Thursday, October 24, 2013

ဗုံးပေါက်ကွဲမှုများအပြီး စစ်ကိုင်းတိုင်းတွင် CCTV ကင်မရာများ ရောင်းအားတက်

စစ်ကိုင်းတိုင်းတွင် အောက်တိုဘာလထဲတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီး နောက်ပိုင်းတွင် လုပ်ငန်းခွင် များတွင် CCTV ကင်မရာများကို တပ်ဆင်မှု များလာသောကြောင့် CCTV ကင်မရာ ရောင်းအားတက် လျက်ရှိကြောင်း ရှေ့ဆောင် နည်းပညာကုမ္ပဏီပိုင်ရှင် ဒေါ်နိုင်နိုင်မော်က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများအပြီးတွင် လုပ်ငန်းခွင်လုံခြုံရေးအတွက် CCTVကင် မရာများ၏ အရေးပါမှုအား မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် စီးပွားရေးလုပ်ငန်းရှင်များကို အစည်းအဝေးခေါ် ကာ ပြောကြားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ရောင်းအားသွက်လာခြင်း ဖြစ်သည်။

ထိုအစည်းအဝေးကို စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံး ပထမတန်းဦးစီးအရာရှိ ဒု-ရဲမှူးကြီး ဦးသန်းဆွေက စီး ပွားရေးလုပ်ငန်းရှင် ၁၂၀ ခန့်အား အောက်တိုဘာလ ဒုတိယအပတ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ရွှေjပည့်စုံဟိုတယ်နှင့် ဆွမ်းဦးပုညရှင်ဘုရားတွင် ဗုံးပေါက်ကွဲမှုများ ဖြစ် ပွားခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုခန်းများပိုင်ရှင်များနှင့် ဘေး အန္တရာယ်ကင်းရှင်းရေး အစည်းအဝေးများ ကျင်းပခြင်း၊ လူစည်ကားသောနေရာများ၊ လူဝင်လူထွက် များ ပြားသည့် နေရာများနှင့် မြို့အ၀င်အထွက်များတွင်လည်း လုံခြုံရေးများ ချထားသည်။

အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကို CCTV ကင်မရာများမှတစ်ဆင့် မသင်္ကာ ဖွယ်ရာသူများကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆ ရသည့် မသင်္ကာသူငါးဦးအား ဖမ်းဆီးစစ်ဆေးနေပြီး တစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်။

အောက်တိုဘာလအတွင်း ဗုံးပေါက်ကွဲမှု ခုနစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ အမေရိကန်နိုင်ငံသူ အပါအ၀င် ၁၀ ဦး ဒဏ်ရာရရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းအရ သိရသည်။
Mizzima

No comments:

Post a Comment