Wednesday, October 16, 2013

ဗုံး သတိ အမြဲရှိကြပါစေ

လက်ရှိ အနေအထားမှာ မြန်မာ နိုင်ငံ ရဲ့ နာမည်ရှိ မြို့တော်တော်များများ နဲ့ နေရာတွေ မှာ ဗုံးလန့်သံ ၊ ဗုံးထောင်သံ ၊ ဗုံးတွေ့သံတွေ ဟာ ကြွက်ကြွက်ညံအောင် မြည်လာကြပြီး ပြည်သူတွေရဲ့ လုံခြုံမှု ကို ခြိမ်းခြောက်လာတာတွေ တွေ့ရပါတယ်။ဒီဗုံးထောင်တဲ့ တရားခံကို ရှာဖွေ ဖမ်းဆီးမိခြင်းမရှိသေးတဲ့ အချိန်အထိ တော့ သူလောငါလော ဟိုအဖွဲ့အစည်းလော ဒီအဖွဲ့စည်းလော ဆိုတဲ့ သံသယတွေ နဲ့ဆက်စပ် တွေးတော စောင့်ကြည့်နေကြမယ်ဆိုတာ သေချာသလောက်ရှိပါတယ်။ဒီအပေါ်မှာ ကျွန်တော် အမြင်နဲ့ သုံးသပ်ဝေဖန်ခြင်းကို တင်ပြလိုပါတယ်။ 
ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ထဲမှာ ဖြစ်တဲ့ ကိစ္စလည်းဖြစ်သလို မြန်မာ ပြည်သား ကျွန်တော်မျိုးလည်း နှုတ်ဆိတ်မနေနိုင်တော့တဲ့ အတွက်ပါ ။အခုလက်ရှိ မြန်မာ နိုင်ငံတော် သမ္မတဟာ အာဆီယံ ဥက္ကဌ ရာထူုးကို စတင်လိုက်ခံရယူလိုက်သည် ဆိုတဲ့ သတင်းနဲ့ မရှေးမနှောင်းဆိုသလို ဗုံးသတင်းတွေ ဆက်တိုက် နီးပါး ကြားလိုက်ရတာပဲဖြစ်ပါတယ်။နောက်ထပ် ဆက်စပ် တွေးစရာတွေလည်း ရှိပြန်ပါတယ်။ ထားပါ စာရှည်မှာ ဆိုးလို့ အတိုချုပ်အနေနဲ့ ပြောပါမယ်။ ဗုံးပေါက်ကွဲမှု ဖြစ်တဲ့ နေရာ ၉ ခုထဲက တစ်ခု ဖြစ်တဲ့ အောက်တိုဘာ လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မန္တလေး ၊ကျုံးအနောက်ဘက် ၁၆ လမ်း နှင့် လမ်း ၈၀ ထောင့် မှာ ရှိတဲ့ ရွှေဘဲ စားသောက်ဆိုင်မှာ တွေ့တဲ့ဗုံး တစ်လုံးဟာ M67 ဖြစ်တယ်ဆိုတဲ့ အကြောင်း သိရတော့ ကျွန်တော် မှာ Data လေးတွေ ရှာဖွေ စုဆောင်းကြည့်မိတယ်။
ဒီ M67 ကို အမေရိကန် နိုင်ငံက ထုတ်ပြီး ဗီယက်နမ် စစ်ပွဲ ၊ ပါရှန်ဂွေ့ စစ်ပွဲ ၊ အာဖကန်နစ္စတန် စစ်ပွဲ၊ အီရတ် စစ်ပွဲတွေမှာ အသုံးပြုခဲ့ပါတယ်။ M67 လက်ပစ်ဗုံးက စတီးစက်ဝိုင်းပုံကိုယ်ထည်အပါအ၀င် ၆.၅ အောင်စ အလေးချိန်ရှိပါတယ်။ ၎င်းကို ယောက်ျားတစ်ယောက်ရဲ့အားနဲ့ 30 မှ 35 မီတာ အကွာအဝေးထိ ပစ်လွှတ်နိုင်ပြီးတော့ Fuse ဖြုတ်ပြီး ၃ စက္ကန့်အတွင်းမှာ ကွဲပါတယ်။ဒါက ဗုံးနဲ့ ပတ်သတ်တဲ့ ယေဘုယျ သုတအတွက်ပါ။
ကျွန်တော် ဆက်စပ် တွေးမိတာလေးတစ်ခု ဆက်လက်တင်ပြလိုပါသည်။အခုလို ဗုံး ပေါက်တဲ့သတင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတာဟာ |အဘကျား-ကျား| ဆိုတဲ့ ပုံပြင်နဲ့ တူနေပါတယ်။ ဟိုနားမှာ တစ်လုံး တွေ့တယ် ဒီနားမှာ တစ်လုံးတွေ့တယ် ဗုံးအတု(ဗုံးတစ်ခုကဲ့သို့ထုပ်ပိုးထားသော အထုပ်) တွေ တွေ့တယ် ဆိုတာတွေဟာ အကြီးစားဖောက်ခွဲမှုကြီးတစ်ခု အတွက် အစပျိုး နိဒါန်းတွေ ဖြစ်လာလေမလားလို့ စိုးရိမ်မိပါတယ်။ဒီနေရာမှာ တစ်ချက် ချိန်းထိုးကြည့်ရမယ်ဆိုရင် လွန်ခဲ့တဲ့ ၂ လ ၀န်းကျင်လောက်က အင်တာနက် သတင်းဆိုဒ်တွေမှာ ပျံနှံ့သွားတဲ့ အစွန်းရောက် ရိုဟင်ဂျာ မူဂျာဟစ်တွေ မြန်မာ နိုင်ငံ ကို (ဂျီဟတ်)Gihad လုပ်ဖို့ နိုင်ငံအတွင်း ပူပေါင်းစစ်ရေး ပြင်ဆင်မှုတွေ လုပ်နေတဲ့ ဆိုတဲ့သတင်းနာမည်ကြီး ခဲ့တာ မှတ်မိကြအုံးမှာပါ ။အဲ့ဒါတွေနဲ့ ဆက်နွယ်မှု ရှိဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။နောက်တစ်ချက် က ဒီလို ပုံစံမျိုး နေရာတကာ ဗုံးလန့်အောင် လုပ် နောက်ဆုံးတော့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ရှိတဲ့ နေရာ တွေ လုပ်လာ စတဲ့…အကွက်တွေ က မူဆလင် အစွန်းရောက်တွေ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့အဖြစ် အပျက်တွေနဲ့ ဆင်တူ သလို Dhaka မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ နဲ့ လည်း ဆင်တူလာတာ တွေ့ရပါ တယ်။ M67 သုံးတာတွေက ပါ တူနေပါတယ် ဒီတော့..အခု လက်ရှိ ဗုံးလန့်အောင် လုပ်နေတဲ့ ပုံစံမျိုးပါ တကယ်အကြီးအကျယ် ထပ်ခွဲဖို့ ကြိုးစားအားထုတ်နေကြပါလိမ့်မယ်။
ဒီမှာ တစ်ခု ပြောစရာ ရှိတာက လွန်ခဲ့တဲ့ တစ်လလောက် က မြန်မာနိုင်ငံ ကို ဖောက်ခွဲရေးသမား ၁၄ ဦး စိမ့်ဝင် လာခဲ့တယ်လို့ ကောလဟာလ လို အတည်လိုလိုသတင်းတွေ လည်းကြားရပြန်တယ်။ ဒါဆို ဒီCells တွေ မြို့တော်တော်များများကို ပျံ့နေလောက်ပီလို့ ယူဆရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပထမဆုံး ပေါက်ကွဲမှုက ပဲခူး ၊ရန်ကုန် ၊မန္တလေး ၊ စစ်ကိုင်း စသလို အထက်ကို တက်လာ တာကို တွေ့နိုင်ပါတယ် ပြီးတော့ တစ်နေရာက နေတစ်နေရာ သွားမယ့် ကြာချိန် နဲ့ ကိုက်ပြီး ဗုံးထောင် တယ်လို ယူဆရအောင် လုပ်ထားတာ ကို တွေ့ရမှာဖြစ်ပါတယ်။ အမှန်တော့ တစ်ယောက်တည်းလို့ ထင်အောင် ဟန်ပြလုပ်ဆောင် တာဖြစ်ပြီး သူတို့ရဲ့ အမာခံတွေက တော့ ခွဲမယ့် မြို့တွေမှာ ခွဲဖို့အမိန့်ကို စောင့်ဆိုင်းနေကြလောက်ပါပီ ။ ဒါကြောင့် ညီအစ်ကို မောင်နှမတွေ အနေနဲ့ အထူးသတိထားပါ။ သက်ဆိုင်ရာ ဌာနတွေ ရဲစခန်းတွေ၊ နယ်ထိန်းတွေက ထုတ်ပြန်ထားတဲ့ ဆက်သွယ်ရမယ့် လိပ်စာဖုန်းနံပါတ်တွေ အတိုင်း ထူးခြားမှု မသင်္ကာ စရာ အိတ်တို့ အထုပ်တို့ တွေ့ရင် ချက်ချင်းအကြောင်းကြားပါ ဒါမှ အများသူငါ အားလုံး အန္တရာယ် ကင်းနိုင် မှာ ဖြစ်ပါတယ်။
ဘယ်သူ တွေ ဘာတွေပဲ ထင်ကြေးပေးပေး ၊ အစိုးရလုပ်တာ ၊ ဘယ်သူလုပ်တာ ဘယ်ဝါ လုပ်တာပဲ ပြောပြော လတ်တလော ကြားထဲက ခံရမှာက ပြည်သူတွေပါ ဒါကြောင့် လုံခြုံရေးသတိရှိကြပါ။ အခု လောလောဆယ်တော့ ဗုံးတွေကို နေရာအနှံ့လှန့်အောင်လုပ်ပြီး နိုင်ငံ image ကို ထိခိုက်အောင် လုပ်မယ့် ဦးတည်ချက်မျိုးဖြစ်တယ်လို့ ယူဆချင်ပါတယ်။ ဒါကြောင့် အထူးသဖြင့် Sea Game မှာ ပိုလို့ သတိထားရ မယ့် ကာလ ဖြစ်သလို ၊ အစိုးရ လိုလို အတိုက်အခံလိုလို ယုန်ထင်ကြောင်ထင် ထင်မနေပဲ လုံခြုံရေးသတိ အမြဲရှိစွာနဲ့ ပူပေါင်းဆောင်ရွက်မှုရှိဖို့ လိုပါကြောင်းကိုအသိပေးရေးသား အပ်ပါသည်။
မြန်မာပြည်သား

No comments:

Post a Comment