အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို အစိုးရ
ဌာနဆိုင်ရာများ အပါအ၀င် အဆောက်အအုံများတွင် ချိတ်ဆွဲရမည့်အချက် ပါဝင်သည့်
၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး)
အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သော
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လွှတ်တော်၌ ဆွေးနွေးရာတွင် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါရှိသော
ပြင်ဆင်ချက်များကို တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုခဲ့ပြီး
''အမျိုးသား ခေါင်းဆောင်ကြီး၏ပုံကို ရုံးဌာန များနှင့်
နေအိမ် အဆောက်အအုံများတွင် အလေးအမြတ်ထား၍ ချိတ်ဆွဲဆင်ယင်ခြင်း'' အချက်ကို
ဖြည့် စွက်ခြင်းတွင် မူလက ပါရှိပြီးဖြစ်ကြောင်း၊ လိုက်နာမှု မရှိလျှင်
လိုက်နာမှု ရှိအောင် ဆောင်ရွက် ရမည်ဖြစ်ပြီး နောက်ထပ်ဥပဒေ ပုဒ်မတစ်ခု
ထပ်တိုးရန် မလို အပ်ကြောင်း ကျောက်ဖြူမြို့နယ် ကိုယ်စားလှယ် ဦးဘရှိန်က
သုံးသပ်ဆွေးနွေး ခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုပုဒ်မနှင့် ပတ်သက်၍
သီးခြားဆွေးနွေးရန် လိုကြောင်း၊ လိုအပ်လျှင် မိမိကိုယ်တိုင်
ကြားနာဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်းပုဒ်မကို
အတည်ပြုရန် ချန်လှပ်ထားခဲ့သည်။
ထို့အပြင် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည်
ဖြစ်ကြောင်းနှင့် ယခုလွှတ်တော် က ပြင် ဆင်ရန် သဘောတူညီခဲ့သည့်
ပုဒ်မများကိုလည်း အတည်မပြုခဲ့ဘဲ ဆက်လက်ဆွေးနွေး သည့် နေ့ တွင်သာ အတည်ပြုမည်
ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။
Eleven
No comments:
Post a Comment