Wednesday, October 23, 2013

တက္ကသိုလ်များအား မြို့ပြင်တွင်ထားခြင်းကို ပြန်စဉ်းစားစေလို

Photo: တက္ကသိုလ်များအား မြို့ပြင်တွင်ထားခြင်းကို ပြန်စဉ်းစားစေလို
Wednesday, October 23, 2013

တက္ကသိုလ်များ မြို့ပြင်ပတွင်ထား ရှိခြင်းကို ပြန်လည်စဉ်းစားစေ လို ကြောင်း မြန်မာနိုင်ငံဘက်စုံလွှမ်း ခြုံနိုင်သော ပညာရေးကဏ္ဍလေ့ လာသုံးသပ်ရေးကော်မတီ အမျိုး သား အကြံပေးပုဂ္ဂိုလ် မြန်မာ နိုင်ငံ ပညာ ရေးဖောင် ဒေးရှင်းဥက္ကဋ္ဌ ဒေါက် တာမောင်သိန်းက ပြောကြား လိုက်သည်။ မြို့ပြင်တွင်ရောက်နေသော တက္ကသိုလ်များကို မြို့တွင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ချက်ချင်း အကောင်အထည် မဖော်နိုင်သေး သော်လည်း ရေရှည် အကောင် အထည် ဖော်ရမည့် ပညာရေးစ နစ်တစ်ရပ်အမှန် တကယ်တည် ဆောက်ရန် လိုအပ်နေကြောင်း ယင်းက ပြောသည်။

''ဒါတွေက ချက်ချင်းတော့ လုပ်ယူလို့မရဘူး။ တဖြည်းဖြည်း နဲ့လုပ်မှရမှာပါ။ လောလောဆယ် လုပ်ယူဖို့ခက်ခဲပါလိမ့်မယ်။ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်နဲ့ အရှေ့ ပိုင်းတက္ကသိုလ်လိုဟာမျိုးတွေ ကျတော့ မြို့နဲ့အလှမ်းဝေးသွား ပြီ။ ဒဂုံ တက္ကသိုလ် လိုမျိုး၊ ရတနာ ပုံတက္ကသိုလ်လိုမျိုးတွေကျတော့ မြို့နဲ့ဆက်နေတော့ ထားလို့ရ တယ်။ မြို့ထဲမှာဖွင့်နိုင်ဖို့ ပထမ ဆုံးမြေနေရာ အရင်ရှာရမယ်။ လှိုင်နယ်မြေလိုနေရာမျိုး အကျယ် အဝန်းလိုတယ်။ အဝေးရောက် နေတဲ့ကျောင်း တွေက တော့ မြို့ တွင်းကို ပြန်ရောက်ချင်ကြတယ်။ ပြန်ရောက်ခဲ့ရင် ကျောင်းသားတွေ ပညာရေးမှာ ပိုစိတ်ဝင်စားလာ လိမ့်မယ်။ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမယ် လို့ ထင်တယ်။ မြို့တွင်းမှာ ပြန်ဖွင့် ဖို့လုပ်ရ မယ်ဆို ရင် အနည်းဆုံးငါး နှစ်လောက်တော့ အချိန်ယူရလိမ့် မယ်''ဟု ယင်းက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။

ယင်းကဲ့သို့တက္ကသိုလ်များ မြို့ပြင်ပ၌ထားခြင်းကို ပြန်လည်စဉ်း စားပေးစေလိုကြောင်း အောက် တိုဘာ၂၁ရက်က စိန်ရတုခန်းမ ၌ကျင်းပသော ပညာရေးမြှင့် တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး တွင်လည်း ထည့် သွင်း ပြောကြား သွားခဲ့ကြောင်း သိရသည်။

''မြို့လယ်ကောင်မှာ မဆံ့ တော့လို့ မြို့ပြင်တွေမှာဖွင့်ထား တာလို့ မြင်တယ်။ အရေးကြီး တာကတော့ ကျောင်းသားတွေ သွားရေး၊ လာရေး အဆင်ပြေ အောင် လုပ်ပေးရတော့မှာ။ အ နည်းဆုံးကျောင်းကို နာရီဝက် လောက်နဲ့ ရောက်အောင် လုပ်ပေးရမယ်။ နောက်တက္က သိုလ်တွေဖွင့် ရင် ဘာထပ်ဖြည့်ရမလဲဆိုတော့ သူတို့နေဖို့အဆောင်တွေ ဖြည့် ဆည်းပေးရမယ်။ ဒါဆိုရင် သွား ရေးလာရေး ပြဿနာမရှိတော့ ဘူးလို့မြင်ပါတယ်''ဟု မိတ္ထီလာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာ မောင်တင့် က ပြောသည်။ ယင်းတို့နှင့်ပတ်သက်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ်ဦးဇော်ဌေးက ယင်း ကိစ္စများမှာ ချက်ချင်းအကောင် အထည်ဖော်၍မရကြောင်း၊ အ မှန်တကယ် လက်တွေ့ကျကျလုပ် ကိုင်နိုင်မည့် အရာများ ကို ဆက် လက်စဉ်းစားပြီး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောသည်။

ဒဂုံတက္ကသိုလ်မုခ်ဝအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
အောင်သက်ကို

The Yangon Times
တက္ကသိုလ်များ မြို့ပြင်ပတွင်ထား ရှိခြင်းကို ပြန်လည်စဉ်းစားစေ လို ကြောင်း မြန်မာနိုင်ငံဘက် စုံလွှမ်း ခြုံနိုင်သော ပညာရေးကဏ္ဍလေ့ လာသုံးသပ်ရေးကော်မတီ အမျိုး သား အကြံပေးပုဂ္ဂိုလ် မြန်မာ နိုင်ငံ ပညာ ရေးဖောင် ဒေးရှင်းဥက္ကဋ္ဌ ဒေါက် တာမောင်သိန်းက ပြောကြား လိုက်သည်။ မြို့ပြင်တွင်ရောက်နေသော တက္ကသိုလ်များကို မြို့တွင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ချက်ချင်း အကောင်အထည် မဖော်နိုင်သေး သော်လည်း ရေရှည် အကောင် အထည် ဖော်ရမည့် ပညာရေးစ နစ်တစ်ရပ်အမှန် တကယ်တည် ဆောက်ရန် လိုအပ်နေကြောင်း ယင်းက ပြောသည်။

''ဒါတွေက ချက်ချင်းတော့ လုပ်ယူလို့မရဘူး။ တဖြည်းဖြည်း နဲ့လုပ်မှရမှာပါ။ လောလောဆယ် လုပ်ယူဖို့ခက်ခဲပါလိမ့်မယ်။ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်နဲ့ အရှေ့ ပိုင်းတက္ကသိုလ်လိုဟာမျိုးတွေ ကျတော့ မြို့နဲ့အလှမ်းဝေးသွား ပြီ။ ဒဂုံ တက္ကသိုလ် လိုမျိုး၊ ရတနာ ပုံတက္ကသိုလ်လိုမျိုးတွေကျတော့ မြို့နဲ့ဆက်နေတော့ ထားလို့ရ တယ်။ မြို့ထဲမှာဖွင့်နိုင်ဖို့ ပထမ ဆုံးမြေနေရာ အရင်ရှာရမယ်။ လှိုင်နယ်မြေ လိုနေရာမျိုး အကျယ် အဝန်းလိုတယ်။ အဝေးရောက် နေတဲ့ကျောင်း တွေက တော့ မြို့ တွင်းကို ပြန်ရောက်ချင်ကြတယ်။ ပြန်ရောက်ခဲ့ရင် ကျောင်းသားတွေ ပညာရေးမှာ ပိုစိတ်ဝင်စားလာ လိမ့်မယ်။ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမယ် လို့ ထင်တယ်။ မြို့တွင်းမှာ ပြန်ဖွင့် ဖို့လုပ်ရ မယ်ဆို ရင် အနည်းဆုံးငါး နှစ်လောက်တော့ အချိန်ယူရလိမ့် မယ်''ဟု ယင်းက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။

ယင်းကဲ့သို့တက္ကသိုလ်များ မြို့ပြင်ပ၌ထားခြင်းကို ပြန်လည်စဉ်း စားပေးစေလိုကြောင်း အောက် တိုဘာ၂၁ရက်က စိန်ရတုခန်းမ ၌ကျင်းပသော ပညာရေးမြှင့် တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး တွင်လည်း ထည့် သွင်း ပြောကြား သွားခဲ့ကြောင်း သိရသည်။

''မြို့လယ်ကောင်မှာ မဆံ့ တော့လို့ မြို့ပြင်တွေမှာဖွင့်ထား တာလို့ မြင်တယ်။ အရေးကြီး တာကတော့ ကျောင်းသားတွေ သွားရေး၊ လာရေး အဆင်ပြေ အောင် လုပ်ပေးရတော့မှာ။ အ နည်းဆုံးကျောင်းကို နာရီဝက် လောက်နဲ့ ရောက်အောင် လုပ်ပေးရမယ်။ နောက်တက္က သိုလ်တွေဖွင့် ရင် ဘာထပ်ဖြည့်ရမလဲဆိုတော့ သူတို့နေဖို့အဆောင်တွေ ဖြည့် ဆည်းပေးရမယ်။ ဒါဆိုရင် သွား ရေးလာရေး ပြဿနာမရှိတော့ ဘူးလို့မြင်ပါတယ်''ဟု မိတ္ထီလာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာ မောင်တင့် က ပြောသည်။ ယင်းတို့နှင့်ပတ်သက်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ်ဦးဇော်ဌေးက ယင်း ကိစ္စများမှာ ချက်ချင်းအကောင် အထည်ဖော်၍မရကြောင်း၊ အ မှန်တကယ် လက်တွေ့ကျကျလုပ် ကိုင်နိုင်မည့် အရာများ ကို ဆက် လက်စဉ်းစားပြီး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောသည်။

ဒဂုံတက္ကသိုလ်မုခ်ဝအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
အောင်သက်ကို

The Yangon Times

No comments:

Post a Comment