Friday, October 11, 2013

ပျိုမေတို့ ...ဆွဲဆောင်နည်း

ယောင်္ကျားတစ်ယောက်ကို ကိုယ့်အနားမှာအမြဲရှိနေဖို့ဘယ်လိုဆွဲဆောင်ထားရမလဲ......
ယောင်္ကျားတွေကိုဆွဲဆောင်ထားနိုင်ဖို့ အတွက်ခြေခံအချက်တစ်ချက်ပဲလိုအပ်ပါတယ်...။
အဲဒါသူတို့ရဲ့အတ္တကိုဖွံ့ ဖြိုးစည်ပင်လာအောင်ပြုစုပျိုးထောင်ပေးခြင်းပဲ။

ပြုစုပျိုးထောင်ပေးရမယ့်နည်းလမ်းအဖြာဖြာကတော့...............

၁။ အားကိုး တကြီးအကြည့်ကလေးတွေနဲ့ ကြည့်တတ်ရမယ်။
၂။ အရာရာကိုသိနားလည်ပေးမယ့် ဘာမှမသိနားမလည်သယောင် ဟန်ဆောင်တတ်ရမယ်။
၃။ ကိုယ်ကဦးဆောင်နိုင်တဲ့ ကိစ္စတွေမှာလဲ...သူတို့ကိုရှေ့တန်းတင်တတ်ရမယ်။
၎။ သူတို့ကိုသွားပြီး ဆ၇ာကြီးမလုပ်ပါနဲ့...အမြင်ကတ်ခံရလိမ့် မယ်။
၅။ သူ တို့ကဆ၇ာကြီးလုပ်နေတာကိုလည်း...." သိသားပဲ " စတိုင်လ်သွားမဖမ်းနဲ့။
မသိချင်ဟန်ဆောင်ပြီး
" ဟင်....ဟုတ်လား "၊ ဟယ်...ဒီလိုလား " ၊ အို....အစကလုံးဝမသိဘူးဆိုတာမျိုး
ဖော်လိုလေးတွေ
လိုက်ပေးရင်းသူတို့အတ္တကိုရေလောင်းပေးနိုင်ရမယ်။
၆။ ကိုယ်လုပ်တတ်တဲ့ကိစ္စလေးတွေကို မလုပ်တတ်ဘူးပြောပြီးမကြာခဏ ခိုင်းခိုင်းပေးပါ။
၇။ ကိုယ့်ဘာသာစဉ်းစားဆုံးဖြတ်နိုင်တဲ့ကိစ္စလေးတွေကို
သူတို့နဲ့မကြာခဏတိုင်ပင်အကြံတောင်းတတ်၇မယ်။
၈။ အရေးကြီးဆုံးနဲ့နောက်ဆုံးအချက်ကတော့ကိုယ့်ဘဝမှာသူမရှိလို့
လုံးဝမဖြစ်ဘူးဆိုတာကိုသူတို့ဦးနှောက်ထဲ

အသည်းထဲ စွဲနစ်နေအောင် တဖွဖွပြောနေဖို့ပါပဲ။
ဒီလိုနည်းလမ်းတွေနဲ့ ကိုယ့်ဘဝမှာသူမရှိလို့မဖြစ်ဘူး
သူသာလျှင်အားကိုးရာဆိုတဲ့အသိကို သူတို့ 

ရင်ဘက်ထဲ စိုက်ဝင် စွဲမြဲနေအောင် စွမ်းဆောင်နိုင်ဖို့လိုတယ်။
ဒါယောင်္ကျားဆိုတဲ့မျိုးစားတွေကို ဆွဲဆောင်ထားနိုင်မဲ့နည်းလမ်းတွေပါ။ 
 
Myawady
 
 

No comments:

Post a Comment