Wednesday, October 16, 2013

သတိပေးနှိုးဆော်ချက်

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင် ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်ခြင်းများ ကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများထံမှ ရပ်ရွာ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုထိခိုက်အောင်ပြုလုပ်လာနိုင်ခြင်း တို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များပစ်ဖောက်ခြင်းကို တားမြစ်သည်။

၂။ ၂၀၁၂ ခုနှစ် (၁၃၇၄)ခုနှစ် သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင် ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ထုတ်လုပ် ရောင်းချခြင်း၊ ပစ်လွှတ်ခြင်း၊ ပစ်ဖောက်ခြင်းများပြုလုပ်သူ ၁၂၁ ဦးအား တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ပါသည်။

၃။ သို့ဖြစ်ပါ၍ ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင် ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များအား ထုတ်လုပ် ရောင်းချခြင်း၊ ပစ်လွှတ်ခြင်း၊ ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေ အရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးနှိုးဆော်အပ်ပါ သည်။

၎။ သတင်းပေးသူကို ထိုက်တန်စွာဆုချီးမြှင့်မည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment