Friday, October 25, 2013

ပညာသင်ကြားရန် အခက်အခဲရှိသူများအား ကျောင်းပြင်ပ အလယ်တန်းပညာသင်ကြားပေးရန် စီစဉ်နေ

မူလတန်းပညာသင်ကြားရန် အခက်အခဲရှိသူများကို ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေး များရန်ပုံငွေအဖွဲ့(UNESCO)တို့ ပူးပေါင်းကာ ကျောင်းပြင်ပ ပညာရေးဇုန်များ ဖွင့်လှစ်ကာ ပညာသင်ပေး လျက်ရှိပြီး အလယ်တန်းအဆင့်ကို တိုးမြှင့်သင်ကြားနိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်းပညာရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်ထွန်းက မဇ္ဈိမကို ပြောသည်။

မူလတန်းအဆင့် ကျောင်းပြင်ပ ပညာရေးအတွက် “နှစ်” နှစ်အပြတ်ဖြင့် သင်ကြားနေပြီး အလယ်တန်း အဆင့်အား သုံးနှစ်ပြတ်ဖြင့် သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်း ရေးဆွဲနေပြီဖြစ်ကြောင်း အထက်မြန်မာ ပြည် ပညာရေး ဦးစီးဌာန ဦးစီးမှူးဦးသိန်းဆောင်မှ မဇ္ဈိမကို ပြောသည်။

သို့သော် အလယ်တန်းအဆင့်ကို တိုးမြှင့်သင်ကြားရန်ရှိသော်လည်း မည်သည့်အချိန်တွင် စတင် သင် ကြားနိုင်မည်နှင့် အခြား အသေးစိတ်ကိုမူ မသိရှိရသေးပေ။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် မူလတန်းပညာသင်ကြားရန် အခက်အခဲရှိသူများအတွက် တစ်နိုင်ငံလုံး ၌ ပညာရေးဇုန်ပေါင်း ၈၀ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသူ/သား ၈၇၃၇ ဦးအား ပညာသင်ကြားပေး လျက်ရှိနေသည်။ မန္တလေးတိုင်း ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်ထွန်းက ပြောသည်။

“မူလတန်းပညာ လုံးဝ မသင်ကြားနိုင်သူတွေနဲ့ မူလတန်းကို ပြီးအောင် မနေနိုင်သူတွေကို အဓိက သင် ကြားပေးနေတယ်။ စာမတတ်သူ ပပျောက်ရေးအတွက်လည်း ပါတာပေါ့။ ကျောင်းပြင်ပ မူလတန်းပညာ ရေး ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကျောင်းတွေက ဆရာ/ ဆရာမတွေ ကိုလည်း ကျောင်းပြင်ပ ပညာရေး ဇုန်အဆင့် သီးသန့် နည်းပြသင်တန်းတွေလည်း ဖွင့်လှစ် သင်ကြားပေးနေ ပါတယ်”ဟု မန္တလေးတိုင်းပညာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်ထွန်း က ပြောသည်။

ကျောင်းပြင်ပ ပညာရေးဇုန်များကို ၂၀၀၉ ခုနှစ်မှစတင်ကာ မြို့နယ် ၁၂ မြို့နယ်တွင် ဖွင့်လှစ် သင်ကြားခဲ့ ရာ ကျောင်းသူ/သားပေါင်း ၂,၁၉၁ ဦးအား သင်ကြားပေးခဲ့သည်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် မြို့ နယ်တွင် ကျောင်းသား ၁,၀၀၀ ကျော် တိုးလာခဲ့ပြီး ၃,၅၁၃ ဦးအထိ ရှိလာခဲ့သည်။ ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်တွင် မြို့နယ် ၄၈ မြို့နယ်တွင် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ/သား ၈,၀၁၁ ဦးကို သင်ကြားပေးခဲ့ သည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင်မူ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်း မြို့နယ် ၇၃ မြို့နယ်တွင် တိုး ချဲ့ဖွင့်လှစ်ကာ ၈,၇၀၉ ဦးကို သင်ကြားပေးခဲ့ပြီး ယခု ၂၀၁၃- ၂၀၁၄ ပညာသင်နှစ်တွင်မူ မြို့နယ်ပေါင်း ၈၀ တွင် ကျောင်းသား ၈,၇၃၇ ဦးကို သင်ကြားပေးနိုင်ခဲ့ပြီဟု ဦးစိုးမြင့်ထွန်းက ရှင်းပြသည်။

“ကျွန်တော်တို့ မန္တလေးမှာက မဟာအောင်မြေမြို့နယ် ပါမယ်။ ပြည်ကြီးတံခွန်မြို့နယ် ပါမယ်။ သပိတ် ကျင်းမြို့နယ်ပါမယ်။ ကျန်တာကတော့ တခြားမြို့ရွာတွေပေါ့။ သီးခြားကျောင်းမရှိပါဘူး။ လက်ရှိကျောင်း တွေမှာပဲ ညနေပိုင်းတွေ ဖွင့်နေတာပါ”ဟု မန္တလေးတိုင်း ပညာရေးဦးစီး ဌာန ညွှန် ကြားရေးမှူး ဦးစိုးမြင့် ထွန်းက ပြောသည်။

ကျောင်းပြင်ပ ပညာရေးဇုန်တွင် သင်ကြားပေးမည့် ဆရာ/ဆရာမများအား အောက်တိုဘာလ ၂၀ရက်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ နည်းပြသင်တန်းဖွင့်လှစ်ခဲ့ပြီး မူလတန်းပြ ဆရာ/ဆရာ မ ၁၄၁ ဦး တက်ရောက်ခဲ့သည်။

ကျောင်းပြင်ပ မူလတန်းပညာရေးကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ကရင်ပြည်နယ်အတွင်းရှိ ဘားအံ မြို့နယ်၊ မြ၀တီမြို့နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာမြို့ နယ်၊ အရာတော်မြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကလေးမြို့နယ်တို့နှင့် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ် မြို့နယ်၊ လောင်းလုံမြို့နယ်၊ မြိတ်မြို့နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီ တိုင်းနှင့် နေ ပြည်တော်တို့တွင် အကောင်အထည်ဖော်နေသည်။
Mizzima

No comments:

Post a Comment