Thursday, October 24, 2013

အမျိုးတစ်ဦးတည်းနေထိုင်သည့် နေအိမ်အတွင်းဝင်ရောက်၍ လူသတ်ပစ္စည်းယူဆောင်သူအား ဖမ်းဆီးရမိ

၁၁.၁၀.၂၀၁၃ရက်နေ့ ၀၉၃၀အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်နေ၊ ဒေါ်သန်းမြိုင်သည် ၎င်းတစ်ဦးတည်းနေထိုင်သည့်နေအိမ်နောက်ဖေးရေချိုးခန်းတွင် လဲကျနေသည်ကို ၎င်း၏တူဖြစ်သူ ကိုမင်းအောင်မှတွေ့ရှိ၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ရာသေဆုံးနေကြောင်း သိရသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မ ရဲစခန်းသို့ အကြောင်းကြားမှုအား သေမှုသေခင်း အမှတ်စဉ်(၄၇/ ၂၀၁၃)ဖြင့်ရေး ဖွင့်ဆောင်ရွက်ခဲ့ပါသည်။

ကိုမင်းအောင်သည် သေဆုံးသူဒေါ်သန်းမြိုင်အား သဂြိုလ်ရန်အတွက်သေဆုံးသူ၏မှတ်ပုံတင်နှင့်မွေးစာရင်း လာရောက်ယူဆောင်စဉ်ဒေါ်သန်းမြိုင်၏ နေအိမ်အိပ်ခန်းအတွင်းရှိပစ္စည်းများပြန့် ကျဲကာ နောက်ဖေး ရေ ချိုးခန်း ပြူတင်း တံခါးသံဇကာမှာလည်း ဖြတ်တောက်ခံထားရသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြ င့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ ဒေါ်သန်းမြိုင်၏ရုပ်အလောင်းအား မှုခင်းဆရာဝန်မှ စစ်ဆေးရာ အောက်နှုတ်ခမ်းပေါက်ပြဲ၊ ၀ဲတံတောင်၊လက်ခုံ၊ ဒူးပွန်းပဲ့ဒဏ်ရာများနှင့် ယာဘက်နံရိုးနံပါတ်(၂) မှ (၈)အထိကျိုးနေကြောင်း စစ်ဆေးသိရှိရပါသည်။

ဒေါ်သန်းမြိုင်သေဆုံးမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ် မှုတပ်ခွဲ၊မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၂၃.၁၀.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် မသင်္ကာ တရားခံ ဇော်ဝင်းထွန်း(ဘ)ဦးဟံတင်၊ (၆၀)ရပ်ကွက်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူအား ဖမ်းဆီး စစ်ဆေးရာ ၎င်းသည် ၁၀.၁၀.၂၀၁၃ရက်နေ့ ညပိုင်းတွင် ဒေါ်သန်းမြိုင်၏နေအိမ်အတွင်းသို့ ရေချိုး ခန်းပြူတင်း တံခါး သံဇကာအား ချိုးဖျက်ဝင်ရောက်စဉ် ဒေါ်သန်းမြိုင်မှ ဟော်ဟစ်သဖြင့် ခန္ဓာကိုယ်အား ချုပ်ကိုင်၍ ပါးစပ်အားလက်ဖြင့်ဖိထားရာမှ ဒေါ်သန်းမြိုင် သတိလစ်လဲကျ သွားစဉ် ဒေါ်သန်းမြိုင် ၀တ်ဆင်ထားသည့် စိန်တစ်လုံးစီပါနားကပ်တစ်ရံနှင့် ဆင်းကဒ်ပါလက်ကိုင်ဖုန်း (၁)လုံး တို့အား ယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုအား သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးရာမှ (ပ)၈၉၅/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၉၂ဖြင့်ပြောင်းလဲဖွင့်လှစ်၍ သက်သေခံပစ္စည်းများ သိမ်းဆည်းဆောင် ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:

Post a Comment