Thursday, October 24, 2013

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ရသော ဓာတ်ငွေ့ဖြင့် ရမ်းဗြဲသို့ လာမည့်နှစ်အတွင်း ဓာတ်အားဖြန့်ဖြူးမည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှရသော ဓာတ်ငွေ့ဖြင့် ရမ်းဗြဲမြို့နယ် သို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် လာမည့် ၂၀၁၄ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု လျှပ် စစ် စွမ်းအားဝန်ကြီးဌာနမှ ဒု-၀န်ကြီးဦးအောင်သန်းဦးက အောက်တိုဘာ ၂၃ က ပြည်သူ့လွှတ်တော်တွင် ကတိပြု ပြောဆိုလိုက်သည်။

၂၀၁၄ ခုနှစ်အတွင်း 66 KB, 11 KB ရှိသည့် ဓာတ်အားခွဲရုံကို ယင်းမြို့နယ်တွင် တည်ဆောက်၍ ရမ်းဗြဲ မြို့နယ်သို့ ဓာတ်အားပေးမည်ဖြစ်ပြီး လိုအပ်သောငွေကို ယခုဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ရန်ပုံငွေတွင် လည်း တောင်းခံထားသည်ဟု ဒု-၀န်ကြီးက ပြောသည်။

ရွှေသဘာဓာတ်ငွေ့ စီမံကိန်းမှရရှိaသာ သဘာဝဓာတ်ငွေ့ကို ဂက်စ်အင်ဂျင်စနစ်ဖြင့် ရမ်းဗြဲမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ရန်းဗြဲမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဘထီး၏ မေးမြန်းမှုအပေါ် ဒု- ၀န်ကြီးက ယင်းသို့ ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်တွင် ၁၆ မြို့နယ်မှာ ပုဂ္ဂလိကမှ လျှပ်စစ်မီးပေးခြင်းဖြစ်ပြီး တစ်ယူနစ် လျှင် ကျပ် ၅၀၀ ၀န်းကျင်ခန့် ရှိသည်။ သို့သော် ကျောက်ဖြူမြို့နယ်မှာမူ ကျောက်ဖြူ-တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသော ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာလလယ်ခန့်က တစ်ယူနစ်လျှင် ၃၅ ကျပ်ဖြင့် လျှပ်စစ်မီး ရရှိခဲ့ပြီဖြစ်သည်။

ကျောက်ဖြူမှထွက်သော ယင်းသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ် ၁၇ မြို့နယ် စလုံးကို ဈေး နှုန်းချိုသာစွာဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးမည်ဟုလည်း သမ္မတဦးသိန်းစိန်က ရခိုင်ပြည် နယ်သို့ရောက်ရှိစဉ် အောက်တိုဘာလဆန်းပိုင်းအတွင်းက စစ်တွေမြို့မိ၊ မြို့ဖများနှင့်တွေ့ ဆုံစဉ် ပြောဆို ထားသေးသည်။

သို့သော် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို ပြောဆိုသွားခြင်းမရှိဘဲ “အခုရေတွင်းတူး အခုရေ ကြည်သောက်လို့မရဘူး။ သင့်တင့်တဲ့ အချိန်ကာလလေးတစ်ခုကိုတော့ စောင့်ဆိုင်းပေးကြပါလို့ ပြော သွားပါတယ်”ဟု စစ်တွေမြို့မှ မြို့မိ မြို့ဖတစ်ဦးဖြစ်သည့် ဦးသန်းထွန်းက မဇ္ဈိမသို့ ပြောထားသေးသည်။
 Mizzima

No comments:

Post a Comment