Thursday, October 24, 2013

လင်မယား စကားများရာမှ ၁ဝ လသား အရွယ် ကလေးသေဆုံး

မကွေးတိုင်း ဒေသကြီး အောင်လံမြို့နယ် အလယ်ရွာ ကျေးရွာ၌ လင်မယား ချင်း စကားများ ရာမှ ယောက်ျားဖြစ်သူက ရဲဒင်းဖြင့် ခုတ်ရာ ၁ဝ လသားအရွယ် ကလေးငယ် တစ်ဦး သေ ဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂ဝ ရက် နံနက် ၇ နာရီခွဲက မကွေးတိုင်း ဒေသကြီး အောင်လံမြို့နယ် အလယ်ရွာ ကျေးရွာနေ ဒေါ်ဌေးဌေးဝင်း ၃၈ နှစ် (ဘ)ဦးကြီးစိန်နှင့် သားဖြစ်သူ မောင်သားညီ ၁ဝ လသားတို့ နှစ်ဦးအား ခင်ပွန်းဖြစ်သူ မြင့်အေး ၃၈ နှစ် (ဘ) ဦးထွန်းကြည်က ဌေးဌေးဝင်းအား လူမှုရေး ဖောက်ပြန်သည်ဟု သံသယရှိကြောင်း ပြောဆို၍ နေအိမ်ရှိ ရဲဒင်းဖြင့် ခုတ်ခဲ့ရာ ဌေးဌေးဝင်းတွင် ယာမျက်ခုံး အထက် နှစ်လက်မ ခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဦးခေါင်း ယာချိုစောင်း လေး လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက် (စိုးရိမ်ရ)နှင့် မောင်သားညီတွင် ဦးခေါင်း ယာချိုစောင်း ကြေမွဒဏ်ရာ တစ်ချက် ရရှိပြီး နေရာ၌ပင် သေဆုံး သွားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေပန်းတောရဲစခန်း မှ (ပ)၂၆/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၂/ ၃၂၆ အရ မြင့်အေးအား အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment