Thursday, October 10, 2013

မမှန်မကန်သတင်းပေးမှုဖြင့် ငွေဒဏ်ကျပ်တစ်ထောင်ကျခံမှုအပေါ် ဦးဥာဏ်ဝင်းမှ ခရိုင်တရားရုံးတွင် ဆက်လက်အမှုရင်ဆိုင်မည်

  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုကော်မတီ ၀င်ဦးဥာဏ်ဝင်းသည် မမှန်မကန်သတင်းပေးမှုဖြင့် ပုဗ္မသီရီမြို့နယ်တရားရုံးက ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန်အမိန့်ချမှတ်မှုအပေါ် သဘောမတူသဖြင့် ခရိုင်တရားရုံးသို့ ဆက်လက်အမှုရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၎င်းက People Power သတင်းစာသို့ပြော ကြားသည်။
“အပြစ်တွေ့ရှိတယ်ဆိုပြီး အမိန့်ချတဲ့အပေါ် အန်ကယ်တို့ သဘောမတူပါဘူး၊ တရားဥပဒေက ပြထားတဲ့ နည်းလမ်းအတိုင်း အန်ကယ်တို့ ခရိုင်တရားရုံးကို ထပ်တင်မှာပါ၊ နောက်နှစ်ပတ်ကျော်ဆို တင်ဖို့လုပ်မှာပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဗဟိုကော်မတီ ၀င်ဦးဥာဏ်ဝင်းက ဆိုသည်။

၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသည့် မဲပြားများ ဖယောင်းသုတ်ထားသည် ဆိုသော တိုင်ကြားမှု နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဗဟိုကော်မတီ ၀င် ဦးဥာဏ်ဝင်း ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုထားမှုပြုလုပ်ခဲ့ပြီး ယနေ့တွင် ပုဗ္မသီရီမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲမမှန်သတင်း ပေးမှု ပုဒ်မ ၁၈၂ ဖြင့် တရားစွဲဆိုရာ အပြစ်ရှိကြောင်းတွေ့ရှိသဖြင့် ငွေ ဒဏ် တစ်ထောင် ကျခံစေရန် ဇဗ္ဗူသီရိမြို့  နယ် တရားရုံးကအမိန့်ချမှတ်ခဲ့သည်။

People power(ညနေခင်းသတင်းစာ)

No comments:

Post a Comment