Thursday, October 10, 2013

ပုံမှန်နေရာမကစားရ၍ ဖာဂူဆန်နှင့်ဆက်ဆံရေးပြိုလဲခဲ့ဟု ရွန်နေးဝန်ခံ

ယမန်နှစ်က ရွန်နေးနှင့် ဖာဂူဆန်တို့၏ ဆက်ဆံရေးတစ်စိတ်တစ်ပိုင်းပုံစံ။
မန်ယူတွင် မိမိကစားနေကျနေရာမှ ကစားခွင့်မရရှိခဲ့၍ ဆာအဲလက်စ်ဖာဂူဆန်နှင့် ဆက်ဆံရေး ပြိုလဲခဲ့ရဟု  မန်  ယူအသင်းတိုက်စစ်မှူး ၀ိန်ရွန်နေးက ထုတ်ဖော်ပြောလိုက်သည်။ အင်္ဂလန်အသင်း တိုက်စစ်မှူး ရွန်နေးက အိုးလ် ထရက်ဖို့ဒ်တွင် တိုက်စစ်မှူးတစ်ယောက်အဖြစ် မိမိနေရာကို ဆုံးရှုံးလိုက်၍ စိတ်ပျက်မိခဲ့ရကြောင်း ဆိုသည်။

ရှေ့တန်းမှာ ပုံမှန်ကစားနေရတာမျိုး မရဘူးလို့ ကျွန်တော် ခံစားမိတယ်။ ကွင်းလယ်မှာ ကစားနေ ရတာပဲလို့ ကျွန်တော် တကယ်ခံစားမိခဲ့တာ။ တကယ်လည်း ကစားခဲ့ရတာပဲ။ ဒါပေမယ့် ကျွန်တော် မကစားချင်ခဲ့ဘူး” ဟု ရွန်နေးက ဆိုသည်။ ဖာဂူဆန်သည် မေလ ၁၂ ရက် ဆွမ်စီးအသင်းနှင့် ယင်း၏နည်းပြအဖြစ် အိမ်ကွင်းနောက် ဆုံးပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်းတွင် ရွန်နေးက ပြောင်းရွှေ့ ခွင့်တောင်းဆိုခဲ့ကြောင်း ထုတ်ပြောခဲ့သည်။
အောက်တိုဘာ ၂၃ ရက် နည်းပြဖာဂူဆန်၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ထွက်လာခဲ့ချိန်တွင် ယင်းတို့နှစ်ဦး ကြား ဆက်ဆံရေးနှင့်ပတ်သတ်ပြီး ခန့်မှန်းပြောဆိုချက်များ ထွက်ပေါ်ခဲ့သည်။ ရွန်နေးသည် ယမန်နှစ်ရာသီက  ပုံမှန်ကစားနေကျမဟုတ်သော နေရာခြောက်နေရာတွင် ရွှေ့ပြောင်းကစားခဲ့ရသည်။ ရွန်နေးအတွက် အဆိုးဝါး ဆုံးကိစ္စမှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒု-အကျော့ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့သည့်ပွဲအတွက် အ သင်းပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရပြီး လူစားထိုးအဖြစ်သာ ပါဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

Sport.com

No comments:

Post a Comment