံးပြုကြတဲ့အတွက် ကလေးတွေ သက်သောင့်သက်သာ မရှိတဲ့အပြင် အန္တရာယ်လည်း များပါတယ်၊ မိုးရွာနေရင်လည်း ဘေးကာတွေ ချထားရတဲ့အတွက် ကလေးတွေ ပိတ်လှောင်နေမှာ ဖြစ်ပါတယ်၊

DONGFENG School Bus ကတော့ International School Bus ပုံစံအတိုင်း ထုတ်လုပ် ထားပြီး ခေါင်မြင့်ဖြစ် တဲ့ အတွက် သက်သောင့်သက် သာ ရှိပါတယ်၊ ကောင်းမွန်တဲ့ အအေးပေးစနစ်နဲ့ ဖွင့်/ပိတ်လို့ရတဲ့ မှန် တံခါးတွေ တပ်ဆင်ထားတဲ့အတွက် လေကောင်းလေသန့်ရ မှာ ဖြစ်ပါတယ်၊ ခုံတိုင်းမှာ ခါးပတ်တွေရှိတဲ့ အတွက် လုံခြုံမှုလည်းရှိပါတယ်၊ အခုလို International School Bus တွေ သုံးစွဲမယ်ဆိုရင် တိုင်းပြည်ရဲ့ပုံရိပ်လည်း မြင့်တက် လာမှာ ဖြစ်ပါတယ်}}ဟု ပြောကြား ခဲ့သည်။

ရောင်နီဦးကုမ္ပဏီ အနေဖြင့် DONGFENG Showroom ကို နိုဝင်ဘာလကုန်တွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး လက်ရှိ အချိန်၌ School Bus အပါအ၀င် လူသုံး၊ လုပ်ငန်းသုံးယာဉ်များကို ရောင်နီဦး ကားအရောင်း စင်တာ၌ ရောင်းချပေးနေကြောင်း သိရသည်။

Automobile Journal

No comments:

Post a Comment