Wednesday, October 23, 2013

လူငယ်များအား အလုပ်ဖန်တီးပေးနိုင်ရန် စစ်တမ်းတစ်ခုကို ဒီဇင်ဘာလတွင် ကောက်ယူမည်

လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးတွင် ကူညီနိုင်ရန် စစ်တမ်းတစ်ခုအား၂၀၁၃ ခုနှစ် ဒီဇင်ဘာလ၌ စတင်ကောက်ယူရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးဥက္ကဋ္ဌ ဇွဲ ရန်နိုင်က ပြောသည်။

ထိုစစ်တမ်းအား နယ်စပ်ဒေသနှင့် ကျေးလက်ဒေသများရှိလူငယ်များကို အဓိကထားကာ ကောက်ခံသွား မည်ဖြစ်ပြီး လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု အခြေအနေ အပြင် နိုင်ငံရေးအပေါ် စိတ်ပါဝင်စားမှု စသည့် အကြောင်းအရာများကို လူငယ် များအား မေးမြန်းကာ စစ်တမ်း ကောက်ယူမည်ဖြစ်သည်။

“စစ်တမ်းကောက်ယူဖို့နဲ့ ပတ်သတ်ပြီးတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်နေပါတယ်။ အတိ အကျကတော့ ပြောလို့ မရသေးပါဘူး”ဟု ကိုဇွဲရန်နိုင်က ပြောသည်။

နယ်စပ်ဒေသများရှိ လူငယ်များအား စစ်တမ်းကောက်ယူရာတွင် ငြိမ်းချမ်းရေးရရှိပြီးသော ဒေသများ၌ အဓိကထား ကောက်ယူသွားမည်ဖြစ်ပြီး အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိ ဘွဲ့ရအလုပ်လက်မဲ့များ၊ ပညာရေး မပြီးဆုံးသေးသည့် လူငယ်များကို အဓိကထား ကောက်ယူသွားမည်ဖြစ်သည်။

စစ်တမ်းထွက်ရှိလာပါက ဘွဲ့ရအလုပ်လက်မဲ့ လူငယ်များကို ထိုက်တန်သည့် အလုပ်အကိုင် အခွင့်အ လမ်းများ ရရှိရန်နှင့် ပညာရေး ဆုံးခန်းတိုင် မသင်ကြားရသေးသူများကိုလည်း အသက်မွေးဝမ်းကြောင်း လက်မှုပညာများ သင်ကြားနိုင်ရန် ကူညီသွားမည်ဟု မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးဥက္ကဋ္ဌ ဇွဲရန်နိုင် က ပြောသည်။

စစ်တမ်းကောက်ယူမည့် အချိန်သည် တစ်နှစ်ကြာမြင့်မည်ဖြစ်ကာ အဆိုပါ စစ်တမ်းကောက်ယူသည့် စီမံကိန်း ဆောင်ရွက်ရန် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)နှင့် နိုင်ငံတော်သမ္မတရုံးတို့ထံ စာတင် ထား ကြောင်း သိရသည်။

“စီမံကိန်းတွေကို ၂၀၁၅ အထိ မပျက်မကွက် လုပ်ဆောင်သွားမှာပါ။ ၂၀၁၈ မှာ ဒီအစည်းအရုံးပာာ မြန် မာနိုင်ငံရဲ့ ရှေ့ဆောင် လူငယ်များ အစည်းအရုံးအဖြစ် လူငယ်တွေကို ဦးဆောင်သွားနိုင်ဖို့ အဓိက ရည် ရွယ်ပါတယ်”ဟု ကိုဇွဲရန်နိုင်က ဆိုသည်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းနှင့် နှစ်ကုန်ပိုင်းတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း တို့တွင် မြန်မာ နိုင်ငံ လူငယ်များအစည်းအရုံးမှ ကောက်ယူခဲ့သည့် စစ်တမ်းအရ လူငယ်အလုပ်လက်မဲ့ လူဦးရေ ၆၀ ရာ ခိုင်နှုန်း ရှိနေပြီဖြစ်ရာ အဆိုပါကိစ္စနှင့်ပတ်သတ်၍ အမျိုးသားလွှတ်တော်သို့ စာတင် ထားခဲ့ပြီး လွှတ်တော် ကော်မတီဥက္ကဋ္ဌ တစ်ဦးက လေ့လာစမ်းစစ်မှုများ ပြုလုပ်နေဆဲဖြစ်သည်ဟု အသင်း ဥက္ကဋ္ဌ ဇွဲရန်နိုင်က မဇ္ဈိမကို အောက်တိုဘာလ ၃ ရက်က ပြောခဲ့သည်။

မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးမှ စာရင်းကိုင်သင်တန်း (LCCI) ကို အောက်တိုဘာလ ၃၀ ရက်တွင် အခမဲ့ သင်ကြားပေးမည် ဖြစ်သည်။ ထိုအသင်းသည် ၂၀၁၃ ခုနှစ်တွင် စီမံချက်တစ်ခုအဖြစ် လူငယ်များ အတွက် အင်္ဂလိပ်စာသင်တန်းအပြင် အသက်မွေးဝမ်းကျောင်း သင်တန်းများအား အခမဲ့ ဖွင့်လှစ်ပေး လျက်ရှိသည်။

ထို့အပြင် ၂၀၁၄ ခုနှစ်တွင် လူငယ်ဗဟိုပြု စစ်တမ်းများ ကောက်ယူခြင်း၊ ၂၀၁၅ ခုနှစ်တွင် လူငယ်များ အား ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ မြင်တတ်စေရန် ဆောင်ရွက်ပေးသွားမည်ဟုလည်း သိရ သည်။

မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
 Mizzima

No comments:

Post a Comment