Tuesday, October 1, 2013

ထိုင်းနိုင်ငံ ဂလုတ်မြို့မှ ပန်းရန်အလုပ်သမား ၁၁၀ နှင့် လုပ်ငန်းရှင်ကိုယ်စားလှယ် သဘောတူညီမှုရရှိ

ထိုင်းနိုင်ငံတောင်ပိုင်း  မလေးရှားနယ်စပ် နရသီဝပ် ခရိုင် ရှန်ခိုင်းဂလုတ်မြို့ ဘူကစ်တာ(Buketta) အရပ် AEKSUPACHOK ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမား ၁၁၀ တို့၏လုပ်အားခကို အောက်တိုဘာ  ၄ ရက်တွင် ရှင်းပေးမည်ဖြစ်ကြောင်း   အလုပ်ရှင်၏ကိုယ်စားလှယ် က နယ်မြေရဲစခန်းတွင်  သဘောတူ လက်မှတ် ထိုးလိုက် ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ သွား ရောက် အလုပ်လုပ် ကိုင် နေကြသော မြန်မာနိုင်ငံ သား များ၏ ဆက်သွယ်ပြောကြား ချက်အရသိရသည်။

ဦးဆောင်ဦးရွက်ပြုနေသည့် မရည်မွန်ကျော်က “သမီး တို့ကို ဒီနေ့ရဲစခန်းက ငါးကီလို  ဆန်သုံးအိတ် ဝယ်ပေးပါ တယ်၊ အဲဒါ လေးကိုချက်စားကြတာပါ၊  မနက်ဖြန် သမီး တို့ကို အကူအညီပေးကြမယ့်သူမရှိရင် သမီးတို့မှာ စားစရာ မရှိတော့ပါ ဘူး၊ ထိုင်းနိုင်ငံမှာ သမီးတို့က ဘတ်ငွေ တစ်သောင်း၊ နှစ်သောင်း  အကုန်အကျခံပြီး  ပတ်စ်ပို့လုပ်ထားတဲ့ အလုပ်သမားတွေပါ၊ တကယ့်တကယ်  အခက်အခဲကြုံ လာတဲ့ အခါ  သမီးတို့မှာအားကိုးစရာဆိုလို့  ဘယ်သူမှ မရှိပါဘူး၊ သမီးတို့လုပ်အားခရရင် လမ်းစရိတ် အဖြစ်သုံးပြီး တော့ မြန်မာနိုင်ငံကိုပဲပြန်မှာပါ” ဟု ပြောသည်။

အလုပ်သမားများအား စက်တင်ဘာ ၂၈ ရက်က ဒေသခံ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဆဝါဒီကန်(လူမှု ဖူလုံရေး) အလုပ် သမားအခွင့်အရေးကာကွယ်ရေးဌာနမှ ကျဟာငန်းတို့ ရဲစခန်းသို့ ရောက်ရှိ လာခဲ့ပြီး ဖြေရှင်းကြရာ အလုပ်သမားများ၏ တင်ပြချက်ကို လက်မခံဘဲ အလုပ်ရှင်မှ လစာရှင်းပေးသည် အထိ စောင့်ဆိုင်းနေကြရန် ပြောဆိုခဲ့ ကြောင်း၊ စောင့်နေရန် အတွက် လုံခြုံရေးနှင့် စားစရာများ မရှိကြောင်းကို အလုပ်သမားများက တင်ပြခဲ့ကြောင်း  သူမ က ဆက်လက်ပြောပြ သည်။

အနီးကပ်ကူညီပေးနေသူ ကိုပြေငြိမ်းက “ထိုင်းစစ်သား တွေ၊ ထိုင်းရဲတွေ၊ ထိုင်းအရာရှိတွေ အကုန်လာကြပါတယ်၊ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေမှာသာ ဘယ်သူမှ မရှိဖြစ်နေကြတာပါ။ “အားကိုးစရာလည်းမရှိ၊ လုံခြုံရေးလည်းမရှိ၊ စားစရာ လည်းမရှိ၊   ဘယ်အဖွဲ့အစည်းမှ    လာရှင်းပေးသူ မရှိ၊ ဘယ်လောက် မျက်နှာငယ်သလဲဗျာ၊စိတ်ပျက်ဖို့ကောင်းပါ တယ်”ဟုပြောသည်။

ဒေသခံအာဏာပိုင်များက ကိုပြေငြိမ်းအား မည်သည့် အဖွဲ့အစည်း၏ကိုယ်စားလှယ်နည်း၊  မည်သည့်နေရာ တွင် နေထိုင်၍ မည်သည့်အလုပ်ကိုလုပ်ကိုင်နေသူဖြစ်သနည်း အစရှိသဖြင့် ရဲများ၏ စုံစမ်းမေးမြန်းခြင်းကို ခံရကြောင်း ၎င်းကပြောပြခဲ့ပြီး ယခုဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင်အလုပ် လုပ်ကိုင်နေကြသော အလုပ်သမား ၁၁၀ တို့မှရရှိကြမည့် လစာဘတ်ငွေ  လေးသိန်းကျော်ကို လုပ်ငန်းရှင်က လစာ ငွေမရှင်းပေးသဖြင့် စက်တင်ဘာ ၇ ရက် ကတည်းက အလုပ်သမားများ အလုပ်မဆင်းဘဲနေခဲ့ကြပြီး စက်တင်ဘာ ၁၆ ရက်တွင် လုပ်ငန်းရှင်က လုပ်အားခများကို စက်တင်ဘာ ၂၆ ရက်တွင် ရှင်းပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့် ကတိပြုခဲ့ သောကြောင့် ရှင်းမပေးသဖြင့် ပန်းရန်ဆိုက်မှ မြန်မာအလုပ် သမားများ စုပေါင်း လာရောက်တောင်းဆိုခဲ့ကြသောကြောင့် ပန်းရန်အလုပ်သမား ၁၁၀ နှင့်  လုပ်ငန်းရှင် ကိုယ်စားလှယ်တို့ သဘော တူညီမှုရရှိခဲ့ခြင်းလည်းဖြစ်သည်။
(စိုးဝင်း-MLA)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment