Friday, October 4, 2013

ရဲတပ်ဖွဲ့ အချုပ်စခန်းများအား ခြောက်လတစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်ဟူသော အချက်များ ပါဝင်သည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း သုံးခုအား ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု

ရဲတပ်ဖွဲ့ အချုပ်စခန်းများအား အနည်းဆုံး ခြောက်လတစ်ကြိမ် စစ်ဆေးကြည့်ရှုရ မည်ဟူသည့် အချက်များ အပါအ၀င် နိုင်ငံ တော်သမ္မတ၏ သဘောထားမှတ်ချက်များ ဖြင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်း သုံးခုအား ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များဖြင့် ပြန်လည်ပေးပို့လာသည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းများအား ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထား မှတ်ချက်များနှင့် ညှိနှိုင်းပြင်ဆင် အတည်ပြုခဲ့ကြောင်း သိရသည်။
ပြင်ဆင်အတည်ပြုလိုက်သော ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် မူလက ပြည်ထောင်စု လွှတ်တော်မှ ''တရားသူကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်း ခံရသူများအား တရားသူကြီး အဖြစ် စတင်ခန့်အပ် တာဝန်ပေးသည့်အချိန်တွင် ကျမ်းကျိန်လွှာ(သို့)ကတိသစ္စာပြုရေး အတွက် စီစဉ်ဆောင်ရွက်ရမည်။ ကျမ်း ကျိန်လွှာ(သို့) ကတိသစ္စာ မပြုရသေးသော တရားသူကြီးများ အတွက်လည်း ကျမ်းကျိန် လွှာ(သို့) ကတိသစ္စာပြုရေး စီစဉ်ဆောင်ရွက် ရမည်'' ဟုအတည်ပြု ချက်အား နိုင်ငံတော် သမ္မတမှ သဘောထားမှတ်ချက်ပြန်လည် ပေးပို့ရာတွင် ယင်းအတည်ပြုချက်၌ 'ကျမ်းကျိန်လွှာ' စကားရပ်အစား 'ကျမ်းသစ္စာ'ဟု ပြင်ဆင်ရန် အကြံပြုခဲ့သည်။

ပြည်ထောင်စု လွှတ်တော်၏ မူလအတည်ပြုချက်ဖြစ်သော'ပုဒ်မ ၆၇ ပါ ပြည်ထောင်စု တစ်ဝန်းလုံးရှိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ် စခန်းများကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်' စကားရပ်အစား ရဲတပ်ဖွဲ့ အချုပ်စခန်းများကို အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်....


ထိုသို့သမ္မတ၏ အကြံပြုချက်အတိုင်း ပြင်ဆင်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောတူလက်ခံခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှလည်း ထောက် ခံဆွေးနွေး ကာ လွှတ်တော်က နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း အတည်ပြုခဲ့သည်။
ထို့အပြင် ပြည်ထောင်စု လွှတ်တော်၏ မူလအတည်ပြုချက်ဖြစ်သော'ပုဒ်မ ၆၇ ပါ ပြည်ထောင်စု တစ်ဝန်းလုံးရှိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ် စခန်းများကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်' စကားရပ်အစား ရဲတပ်ဖွဲ့ အချုပ်စခန်းများကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည် ဟုသဘောထား မှတ်ချက်နှင့် ပုဒ်မ ၆၈ ပါ မိမိတို့ စီရင်ပိုင်ခွင့် ရှိရာ ဒေသတွင်းရှိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့ အချုပ်စခန်းများကို အနည်းဆုံး ခြောက်လ လျှင်တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်ဟူ သည့် သမ္မတသဘောထား မှတ်ချက်များအား ပြည်ထောင်စု လွှတ်တော်က အတည်ပြု ခဲ့သည်။
နိုင်ငံတော်သမ္မတ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ခဲ့သည် ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပုဒ်မ ၅၂ (ဂ)အား ''၀န် ကြီးဌာန၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မကျေနပ်သူသည် ဆုံးဖြတ်ချက်ချ မှတ်သည့် နေ့မှစ၍ ရက်ပေါင်း ၄၅ ရက်အတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ အယူခံခုံရုံးသို့ အယူ ခံနိုင်သည်'' ဟု လည်းကောင်း၊ ပုဒ်မ ၆၃ အား အယူခံခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်သည့် စရိတ်နှင့် ချီးမြှင့်ငွေများကို ခံစား ခွင့်ရှိသည်'' ဟုလည်းကောင်း နိုင်ငံတော် သမ္မတသဘောထား မှတ်ချက်အတိုင်း အတည်ပြုခဲ့သည်။
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတမှ သဘောထားမှတ်ချက် ငါးချက် ပေးပို့ခဲ့သော် လည်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ညှိနှိုင်းသဘောတူချက်များ အတိုင်းသာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များဖြင့် ပြန်လည်ပေးပို့လာသည့် အဆိုပါ ဥပဒေကြမ်း သုံးခုအား ပြည်ထောင် စုလွှတ်တော်တွင် အတည်ပြုပြီးသည့် အတွက် နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးပို့ သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment