Friday, October 4, 2013

နိုင်င်ငံတကာသတင်းတို


• ဗြိတိန်နိုင်ငံနှင့် ၎င်း၏ ကိုလိုနီဟောင်းများ စုပေါင်းထားသော ဓနသဟာယ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်း ၄၈ နှစ်အကြာ ရပ်တည်ခဲ့ပြီးဖြစ်သော ဂမ်ဘီယာနိုင်ငံကယင်းအဖွဲ့မှာ ခေတ်သစ်ကိုလိုနီအဖွဲ့ အစည်းတစ်ခုဖြစ်သည်ဟု ပြောကြားကာ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အောက်တို ဘာ ၃ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။ နုတ်ထွက်ကြောင်း ကြေညာချက်အား နိုင်ငံပိုင်ရုပ် သံမှတစ်ဆင့် ကြေညာခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ဆိုသည်ကိုမူ ထည့်သွင်းပြော ကြားသွား ခြင်းမရှိပေ။ ။

• ယခုသီတင်းပတ် အစောပိုင်းတွင် စစ်အခြေစိုက်စခန်းတစ်ခုအတွင်း မင်းမဲ့စရိုက်ဆန်ဆန် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် အရာရှိများအား စိတ်ဆိုးဒေါသထွက်ခဲ့သည့် မာလီသမ္မတသစ် brahim Boubacar Keita က စစ်တပ်ခေါင်းဆောင်ဟောင်း အများစုဖြင့် ဖွဲ့စည်းထားသော တပ်မတော်ပြုပြင်ပြောင်းလဲရေး ကော်မတီအား ဗုဒ္ဓဟူးနေ့တွင် ဖျက်သိမ်းလိုက်ကြောင်း အောက်တိုဘာ ၃ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။ လွန်ခဲ့သောတစ်နှစ်ခန့်က ပြုလုပ်ခဲ့သော စစ်တပ်အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သော စစ် တပ်အရာရှိများက ရာထူးတိုးပေးမည်ဟု အာဏာမသိမ်းမီက ၎င်းတို့အား ပေးထားသည့် ကတိအားလက်တွေ့ အကောင်အထည်မဖော်သည့်အတွက် တနင်္လာနေ့က မြို့တော် #Bamako အနီးရှိ #Kati မြို့တောင်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။ ၎င်းတို့က သေနတ်အား မိုးပေါ်သို့ထောင်ဖောက်ခဲ့ကြသည်။ ။

• ဗင်နီဇွဲလားနိုင်ငံအစိုးရမှ ကာရကက်မြို့ရှိ အမေရိကန် သံတမန်သုံးဦးအား နှင်ထုတ်လိုက်ခြင်းအား တုံ့ ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရမှ ၀ါရှင်တန်ရှိ ဗင်နီဇွဲလားသံတမန်အကြီး အကဲအား နှင်ထုတ်လိုက်ကြောင်း အောက်တိုဘာ ၃ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။ ယခုကဲ့သို့သော ဆောင်ရွက်မှုများအား အင်္ဂါနေ့တွင် နှစ်နိုင်ငံစလုံးက ကြေညာခဲ့သည်။ အမေရိကန် အစိုးရအရာရှိများအား ထုတ်ပယ်လိုက်ပြီး နောက်တစ်နေ့တွင် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးကလည်း အမေရိကန်အစိုးရက နောက်ကွယ်တွင် အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်နေသောကြောင့် ဖြစ်သည်ဟု စွပ်စွဲပြောကြားလိုက်သည်။ ။

• ပါကစ္စတန်အနောက်မြောက်ပိုင်းရှိ စစ်ဌာနချုပ်တစ်ခုတွင် အသေခံဗုံးခွဲမှု တစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင်း လူ ၁၂ ဦး အနည်းဆုံးသေဆုံးသွားခဲ့ကြောင်း အောက်တိုဘာ ၃ ရက်က အေအက်ဖ်ပီတင်း ဌာနမှ ဖော်ပြထားသည်။ ပါကစ္စတန်တာလီဘန်အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ပြီး အသေခံဗုံးခွဲသမားက ကားကို စစ်ဌာနချုပ်ထဲသို့ အတင်းမောင်းဝင်လာပြီး ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယခု တိုက်ခိုက်မှုဖြစ်ပွားရာဒေသသည် အာဖဂနစ္စတန် နိုင်ငံနယ်စပ် အနီးနားတွင် တည်ရှိပြီး အယ်ကိုင်းဒါနှင့် ဆက်စပ်နေသော ပါကစ္စတန် တာလီများ အခြေစိုက်ရာဒေသလည်းဖြစ်သည်။ ။

Mizzima

No comments:

Post a Comment