Wednesday, October 2, 2013

မွန်ပြည်နယ်တွင် တရားမဝင်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော် ယာဉ် များစဖမ်း

Photo: မွန်ပြည်နယ်တွင် တရားမဝင်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော် ယာဉ် များစဖမ်း
Wednesday, October 2, 2013

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အခွန်ဆောင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် တရားမဝင် ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော် ယာဉ် များကို အောက်တိုဘာလမှ စတင်ကာ ရွေ့လျားစစ်ဆေးရေး အဖွဲ့ (Mobile Team) များဖြင့် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲအုပ်တင်မျိုးဇော်က ပြောကြားသည်။

အခွန်မဲ့ တင်သွင်းလာသော ကုန်ပစ္စည်းများ၊ ကျန်းမာရေး ထိခိုက်စေသည့် စားသောက်ကုန် အတုများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် ဆိုင်ကယ် များကို အဓိက ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

ထိုင်းနိုင်ငံမှ မော်လမြိုင်သို့ ကုန်ပစ္စည်းများ ဝင်ရောက်နိုင်သည့် အတ္ထရံ ကြိုးတံတားထိပ်နှင့် မော်လမြိုင်-ကျိုက်မရော အဝိုင်းထိပ်တွင် ၂၄ နာရီလုံးလုံး အဖွဲ့ပေါင်းစုံက စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းရွေ့လျားစစ်ဆေး ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ဆိုသည်။ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ တရားမဝင် သည့် ကုန်ပစ္စည်း များနှင့် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးရာတွင် လိုင်စင် မဲ့ မော်တော် ယာဉ် သုံးစီးကို ဖမ်းဆီး ရရှိထားကြောင်း ၄င်းက ရှင်းပြသည်။
အဆိုပါ တရားမဝင် ကုန်ပစ္စည်းနှင့် လိုင်စင်မဲ့မော်တော်ယာဉ် တင်သွင်း လာသူ များကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈ ဖြင့်  အရေးယူ ဆောင် ရွက် သွားမည် ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၀၁၃ခု မတ်လ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ် ၁၁၇ စီးကို ဖမ်းဆီးထားကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။

တရားမဝင် ကုန်ပစ္စည်းများ စစ်ဆေး ဖမ်းဆီးရေး ရွေ့လျားအဖွဲ့များတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ မွန်ပြည်နယ်ယာဉ် ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အကောက် အခွန်ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှု ကြည့်ကြပ်ရေးနှင့် ကျန်းမာရေးဦးစီးဌာန များပါဝင်ကြောင်း ယင်းမိုဘိုင်းလ် အဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။

အခွန်ဆောင်ခြင်းမရှိသည့် တရားမဝင် ကုန်ပစ္စည်းနှင့် မော်တော်ယာဉ် များကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအပတ်မှ စတင်ကာ စစ်ဆေး ဖမ်းဆီးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။

မော်လမြိုင်မြို့တွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော Surf နှင့် Mark 2 မော်တော်ယာဉ်များကို ကျပ်သိန်း ၅၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်ပြီး အချို့မှာ တရားမဝင် တင်သွင်းလာသော မော်တော် ယာဉ်များကို အစိတ်အပိုင်းအလိုက် ဖြုတ်ရောင်းလျက် ရှိကြောင်း မော်လမြိုင်မြို့ခံ တစ်ဦးက ဆိုသည်။

The Voice Weekly
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အခွန်ဆောင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် တရားမဝင် ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို အောက်တိုဘာလမှစတင်ကာ ရွေ့လျား စစ်ဆေးရေး အဖွဲ့ (Mobile Team) များဖြင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲအုပ် တင်မျိုးဇော် က ပြော ကြား သည်။
အခွန်မဲ့ တင်သွင်းလာသော ကုန်ပစ္စည်းများ၊ ကျန်းမာရေး ထိခိုက်စေသည့် စားသောက်ကုန် အတုများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို အဓိကဖမ်းဆီးသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

ထိုင်းနိုင်ငံမှ မော်လမြိုင်သို့ ကုန်ပစ္စည်းများ ဝင်ရောက်နိုင်သည့် အတ္ထရံ ကြိုးတံတားထိပ်နှင့် မော်လမြိုင်-ကျိုက်မရော အဝိုင်းထိပ်တွင် ၂၄ နာရီလုံးလုံး အဖွဲ့ပေါင်းစုံက စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းရွေ့လျားစစ်ဆေး ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ဆိုသည်။ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ တရားမဝင် သည့် ကုန်ပစ္စည်း များနှင့် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးရာတွင် လိုင်စင် မဲ့ မော်တော် ယာဉ် သုံးစီးကို ဖမ်းဆီး ရရှိထားကြောင်း ၄င်းက ရှင်းပြသည်။
 
အဆိုပါ တရားမဝင် ကုန်ပစ္စည်းနှင့် လိုင်စင်မဲ့မော်တော်ယာဉ် တင်သွင်းလာသူများကို သွင်းကုန်ထုတ် ကုန်  ဥပဒေပုဒ်မ ၈ ဖြင့်  အရေးယူ ဆောင် ရွက် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၀၁၃ခု မတ်လ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ် ၁၁၇ စီးကို ဖမ်းဆီးထားကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။

တရားမဝင် ကုန်ပစ္စည်းများ စစ်ဆေး ဖမ်းဆီးရေး ရွေ့လျားအဖွဲ့များတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ မွန်ပြည် နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အကောက် အခွန်ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှု ကြည့်ကြပ်ရေးနှင့် ကျန်းမာရေး ဦးစီးဌာန များပါဝင်ကြောင်း ယင်းမိုဘိုင်းလ် အဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။

အခွန်ဆောင်ခြင်းမရှိသည့် တရားမဝင် ကုန်ပစ္စည်းနှင့် မော်တော်ယာဉ် များကို ၂၀၁၃ ခုနှစ် စက်တင် ဘာလ  နောက်ဆုံးအပတ်မှ စတင်ကာ စစ်ဆေး ဖမ်းဆီးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။

မော်လမြိုင်မြို့တွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော Surf နှင့် Mark 2 မော်တော်ယာဉ်များကို ကျပ်သိန်း ၅၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်ပြီး အချို့မှာ တရားမဝင် တင်သွင်းလာသော မော်တော် ယာဉ်များကို အစိတ်အပိုင်းအလိုက် ဖြုတ်ရောင်းလျက် ရှိကြောင်း မော်လမြိုင်မြို့ခံ တစ်ဦးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment