Wednesday, October 23, 2013

တောင်ငူတွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ


တောင်ငူမြို့ ၁၇ ရပ်ကွက် ၊ ကုန်သည်ကြီးလမ်းရှိ အပ္ပဒူးစလာမ်းအအေးနှင့် လက်ဖက်ရည် ဆိုင်တွင် အောက်တိုဘာ ၂၁ ရက် နေ့လည် ၁ နာရီ ၃၀အချိန်တွင် မူးယစ်ဆေးဝါးများရောင်းချရန်ရောက် ရှိနေသည့် ကျော်မိုးသည် ထံမှ စိတ်ကြွဆေးပြား ၂၀ ဖမ်းဆီးရမိကြောင်း တောင်ငူရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရသိရသည်။

တောင်ငူမြို့ ၈ ရပ်ကွက် ကမ်းနားလမ်းတွင် နေထိုင်သူ ကျော်မိုး ၄၂ နှစ် သည်ကုန်သည်ကြီးလမ်းရှိ အပ္ပဒူးလာမ်း အအေးနှင့်လက်ဖက်ရည်ဆိုင်တွင်မူးယစ်ဆေးဝါးရောင်းချရန်ရောက်ရှိနေကြောင်း သတင်းရ သဖြင့် ကျော်မိုးနှင့် ခင်မင်ရင်းနှီးသူ တောင်ငူမြို့ ၂၁ ရပ်ကွက်၊ဇေယျာခင်ဦး ၁လမ်းတွင် နေသူကို သန့်ဇင်ကို ၅၀၀၀ ကျပ်တန်၆ ရွက် သုံးသောင်းကျပ်တို့ကိုကြိုတင်မိတ္တူရေးဆွဲကာ အအေးဆိုင် ထဲတွင် ရောက်ရှိနေသောကျော်မိုးထံဆေးပြားများဝယ်ယူရန်စေလွှတ်ခဲ့ကြောင်း ၊တောင်ငူမြို့နယ်ရဲ တပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူးစောသန်းလွင်နှင့်အဖွဲ့သည် ဆိုင်အတွင်းတွင်စောင့်ဆိုင်းနေခဲ့ကြောင်း ကိုသန့်ဇင်သည် ဆိုင်အတွင်းကျော်မိုးထိုင်နေသည့်စားပွဲတွင်အတူထိုင်ကာကျော်မိုးထံမှ WY စာတန်းပါ၊ပန်းရောင်မူးရစ်စိတ်ကြွဆေးပြားအားတစ်ပြားလျင် ၃၀၀၀ ကျပ်ဖြင့် ၁၀ ပြားအား ကြိုတင်မိတ္တူဆွဲထားသည့် ၅၀၀၀ တန်၆ ရွက်ပေးပြီးဝယ်ခဲ့ပြီးနောက် ကိုသန့်ဇင်ပြန်ထွက်စဉ် ကျော်မိုးထံ ရှာဖွေရာကျန်ရှိသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွမူးရစ်ဆေးပြား ၁၀ ပြားထုတ်အားကျော်မိုးက ခါးကြားအတွင်းမှယူ၍နောကဘက် သို့လွှတ်ပစ်ခဲ့ကြောင်း၊ ကျော်မိုးမှလွှတ်ပစ်ခဲ့သော WY စာတမ်းပါပန်းရောင်မူးရစ်စိတ်ကြွဆေးပြား၁၀ပြားအထုပ်အား သူ့ဆေးပြားထုပ်မဟုတ်ကြောင်း ငြင်းဆိုခဲ့သဖြင့်၎င်းအကျီအိပ်ကပ်အတွင်းမှ ကြိုတင်မိတ္တူရေးဆွဲကာမှတ်သားထားပြီးသော ၅၀၀၀ ကျပ်တန် ၆ ရွက်နှင့် အခြား ငွေကျပ် ၁၀၄၀၀၊ Huawei ကတ်ပါဖုန်း တစ်လုံးနှင့်နံပါတ်မပါ Wave (110) ဆိုင်ကယ်တစ်စီးတို့အားသက်သေများရှေ့တွင်သိမ်းဆည်းခဲ့ရမိခဲ့ကြောင်း အဆိုပါအမှုကိုတောင်ငူမြို့ အမှတ် ၁ ရဲစခန်းမှ မယ(ပ) ၆/၂၀၁၃မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဥပေဒပုဒ်မ-၁၅/ ၁၉ (က) မူးယစ်စိတ်ကြွဆေးပြားများအား လက်ဝယ်ထားရှိ သယ်ယူပို့ဆောင်ရောင်းချခြင်း ဖြင့် ကျော်မိုးအားအရေးယူထားကြောင်းယင်းရဲစခန်းမှ ထုတ်ပြန်ကြေငြာချက်အရသိရသည်။

No comments:

Post a Comment