Thursday, October 24, 2013

မိတ္ထီလာမြို့နယ် တွင် နတ်စင်ချောင်း တံတား ပျက်စီးပြိုကျ၍ ဒေသခံများ မီးရထား သံလမ်းပေါ်က ခက်ခဲစွာ သွားလာနေကြရ

ပြိုကျပျက်စီး သွားသော နတ်စင်ချောင်း တံတား အနီးရှိ (၃)ပေအကျယ် မီးရထား သံလမ်းပေါ် ခက်ခဲစွာ ဖြတ်သန်း အသုံးပြုနေရပုံ

မိတ္ထီလာ ၊ ၂၄-၁၀-၂၀၁၃

မိတ္ထီလာ မြို့နယ် ဂဠုန်ကုန်း ကျေးရွာ အတွင်းရှိ ရှင်မြို့ ၊ ခါးကော့ ၊ ရွာမ ၊ မြင်သာ ၊ သဲတောလေး စသည့် ကျေးရွာ များမှ နေ့စဉ် ဖြတ်သန်း သွားလာ အသုံးပြု နေသည့် နတ်စင်ချောင်း တံတားမှာ အောက် တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ပျက်စီး ပြိုကျပြီး ချောင်းရေ ထဲ မျောပါသွား ၍ ကျေးရွာ များ နေ ဒေသခံများ သွားလာရန် ခက်ခဲလျက် ရှိကြောင်း သိရသည်။

'' နတ်စင်ချောင်း တံတားက အောက်တိုဘာ လဆန်းပိုင်း မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ အတွက် ပထမ အကြိမ် ပြိုကျပြီး ကျေးရွာနေ ဒေသခံများက ကိုယ့်အား ကိုယ်ကိုး ပြုပြင်ပြီး သွားလာ နေတာပါ ၊ ဒေသခံတွေ အနေနဲ့ ကတော့ ကိုယ်တတ်စွမ်း သလောက် လုပ်ရတာ ဆိုတော့ သေချာ ခိုင်ခံ့တဲ့ တံတားမျိုး မလုပ်နိုင် ဘူးပေါ့။ ဒါကြောင့်လည်း အခု ချောင်းရေ တက်လာတော့ ပျက်စီး ပြိုကျ မျောပါ သွားတာပါ။ ဘာပဲ ဖြစ်ဖြစ် ကျေးရွာ ဒေသခံ တွေကတော့ မြို့ကို မသွားမဖြစ် သွားရမယ် ဆိုရင် နတ်စင်ချောင်း တံတားအနီး က ချောင်းကူး မီးသံလမ်း ပေါ်ကပဲ ဖြတ်သန်း သွားလာ နေရတယ် . . . '' ဟု ရွာခံ တစ်ဦးက ပြောပြ၍ သိရသည်။

နတ်စင်ချောင်း တံတား ပြိုကျပျက်စီး ချောင်းရေထဲ မျောပါမှုကြောင့် ကျေးရွာများနေ ဒေသခံ များသည် မီးရထား သံလမ်းတံတား ပေါ်က ကူးဖြတ်တဲ့ အခါ သံလမ်း တံတားအလယ် ဇလီဖားတုံး တွေပေါ် ပျဉ်ပြားတွေ ခင်းပြီး အဲဒီအပေါ် ကနေ စက်ဘီး ၊ ဆိုင်ကယ်များ တွန်းပြီး ဖြတ်သန်း သွားလာ ရသည်။ (ပုံ) မီးရထား ဖြတ်သန်း ခုတ်မောင်းသည့် အချိန်တွင် အန္တရာယ် ရှိနိုင်ခြင်း ကြောင့် သုံးပေခန့်သာ ကျယ်သည့် မီးရထား သံလမ်း တံတားပေါ်မှ ဖြတ်သန်း သွားလာရခြင်း တို့ကြောင့် ဒေသခံများ အတွက် များစွာ အခက်အခဲ ဖြစ်လျက် ရှိကြောင်း သိရှိရသည်။

Pyi Chit Thar

No comments:

Post a Comment