Tuesday, October 1, 2013

ကုမ္ပဏီယာဉ်မောင်းဝန်ထမ်းတစ်ဦး အရိုက်ခံရ၍ သေဆုံး

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာ နယ်မြေရဲစခန်း၏ အနောက်မြောက်ဘက် သုံးမိုင်ခန့် အကွာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၁၀၇/၄) အနီး ၌ မြတ်အိနြေ္ဒကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦးမှာ စက်တင်ဘာ ၂၆ ရက် နံနက် ၃ နာရီခန့် က ချောင်းရိုက်ခံရ၍ ဦးခေါင်းဒဏ်ရာ ရရှိပြီး သေဆုံးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းနေ့က မြတ်အိနြေ္ဒကုမ္ပဏီဝင်း နေ ဇော်ဇော်အောင်သည် ၄ဃ/--- နောက်တွဲယာဉ်ပေါ်၌ အိပ်ပျော်နေ စဉ် ၎င်းကုမ္ပဏီမှ ယန္တရားယာဉ်မောင်း ကိုမျိုးကြီးက လာရောက်နှိုးပြီး ယာဉ်မောင်းနိုင်မိုးမှာ ဦးခေါင်းတွင် သွေးထွက်ဒဏ်ရာများဖြင့် လမ်းပေါ်၌ လဲနေသည် ကိုတွေ့၍ ကုမ္ပဏီ ဒါရိုက်တာ ဦးတင်မောင်အေးထံ အကြောင်းကြားပြီး ညောင်ပင်သာ တိုက်နယ်ဆေးရုံသို့ တင်ပို့ထား ကြောင်း ပြောပြ ခဲ့သည်။

ဇော်ဇော်အောင်က နံနက် ၃ နာရီ ခွဲတွင် ညောင်ပင်သာတိုက်နယ် ဆေးရုံသို့ လိုက်သွားပြီး နိုင်မိုးအား ကြည့်ရာ ဦးခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေ သည် ကို တွေ့ရသဖြင့် ညောင်ပင်သာရဲစခန်းတွင် တရားလို ပြုလုပ်တိုင်ကြားသဖြင့် ရန်ငြိုး ရန်စရှိသူက ချောင်းမြောင်း ရိုက် နှက်၍ သေဆုံး ရခြင်းဖြစ်နိုင် ကြောင်း သုံးသပ် ကာ ညောင်ပင် သာရဲစခန်းက (ပ) ၁၆၇/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

(ကျော်လှ-တောင်ငူ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment