Wednesday, October 23, 2013

ကားဖိုးငွေ သိန်းတစ်ထောင့်ကိုးရာကျော် မပေးဟုစွပ်စွဲကာ အမှုဖွင့် တိုင်တန်း

ကားဖိုးငွေ သိန်းတစ်ထောင့်ကိုးရာကျော်အား ပေးသွင်းခြင်းမရှိသဖြင့် အရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို လသာရဲစခန်းက အောက်တိုဘာ ၂၁ ရက်တွင် အမှုဖွင့်လုပ်ဆောင်လျှက်ရှိသည်။

အဆိုပါ အမှုကို ပန်းဘဲတန်းမြို့နယ် (၃)ရပ်ကွက်၊ ကုန်ဈေးတန်းလမ်းနေ ဦးထွန်းထွန်းနိုင်က အမှုဖွင့် တိုင်တန်းခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

မေလ ၂၇ ရက်က ၄င်းသည် မန္တလေးမြို့နေ ကျော်ခိုင်စိုး(ခ) နဂွင်းကျော်ကြီး (စုံစမ်းဆဲ)နှင့် ကားအရောင်း အ၀ယ်လုပ်ကိုင်ခဲ့ပြီး လသာလမ်းရှိ ယူနိုက်တက်အမရာဘဏ်မှ တစ်ဆင့်ငွေအပေးအယူပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကနဦးတွင် ကားဖိုးငွေများကို မှန်မှန်ပေးချေသော်လည်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ထိ ကားစီး ရေ စုစုပေါင်း (၄၅) စီးပို့အပ်ခဲ့ရာတွင် ကားများတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း (၁၉၈၀) ကျပ်ကို ပေးချေခြင်း မပြုတော့ကြောင်း ရဲအားဆက်လက်ပြောပြထားသည်။

ယင်းအပြင် ကားများအား ပြန်လည်ပေးအပ်ခြင်းမရှိသည့်အပြင် အကြောင်းအမျိုးမျိုးပြ တိမ်းရှောင်နေ သဖြင့် ၎င်းကိုအရေးယူပေးရန် အမှုဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို လသာရဲစခန်းက (ပ)၂၅၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံထားရသူကို ခေါ်ယူ စစ်ဆေးနိုင်ရန် လုပ်ဆောင်နေပြီး ပြစ်မှုထင်ရှားတွေ့ရှိလာပါက ပုဒ်မ ၄၂၀ ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။
 Mizzima

No comments:

Post a Comment